အသားဖြူဆေးသောက်ခြင်း

အရှေ့တောင်အာရှ လူငယ်တွေကြားမှာ အသားဖြူဆေးသုံးခြင်းဟာ တော်တော်ရေပန်းစား လူကြိုက်များလာပါတယ်။ စစ်တမ်းတွေအရ ဖိလစ်ပိုင်သူတွေဟာ အရှေ့တောင်အာရှမှာ အသားဖြူဆေးအသုံးများဆုံးလူမျိုးတွေ ဖြစ်ကြတယ်။ ထိုင်းနိုင်ငံမှာလည်း ခေတ်စားတယ်။ အခုနောက်ဆုံး မြန်မာနိုင်ငံမှာလည်း သုံးစွဲသူ တော်တော်လေးကို များပြားလာပါတယ်။ အသားဖြူဆေးဆိုတာ glutathione ကိုခေါ်တာ ဖြစ်ပါတယ်။ ဆဲလ်ထဲမှာရှိတဲ့ အင်တီအောက်စီးဒင့်တမျိုးဖြစ်ပါတယ်။ အတိုကောက် gluta(သို့) GSHလို့ သုံးကြတယ်။ glutathione ဆိုတာ cysteine, glutamic acid, glycine စတဲ့ အမိုင်နိုအက်ဆစ်သုံးမျိုးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အမိုင်နိုအက်ဆစ် တခုချင်းဆီမှာ သူ့အာနိသင်နဲ့သူရှိပါတယ်။ Cysteine က ဓာတ်တိုးဆန့်ကျင်(antioxidant)တဲ့ အာနိသင်ရှိသလို အဆိပ်အက်ေတွေကို ဖယ်ရှားပေးနိုင်တယ်။ Glycine က ဆဲလ်လွှာ မပျက်ဆီးအောင် ကာကွယ်ပေးတယ်။ glutamic acid ကတော့ ဆဲလ်သစ်တွေဖွဲ့စည်းရာမှာ အရေးပါတဲ့ဓာတ်တခုပါ။ […]