မျက်နှာအရေးအကြောင်း ကင်းစင်အောင်

ဂျပန်လူမျိုးတွေဟာ အသားအရေနဲ့ ပက်သတ်ပြီး အင်မတန်နာမည်ကြီးကြတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးပဲ အများစုဟာ အရွယ်တင်ကြတယ်။ အမှန်တော့ သူတို့မှာ လျို့ဝှက်ချက်တခု ရှိနေလို့လည်းဖြစ်ပါတယ်။ အခုပြောမယ့်နည်းက ဂျပန်လူမျိုးတွေရဲ့ အသားအရေလျို့ဝှက်ချက်တွေမှာ ပါတဲ့နည်းတခုဖြစ်ပြီး ဒီနည်းကြောင့် ဂျပန်မလေးတွေဟာ အသက်ကြီးတဲ့ထိ ငယ်ရွယ်နုပျိုနေတာဖြစ်တယ်။ ဒီနည်းက အလွန်လွယ်တယ်။ အရှေ့တိုင်းသားတွေနေ့စဉ်စားသုံးတဲ့ ထမင်းရည်ကို အသုံးပြုတဲ့နည်းဖြစ်တယ်။ ဆန်(၃)ဇွန်းစာကို ယူပြီး ရေအနည်းငယ်ထည့်ကာ ထမင်းစေ့ ပျော့နေသည်ထိ(ဆန်ပြုတ်သဘော) ချက်ပါ။ ပြီးရင် ထမင်းရည်ကို(အရည်ကိုစစ်ပြီး) ခွက်တခုနဲ့ သက်သက်ခံထားပါ။ (မသွန်ပါနဲ့)။ရလာတဲ့ထမင်းခပ်ပျော့ပျော့ကို ခွက်တခုထဲထည့်ပြီး ရေအနည်းငယ်ရောထည့်ပြီး သမအောင်မွှေပါ။ပြီးရင် နွားနို့ပူပူ ထမင်းစားဇွန်း တဇွန်းနဲ့ ပျားရည်  တဇွန်း ထပ်ရောပြီး အရည်ပျစ်ပျစ်ဖြစ်အောင် လုပ်ပါ။ အဆိုပါအရောကို မျက်နှာပေါ်လိမ်းပြီး နာရီဝက်ထားပါ။ ပြီးရင် မျက်နှာကို စောစောက သိမ်းထားတဲ့ ထမင်းရည်နဲ့ ပြန်သစ်ပါ။ ဒီနေရာမှာ ပြောစရာတခုက တမင်းရည်ကို ရေခဲသေတ္တာထဲမှာ လေးရက်ထိထားလို့ရတယ်။ ထမင်းရည်ကို ပုံမှန်အားဖြင့် […]

 

တစ်ပတ်တည်းနဲ့ အရေးအကြောင်း ကင်းစင်အောင်

အသက်အရွယ်ကြီးရင့်လာတဲ့အခါ မျက်နှာနဖူးပေါ်မှာ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။ အရေးအကြောင်းအတွက် essence, serum, ampoule စသည်ဖြင့် သုံးစွဲကြတာကြားဖူးမယ်။ ပုံမှန်အားဖြင့် anti wrinkle ပါတဲ့ လိမ်းဆေးတွေ သုံးစွဲကြပါတယ်။ ကံကောင်းတာကတော့ အခုပြောမယ့်နည်းက ငွေကုန်ကြေးကျသက်သာတဲ့ နည်းတစ်ခုဖြစ်တာပါ။ ဒီနည်းသုံးရုံနဲ့ အရေးအကြောင်းတွေကို သိသိသာသာ သက်သာစေနိုင်တယ်။ ပြုလုပ်ပုံ vaseline (၄)ဇွန်း ကြက်ဥအနှစ် (၂)လုံး ပျားရည် (၂)ဇွန်း သံလွင်ဆီ (၂)ဇွန်း vaseline ကို ပန်းကန်တစ်ခုထဲထည့်ပြီး အရည်ပျော်သည်ထိ အပူပေးပါ။ ပြီးရင် ကြက်ဥအနှစ်ကို ယူပြီး အရည်ဖြစ်အောင် ခေါက်ပါ။ ကြက်ဥနှစ်နဲ့ vaseline ကို ရောစပ်ပါ။ ပျားရည်(၂)ဇွန်း နဲ့ သံလွင်ဆီ နှစ်ဇွန်းထပ်ထည့်ပြီး တသားတည်းဖြစ်အောင် လုပ်ပါ။ ကြက်ဥနှစ်နဲ့ ပျားရည်က […]