ကိုရီးယားဆန်ဆန် မျက်နှာလေးဖြစ်အောင်
ခေတ်က ကိုရီးယားကားတွေ ခေတ်စားနေတဲ့ခေတ်မို့ ကိုရီးယားမင်းသား၊မင်းသမီးတွေလို မျက်နှာရှည်ရှည် မျက်လုံးပြူးပြူးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်ချင်လာကြပါတယ်။ ဖေ့စ်ဘွတ်မှာလည်း selfie ရိုက်သူအများစုက မျက်နှာရှည်ရှည် နှာတံပေါ်ပေါ်ဆိုတာတွေကို အလေးထားဂရိုစုက်လာကြတယ်။ ဆေးပညာအရ ရုပ်ရည်၊သွင်ပြင် စတာတွေက မိဘမျိုးရိုးဆီက ပါလာပြီးသားဖြစ်တယ်။ တနည်းအားဖြင့် သတ်မှတ်ပြီးသားဆိုတဲ့သဘောမို့ ပြောင်းလဲလို့မရဘူး ထင်စရာရှိတယ်။ ဒီအဆိုဟာ လုံးဝဥဿုံမမှန်ပါ။ ရုပ်သွင်ကို အများကြီးမဟုတ်တောင် အနည်းငယ်တော့ ပြောင်းလဲလို့ရပါသေးတယ်။ မျက်နှာလေးရှည်ပြီး ဗွီ-ပုံစံ မျက်နှာလေးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ပြုလုပ်ပုံ လေ့ကျင့်ခန်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ မျက်နှာလေ့ကျင့်ခန်း ၁။အရင်ဆုံး ပါးစပ်ကို တတ်နိုင်သမျှဟပါ။ ၂။ပြီးရင် မိမိလျှာကို တတ်နိုင်သလောက် အပြင်ထုတ်ပါ။ ၃။လျှာဖျားကို နှာခေါင်းဖက် အပေါ်သို့ တတ်နိုင်သလောက် ထိပါ။ ၄။ဒီအနေအထားအတိုင်း ခေါင်းကို နောက်သို့လှန်ပါ။ တတ်နိုင်သမျှလည်ပင်းနဲ့ […]
အသားဖြူဆေးသောက်ခြင်း
အရှေ့တောင်အာရှ လူငယ်တွေကြားမှာ အသားဖြူဆေးသုံးခြင်းဟာ တော်တော်ရေပန်းစား လူကြိုက်များလာပါတယ်။ စစ်တမ်းတွေအရ ဖိလစ်ပိုင်သူတွေဟာ အရှေ့တောင်အာရှမှာ အသားဖြူဆေးအသုံးများဆုံးလူမျိုးတွေ ဖြစ်ကြတယ်။ ထိုင်းနိုင်ငံမှာလည်း ခေတ်စားတယ်။ အခုနောက်ဆုံး မြန်မာနိုင်ငံမှာလည်း သုံးစွဲသူ တော်တော်လေးကို များပြားလာပါတယ်။ အသားဖြူဆေးဆိုတာ glutathione ကိုခေါ်တာ ဖြစ်ပါတယ်။ ဆဲလ်ထဲမှာရှိတဲ့ အင်တီအောက်စီးဒင့်တမျိုးဖြစ်ပါတယ်။ အတိုကောက် gluta(သို့) GSHလို့ သုံးကြတယ်။ glutathione ဆိုတာ cysteine, glutamic acid, glycine စတဲ့ အမိုင်နိုအက်ဆစ်သုံးမျိုးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အမိုင်နိုအက်ဆစ် တခုချင်းဆီမှာ သူ့အာနိသင်နဲ့သူရှိပါတယ်။ Cysteine က ဓာတ်တိုးဆန့်ကျင်(antioxidant)တဲ့ အာနိသင်ရှိသလို အဆိပ်အက်ေတွေကို ဖယ်ရှားပေးနိုင်တယ်။ Glycine က ဆဲလ်လွှာ မပျက်ဆီးအောင် ကာကွယ်ပေးတယ်။ glutamic acid ကတော့ ဆဲလ်သစ်တွေဖွဲ့စည်းရာမှာ အရေးပါတဲ့ဓာတ်တခုပါ။ […]
တစ်ပတ်တည်းနဲ့ အရေးအကြောင်း ကင်းစင်အောင်
အသက်အရွယ်ကြီးရင့်လာတဲ့အခါ မျက်နှာနဖူးပေါ်မှာ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။ အရေးအကြောင်းအတွက် essence, serum, ampoule စသည်ဖြင့် သုံးစွဲကြတာကြားဖူးမယ်။ ပုံမှန်အားဖြင့် anti wrinkle ပါတဲ့ လိမ်းဆေးတွေ သုံးစွဲကြပါတယ်။ ကံကောင်းတာကတော့ အခုပြောမယ့်နည်းက ငွေကုန်ကြေးကျသက်သာတဲ့ နည်းတစ်ခုဖြစ်တာပါ။ ဒီနည်းသုံးရုံနဲ့ အရေးအကြောင်းတွေကို သိသိသာသာ သက်သာစေနိုင်တယ်။ ပြုလုပ်ပုံ vaseline (၄)ဇွန်း ကြက်ဥအနှစ် (၂)လုံး ပျားရည် (၂)ဇွန်း သံလွင်ဆီ (၂)ဇွန်း vaseline ကို ပန်းကန်တစ်ခုထဲထည့်ပြီး အရည်ပျော်သည်ထိ အပူပေးပါ။ ပြီးရင် ကြက်ဥအနှစ်ကို ယူပြီး အရည်ဖြစ်အောင် ခေါက်ပါ။ ကြက်ဥနှစ်နဲ့ vaseline ကို ရောစပ်ပါ။ ပျားရည်(၂)ဇွန်း နဲ့ သံလွင်ဆီ နှစ်ဇွန်းထပ်ထည့်ပြီး တသားတည်းဖြစ်အောင် လုပ်ပါ။ ကြက်ဥနှစ်နဲ့ ပျားရည်က […]
တင်းတိပ်ပျောက်ချင်လား
တင်းတိပ်ဆိုတာ မျက်နှာမှာ အမဲကွက်တွေ မညီမညာဖြစ်လာတာကို ခေါ်ပါတယ်။ တင်းတိပ်ကို melasma လို့ခေါ်ပါတယ်။ melas ဆိုတာ ဂရိစကားကလာတယ်။ အမဲရောင်ဆိုတဲ့အဓိပ္ပါယ်သက်ရောက်တယ်။ တချို့က chloasma တဲ့။ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များလို့ ကိုယ်ဝန်ဆောင် မျက်နှာဖုံးလို့တောင် တင်စားခေါ်ကြတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ရင် ကလေးမွေးပြီးတဲ့အခါ ပြန်ပျောက်နိုင်တယ်။ ဆေးပညာမှာ ပုံမှန်ထက် အရောင်ရင့်တဲ့အကွက်တွေကို hyperpigmentation လို့ သုံးပါတယ်။ တင်းတိပ်အကြောင်းမပြောခင် တင်းတိပ်အမဲကွက်ဖြစ်စေတဲ့ melanin အကြောင်းအရင်ရှင်းရပါမယ်။melaninဆိုတာ ရောင်ခြယ်ပစ္စည်းတမျိုး။ melanin ထုတ်တဲ့ဆဲလ်ကို melanocyte လို့ ခေါ်ပါတယ်။ melanocyte ဆိုတာ အရေပြားအပေါ်လွှာ(epidermis)မှာ ရှိတဲ့ဆဲလ်တွေဖြစ်ပါတယ်။ အဆိုပါဆဲလ်တွေက မယ်လနင်ပုံမှန်ထက် ပိုထုတ်တဲ့အခါ တင်းတိပ်ဆိုတာ ဖြစ်လာတယ်။ တင်းတိပ်အများစုက ဘာ့ကြောင့်ဖြစ်မှန်းမသိပါ။ နေရောင်ထိတွေ့မှုများလို့ ဖြစ်တာလို့တော့ သိထားတယ်။ အပူပိုင်းဒေသ […]
တစ်လအတွင်း မျက်တောင်ရှည်အောင်