body lotion ဘယ္လို ေရြးခ်ယ္မလဲ

[zawgyi]

body lotion အမ်ားစုကို အသားအေရႏူးညံ့စိုေျပဖို႔အတြက္ သံုးေလ့ရွိၾကပါတယ္။ သို႔ေသာ္ အသားအေရအမ်ိဳးအစားေပၚလိုက္ၿပီး သံုးသင့္တဲ့ လိုးရွင္းေတြ မတူၾကဘူး။ ေျခာက္ေသြ႕တဲ့အသားအေရပိုင္ရွင္တေယာက္ဟာ အစိုဓာတ္အေျခခံတဲ့ extra moisturizing lotion အမ်ိဳးအစားကို ေရြးခ်ယ္အသံုးျပဳသင့္တယ္။ အဆီျပန္တဲ့အသားအေရမွာေတာ့ အရည္မပ်စ္တဲ့ လိမ္းေဆးမ်ိဳးေရြးလိမ္းရမယ္။ လိမ္းေဆးထဲမွာ ဖေယာင္းဆီနဲ႔ mineral oils မပါဝင္ေစသင့္ဘူး။ oil free moisturizer ကိုသာ ေရြးခ်ယ္သံုးသင့္တယ္။ sensitive skin အတြက္ lotion ေရြးခ်ယ္မယ္ဆိုရင္ hypoallergic လို႔ ေရးထားတဲ့ေဆးေတြကိုသာ ေရြးခ်ယ္သင့္တယ္။ ဒီလိုပစၥည္းမ်ိဳးမွာ ဓာတ္မတဲ့တာျဖစ္ေစတဲ့ ဆိုးေဆး၊ ရနံ႕နဲ႔ ၾကာရွည္ခံပစၥည္းေတြ ပါဝင္ေလ့မရွိလို႔ပါ။ မေသခ်ာရင္ လိုးရွင္း ပမာဏအနည္းငယ္ယူၿပီး စမ္းသပ္ၾကည့္ပါ။ ယားယံတာ၊နီရဲလာတာ မရွိရင္ တည့္တယ္လို႔ သိႏိုင္တယ္။ အသက္ (၄၀)ေက်ာ္ေတြမွာေတာ့ anti- wrinkle, anti-aging ေရးထားတဲ့ lotion ေတြကို ေရြးခ်ယ္သံုးသင့္တယ္။
ingredient ပါဝင္ပစၥည္းေတြကို ရသေလာက္ ဖတ္သင့္တယ္။ အေရျပား ၾကမ္းတမ္းေစတဲ့ ammonia ပါဝင္တာေတြ မသံုးသင့္သလို ၾကာရွည္ခံေအာင္ သံုးစြဲရတဲ့ paraben ပစၥည္းပါတာေတြလည္း တတ္ႏိုင္သမွ် ေရွာင္သင့္တယ္။ FD&C dye ဆိုးေဆးပါတာေတြ မသံုးသင့္ဘူး။ သန္႔စင္ၾကည္လင္ေနတဲ့ လိုးရွင္းအရည္ကိုပဲ သံုးသင့္တယ္။
မဝယ္ခင္ အရင္စမ္းသပ္ၾကည့္ပါ
လိုးရွင္းမလူးခင္ လက္ခံုေပၚကို အရင္ဆံုးစမ္းသပ္သင့္တယ္။ သံုးတဲ့ေဆးဟာ လိမ္းၿပီးတာနဲ႔ စုပ္ယူမႈအားေကာင္းရမယ္။ အေရျပားမွာ က်ိခၽြဲခၽြဲ ျဖစ္မေနသင့္ဘူး။ ေနာက္တခ်က္က ေစ်းႀကီးေလ ပိုေကာင္းေလေလလို႔ ထင္တာလည္း မွားပါတယ္။ တခ်္ဳ႕ ေစ်းႀကီးေပမယ့္ ကိုယ္နဲ႔ မတဲ့ဘူး။ အလွကုန္ပစၥည္းမွန္သမွ် မိမိအသားအေရေနာက္ကိုပဲ လိုက္သင့္တယ္။ ေစ်းေရာင္းသူေျပာတဲ့ ေနာက္ မလိုက္မိေစနဲ႔။ သူမ်ားနဲ႔ တဲ့ေနေပမယ့္ ကိုယ္နဲ႔ တည့္ခ်င္မွ တည့္မယ္ဆိုတာ အၿမဲသတိျပဳပါ။ ေစ်းနႈန္းတခုဟာ ကိုယ္နဲ႔ကိုက္ညီမႈ ရွိ၊မရွိဆိုတာနဲ႔ လံုးဝသက္ဆိုင္ျခင္းမရွိပါဘူး။ အေကာင္းဆံုးလိုးရွင္း
ဆိုတာ အစိုဓာတ္ထိန္းၿပီး ေဘးထြက္မရွိတဲ့ လိုးရွင္းမ်ိဳးကိုေခၚပါတယ္။ နည္းနည္းစမ္းၾကည့္လို႔ အေရျပားအတြက္လည္း ေကာင္းမယ္၊ ရနံ့လည္း ႀကိဳက္မယ္ဆိုရင္ ဝယ္ၾကည့္လိုက္ပါ။ မိမိနဲ႔ အသင့္ေတာ္ဆံုးျဖစ္ဖို႔ မ်ားပါတယ္။
ေဒါက္တာ ေအးမင္းထူး
၁၉.၅.၁၇
[unicode]

body lotion အများစုကို အသားအရေနူးညံ့စိုပြေဖို့အတွက် သုံးလေ့ရှိကြပါတယ်။ သို့သော် အသားအရေအမျိုးအစားပေါ်လိုက်ပြီး သုံးသင့်တဲ့ လိုးရှင်းတွေ မတူကြဘူး။ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တယောက်ဟာ အစိုဓာတ်အခြေခံတဲ့ extra moisturizing lotion အမျိုးအစားကို ရွေးချယ်အသုံးပြုသင့်တယ်။ အဆီပြန်တဲ့အသားအရေမှာတော့ အရည်မပျစ်တဲ့ လိမ်းဆေးမျိုးရွေးလိမ်းရမယ်။ လိမ်းဆေးထဲမှာ ဖယောင်းဆီနဲ့ mineral oils မပါဝင်စေသင့်ဘူး။ oil free moisturizer ကိုသာ ရွေးချယ်သုံးသင့်တယ်။ sensitive skin အတွက် lotion ရွေးချယ်မယ်ဆိုရင် hypoallergic လို့ ရေးထားတဲ့ဆေးတွေကိုသာ ရွေးချယ်သင့်တယ်။ ဒီလိုပစ္စည်းမျိုးမှာ ဓာတ်မတဲ့တာဖြစ်စေတဲ့ ဆိုးဆေး၊ ရနံ့နဲ့ ကြာရှည်ခံပစ္စည်းတွေ ပါဝင်လေ့မရှိလို့ပါ။ မသေချာရင် လိုးရှင်း ပမာဏအနည်းငယ်ယူပြီး စမ်းသပ်ကြည့်ပါ။ ယားယံတာ၊နီရဲလာတာ မရှိရင် တည့်တယ်လို့ သိနိုင်တယ်။ အသက် (၄၀)ကျော်တွေမှာတော့ anti- wrinkle, anti-aging ရေးထားတဲ့ lotion တွေကို ရွေးချယ်သုံးသင့်တယ်။

ingredient ပါဝင်ပစ္စည်းတွေကို ရသလောက် ဖတ်သင့်တယ်။ အရေပြား ကြမ်းတမ်းစေတဲ့ ammonia ပါဝင်တာတွေ မသုံးသင့်သလို ကြာရှည်ခံအောင် သုံးစွဲရတဲ့ paraben ပစ္စည်းပါတာတွေလည်း တတ်နိုင်သမျှ ရှောင်သင့်တယ်။ FD&C dye ဆိုးဆေးပါတာတွေ မသုံးသင့်ဘူး။ သန့်စင်ကြည်လင်နေတဲ့ လိုးရှင်းအရည်ကိုပဲ သုံးသင့်တယ်။

မဝယ်ခင် အရင်စမ်းသပ်ကြည့်ပါ
လိုးရှင်းမလူးခင် လက်ခုံပေါ်ကို အရင်ဆုံးစမ်းသပ်သင့်တယ်။ သုံးတဲ့ဆေးဟာ လိမ်းပြီးတာနဲ့ စုပ်ယူမှုအားကောင်းရမယ်။ အရေပြားမှာ ကျိချွဲချွဲ ဖြစ်မနေသင့်ဘူး။ နောက်တချက်က စျေးကြီးလေ ပိုကောင်းလေလေလို့ ထင်တာလည်း မှားပါတယ်။ တချ်ု့ စျေးကြီးပေမယ့် ကိုယ်နဲ့ မတဲ့ဘူး။ အလှကုန်ပစ္စည်းမှန်သမျှ မိမိအသားအရေနောက်ကိုပဲ လိုက်သင့်တယ်။ စျေးရောင်းသူပြောတဲ့ နောက် မလိုက်မိစေနဲ့။ သူများနဲ့ တဲ့နေပေမယ့် ကိုယ်နဲ့ တည့်ချင်မှ တည့်မယ်ဆိုတာ အမြဲသတိပြုပါ။ စျေးနှုန်းတခုဟာ ကိုယ်နဲ့ကိုက်ညီမှု ရှိ၊မရှိဆိုတာနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး။ အကောင်းဆုံးလိုးရှင်း
ဆိုတာ အစိုဓာတ်ထိန်းပြီး ဘေးထွက်မရှိတဲ့ လိုးရှင်းမျိုးကိုခေါ်ပါတယ်။ နည်းနည်းစမ်းကြည့်လို့ အရေပြားအတွက်လည်း ကောင်းမယ်၊ ရနံ့လည်း ကြိုက်မယ်ဆိုရင် ဝယ်ကြည့်လိုက်ပါ။ မိမိနဲ့ အသင့်တော်ဆုံးဖြစ်ဖို့ များပါတယ်။

ဒေါက်တာ အေးမင်းထူး
၁၉.၅.၁၇

Facebook Comments
 

Post Author: admin