ပျိုမေတို့ရင်သား ဖွံ့ထွားစေဖို့
လေ့လာမှုစစ်တမ်းတွေအရ ရင်သားကြီးတဲ့မိန်းကလေးတွေဟာ သာမန်မိန်းကလေးတွေထက် မိမိကိုယ်ကို ယုံကြည်ချက်ပိုမြင့်မားလေ့ရှိကြသတဲ့။ ရင်သားထွားတဲ့ အမျိုးသမီးတစ်ယောက်ဟာ ပုံမှန်ထက် ဆန့်ကျင်ဖက်လိင်ကို ပိုမိုဆွဲဆောင်နိုင်တယ်လို့လည်း ဆိုကြပြန်တယ်။ ဟုတ်တာ မဟုတ်တာ အပထား၊ ရင်သားအလှတွေ တယောကိနဲ့တယောက် မတူညီကြတာတော့ အမှန်ပါ။ သေးတဲ့သူက ကြီးချင်၊ ကြီးတဲ့သူက ပိုဖွံ့ထားချင်တာ တကယ့် ပြဿနာကြီး ဖြစ်လို့လာတယ်။ နောက်ဆုံးလေ့လာမှုတွေအရ အမျိုးသမီးထုရဲ့ ၇၀ ရာခိုင်နှုန်းဟာ မိမိတို့ နဂိုရင်သားဆိုက်ကို ကျေနပ်အားရမှုမရှိဘူးဆိုတာ တွေ့ရတယ်။ အမျိုးသမီးတယောက်ဟာ အပျိုဖော်ဝင်တာနဲ့ ရင်သားတွေ စတင်ဖွံ့ဖြိုးလာပါတယ်။ ယေဘုယျအသက် ၁၀-၁၂ နှစ်ကြား သိသိသာသာပြောင်းလဲလာတယ်။ တကယ်က မျိုးဥအိမ်ကထုတ်တဲ့ အီစတိုဂျင်တန်ခိုးကြောင့် ဖြစ်တယ်။ အီစတိုဂျင်ဟော်မုန်းကြောင့် ရင်သားမှာ အဆီတစ်ရှုးနဲ့ တွယ်ဆက်တစ်ရှုးတွေ စုစည်းလာရာက ရင်သားက တဖြည်းဖြည်း ကြီးထွားလာတယ်။ ဘာ့ကြောင့် ရင်သားသေးရသလဲ […]
တစ်ပတ်အတွင်း တင်သားထွက်အောင်
တင်သားတခုရဲ့အချိုးအစားဟာ ခါးဆိုက်အပေါ်မှာ များစွာမူတည်တယ်။ အကြောင်းရာတခုကို ချဉ်းကပ်တဲ့အခါ contrast ဆန့်ကျင်ဖက် သဘောကို အရင်နားလည်ဖို့လိုပါတယ်။ အရာဝတ္တုတခု မျက်စိထဲမှာ ထင်းနေဖို့ ကျန်ဝတ္တုတခုက မှောင်ပေးရတာ သဘာဝပါ။ အဲလိုပဲ တင်သားလှချင်ကြီးဖို့ သူနဲ့ကပ်ရပ် ခါးဆိုက်အရွယ်အစား တတ်နိုင်သမျှ သေးအောင် လုပ်ရမယ်။ ဒါက သီအိုရီ။အရပ်ငါးပေ၈လက်မရှိတဲ့ မိန်းကလေးတယောက်ရဲ့ ခါးဆိုက်ဟာ ၂၈ ရှိရင် အကောင်းဆုံးဖြစ်တယ်။ ခါးဆိုက်နဲ့ တင်သား အမြဲအချိုးကျနေရမယ်။ waist-hip ratio ခါးနဲ့ တင်သားအချုးအစားက 0.7 ရှိရင် အဆိုပါ အမျိုးသမီးဟာ ဆန့်ကျင်ဖက်လိင်တွေကို ပိုဆွဲဆောင်နိုင်တယ်လို့ ဆိုတယ်။ ယေဘုယျ waist-hip ratio အချိုးအစား 0.6 ရှိရင် အကောင်းဆုံးဖြစ်ပါတယ်။ တင်သားလှဖို့ အစားအသောက်၊ အနေအထိုင်နဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ […]
အဆီပြန်တဲ့ မျက်နှာမှာ vaseline မသုံးရ
မနေ့က ဝက်ခြံလူနာလာပြတယ်..vaseline တွေ မျက်နှာမှာလိမ်းပြီး မျကိနှာတစ်ပြင်လုံး ဝက်ခြံပေါက်လာတာ ဖြစ်တယ်။ vaseline ဆိုတာ အဆီပြန်တဲ့အသားအရေမှာ အထူးဂရုစိုက်သုံးရတယ်။ ရေနံထွက်ပစ္စည်းနဲ့ ပြုလုပ်ထားလို့ ဖြစ်ပါတယ်။ အဆီပြန်တဲ့အသားအရေအတွက် vaseline မသုံးသင့်ပါ။ ဒေါက်တာ အေးမင်းထူး ၂၂.၈.၁၇  
အရပ်ထွက်အောင် လုပ်ခြင်း
အရပ်ရှည်အောင်ဘယ်လိုလုပ်ရမလဲ။ အွန်လိုင်းမှာ အမေးများတယ်။ လက်တွေ့ ဆေးခန်းလာပြသူတွေလည်း မနည်းပါ။ သေချာတွက်ကြည့်ရင် အရပ်ရှည်အောင် လုပ်နိုင်တဲ့နည်းတွေ များများစားစားမရှိဘူး။ အရပ်ရှည်ဖို့ အစားအသောက်၊အနေအထိုင်နဲ့လေ့ကျင့်ခန်းကို အဓိကထားပြီး ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ အရင်ဆုံးအနေနဲ့ အရပ်ရှည်နိုင်တဲ့ အစားအသောက်တွေကို လေ့လာကြည့်ရအောင်။  အရပ်ရှည်ဖို့ တကယ်လိုအပ်တဲ့အာဟာရဓာတ်က ပရိုတင်းဓာတ် ဖြစ်ပါတယ်။ ပရိုတင်းဆိုတာ အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားတယ်။ တနည်းအားဖြင့် ခန္ဓာကိုယ်ရဲ့ သက်ရှိအုပ်ချပ်တိုင်းက အမိုင်နိုအက်ဆစ်တွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အသားဓာတ်(အမိုင်နိုအက်ဆစ်) များများ လိုအပ်တယ်။ အသားစားခြင်းကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (၈)မျိုးအပြင် စုစုပေါင်း အမျိုး(၃၀)ကျော်လောက်ကို ရရှိစေတယ်။ ပရိုတင်းပါတဲ့ အစားအသောက်ထဲမှာ နွားနို့၊ကြက်ဥ၊ဒိန်ခဲ၊ထောပတ်၊ငါး၊အသား၊အသည်းစတာတွေက ကောင်းတယ်။ နွားနို့မှာ ခန္ဓာကိုယ်ဖွဲ့စည်းမှုအတွက် လိုအပ်တဲ့အခြေခံပရိုတင်းတွေ များစွာပါဝင်တယ်။ အရပ်ရှည်ဖို့ တရက်ကို နွားနို့ နှစ်ခွက်မှ သုံးခွက်အထိသောက်ပါ။ […]
ဗိုက်အဆီအတွက် အကောင်းဆုံးဆေး
Burn 60 ဆိုတာ အဆီပိုတွေလောင်ကျွမ်းစေတဲ့ ဗိုကိအဆီချဆေးတမျိုးဖြစ်တယ်။ ယေဘုယျအားဖြင့် ကယ်လိုရီရဲ့ ၆၀ ရာခိုင်နှုန်း လောင်ကျွမ်းစေလို့ burn 60 လို့ နာမည်ပေးထားတာဖြစ်တယ်။ လေ့ကျင့်ခန်းလုပ်ခါနီး ဒီဆေးသောက်ရင် အာနိသင်ပိုကောင်းလာစေတယ်။ Burn 60ကို အမေရိကန် ဆေးကုမ္ပဏီက ထုတ်တဲ့ အဆီချဆေးဖြစ်တယ်။ ဒီဆေးသောက်ခြင်းအားဖြင့် ဗိုက်၊ခါး အဆီပိုတွေကို ၆၀ရာခိုင်နှုန်းထိ လျှော့ကျစေတယ်။ ပါဝင်ပစ္စည်း Guarana Seed extract. – 247mg (equivilant to 36% caffeine = 90mg) Black tea leaves extract. – 136mg Grape skin and leaves extract – 105 mg Ginger […]
ကိုရီးယားဆန်ဆန် မျက်နှာလေးဖြစ်အောင်
ခေတ်က ကိုရီးယားကားတွေ ခေတ်စားနေတဲ့ခေတ်မို့ ကိုရီးယားမင်းသား၊မင်းသမီးတွေလို မျက်နှာရှည်ရှည် မျက်လုံးပြူးပြူးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်ချင်လာကြပါတယ်။ ဖေ့စ်ဘွတ်မှာလည်း selfie ရိုက်သူအများစုက မျက်နှာရှည်ရှည် နှာတံပေါ်ပေါ်ဆိုတာတွေကို အလေးထားဂရိုစုက်လာကြတယ်။ ဆေးပညာအရ ရုပ်ရည်၊သွင်ပြင် စတာတွေက မိဘမျိုးရိုးဆီက ပါလာပြီးသားဖြစ်တယ်။ တနည်းအားဖြင့် သတ်မှတ်ပြီးသားဆိုတဲ့သဘောမို့ ပြောင်းလဲလို့မရဘူး ထင်စရာရှိတယ်။ ဒီအဆိုဟာ လုံးဝဥဿုံမမှန်ပါ။ ရုပ်သွင်ကို အများကြီးမဟုတ်တောင် အနည်းငယ်တော့ ပြောင်းလဲလို့ရပါသေးတယ်။ မျက်နှာလေးရှည်ပြီး ဗွီ-ပုံစံ မျက်နှာလေးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ပြုလုပ်ပုံ လေ့ကျင့်ခန်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ မျက်နှာလေ့ကျင့်ခန်း ၁။အရင်ဆုံး ပါးစပ်ကို တတ်နိုင်သမျှဟပါ။ ၂။ပြီးရင် မိမိလျှာကို တတ်နိုင်သလောက် အပြင်ထုတ်ပါ။ ၃။လျှာဖျားကို နှာခေါင်းဖက် အပေါ်သို့ တတ်နိုင်သလောက် ထိပါ။ ၄။ဒီအနေအထားအတိုင်း ခေါင်းကို နောက်သို့လှန်ပါ။ တတ်နိုင်သမျှလည်ပင်းနဲ့ […]
အသားဖြူဆေးသောက်ခြင်း
အရှေ့တောင်အာရှ လူငယ်တွေကြားမှာ အသားဖြူဆေးသုံးခြင်းဟာ တော်တော်ရေပန်းစား လူကြိုက်များလာပါတယ်။ စစ်တမ်းတွေအရ ဖိလစ်ပိုင်သူတွေဟာ အရှေ့တောင်အာရှမှာ အသားဖြူဆေးအသုံးများဆုံးလူမျိုးတွေ ဖြစ်ကြတယ်။ ထိုင်းနိုင်ငံမှာလည်း ခေတ်စားတယ်။ အခုနောက်ဆုံး မြန်မာနိုင်ငံမှာလည်း သုံးစွဲသူ တော်တော်လေးကို များပြားလာပါတယ်။ အသားဖြူဆေးဆိုတာ glutathione ကိုခေါ်တာ ဖြစ်ပါတယ်။ ဆဲလ်ထဲမှာရှိတဲ့ အင်တီအောက်စီးဒင့်တမျိုးဖြစ်ပါတယ်။ အတိုကောက် gluta(သို့) GSHလို့ သုံးကြတယ်။ glutathione ဆိုတာ cysteine, glutamic acid, glycine စတဲ့ အမိုင်နိုအက်ဆစ်သုံးမျိုးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အမိုင်နိုအက်ဆစ် တခုချင်းဆီမှာ သူ့အာနိသင်နဲ့သူရှိပါတယ်။ Cysteine က ဓာတ်တိုးဆန့်ကျင်(antioxidant)တဲ့ အာနိသင်ရှိသလို အဆိပ်အက်ေတွေကို ဖယ်ရှားပေးနိုင်တယ်။ Glycine က ဆဲလ်လွှာ မပျက်ဆီးအောင် ကာကွယ်ပေးတယ်။ glutamic acid ကတော့ ဆဲလ်သစ်တွေဖွဲ့စည်းရာမှာ အရေးပါတဲ့ဓာတ်တခုပါ။ […]
တစ်ပတ်တည်းနဲ့ အရေးအကြောင်း ကင်းစင်အောင်
အသက်အရွယ်ကြီးရင့်လာတဲ့အခါ မျက်နှာနဖူးပေါ်မှာ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။ အရေးအကြောင်းအတွက် essence, serum, ampoule စသည်ဖြင့် သုံးစွဲကြတာကြားဖူးမယ်။ ပုံမှန်အားဖြင့် anti wrinkle ပါတဲ့ လိမ်းဆေးတွေ သုံးစွဲကြပါတယ်။ ကံကောင်းတာကတော့ အခုပြောမယ့်နည်းက ငွေကုန်ကြေးကျသက်သာတဲ့ နည်းတစ်ခုဖြစ်တာပါ။ ဒီနည်းသုံးရုံနဲ့ အရေးအကြောင်းတွေကို သိသိသာသာ သက်သာစေနိုင်တယ်။ ပြုလုပ်ပုံ vaseline (၄)ဇွန်း ကြက်ဥအနှစ် (၂)လုံး ပျားရည် (၂)ဇွန်း သံလွင်ဆီ (၂)ဇွန်း vaseline ကို ပန်းကန်တစ်ခုထဲထည့်ပြီး အရည်ပျော်သည်ထိ အပူပေးပါ။ ပြီးရင် ကြက်ဥအနှစ်ကို ယူပြီး အရည်ဖြစ်အောင် ခေါက်ပါ။ ကြက်ဥနှစ်နဲ့ vaseline ကို ရောစပ်ပါ။ ပျားရည်(၂)ဇွန်း နဲ့ သံလွင်ဆီ နှစ်ဇွန်းထပ်ထည့်ပြီး တသားတည်းဖြစ်အောင် လုပ်ပါ။ ကြက်ဥနှစ်နဲ့ ပျားရည်က […]
တင်းတိပ်ပျောက်ချင်လား
တင်းတိပ်ဆိုတာ မျက်နှာမှာ အမဲကွက်တွေ မညီမညာဖြစ်လာတာကို ခေါ်ပါတယ်။ တင်းတိပ်ကို melasma လို့ခေါ်ပါတယ်။ melas ဆိုတာ ဂရိစကားကလာတယ်။ အမဲရောင်ဆိုတဲ့အဓိပ္ပါယ်သက်ရောက်တယ်။ တချို့က chloasma တဲ့။ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များလို့ ကိုယ်ဝန်ဆောင် မျက်နှာဖုံးလို့တောင် တင်စားခေါ်ကြတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ရင် ကလေးမွေးပြီးတဲ့အခါ ပြန်ပျောက်နိုင်တယ်။ ဆေးပညာမှာ ပုံမှန်ထက် အရောင်ရင့်တဲ့အကွက်တွေကို hyperpigmentation လို့ သုံးပါတယ်။ တင်းတိပ်အကြောင်းမပြောခင် တင်းတိပ်အမဲကွက်ဖြစ်စေတဲ့ melanin အကြောင်းအရင်ရှင်းရပါမယ်။melaninဆိုတာ ရောင်ခြယ်ပစ္စည်းတမျိုး။ melanin ထုတ်တဲ့ဆဲလ်ကို melanocyte လို့ ခေါ်ပါတယ်။ melanocyte ဆိုတာ အရေပြားအပေါ်လွှာ(epidermis)မှာ ရှိတဲ့ဆဲလ်တွေဖြစ်ပါတယ်။ အဆိုပါဆဲလ်တွေက မယ်လနင်ပုံမှန်ထက် ပိုထုတ်တဲ့အခါ တင်းတိပ်ဆိုတာ ဖြစ်လာတယ်။ တင်းတိပ်အများစုက ဘာ့ကြောင့်ဖြစ်မှန်းမသိပါ။ နေရောင်ထိတွေ့မှုများလို့ ဖြစ်တာလို့တော့ သိထားတယ်။ အပူပိုင်းဒေသ […]
တစ်လအတွင်း မျက်တောင်ရှည်အောင်