တင္းတိပ္အတြက္ ေနာက္ဆံုးေပၚကုထံုး

 

[zawgyi]

တင္းတိပ္ဟာ အမ်ဳိးသမီးေတြကို ဒုကၡေပးပါတယ္။ အေမရိကန္ႏိုင္ငံမွာ လူေပါင္း ၅-၆သန္းနီးပါး ခံစားေနရတယ္။ အဲဒီထဲက ၉၀ ရာခိုင္နႈန္းဟာ အမ်ဳိးသမီးေတြျဖစ္တယ္။ မ်က္ႏွာတင္းတိပ္ဟာ မ်က္ႏွာေပၚ ပံုမွန္မဟုတ္တဲ့ အညိဳကြက္၊ အမဲကြက္ေတြေပၚေပါက္လာတာျဖစ္တယ္။ ပါး၊ႏွာေခါင္း၊ ေမးေစ့၊ နဖူး၊ အေပၚႏုတ္ခမ္းစတဲ့ေနရာေတြမွာ အျဖစ္မ်ားတယ္။ ဆရာဝန္ေတြသာမက မိတ္ကပ္ပညာ႐ွင္ေတြကို အေတာ္ဒုကၡေပးတဲ့ထဲမွာ တင္းတိပ္လည္းပါတယ္။ ကုရလည္းခက္၊ ေပ်ာက္ဖို႔လည္း အခ်ိန္ၾကာ၊ ဒီၾကားထဲ ေဆာင္စ႐ာ၊ေရွာင္စရာေတြကလည္း ရွိေသး။

တင္းတိပ္ဟာ အီစတိုဂ်င္ ေဟာ္မုန္းနဲ႔ ဆက္စပ္ေနတယ္လို႔ သိထားတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္ သို႔မဟုတ္ က္ိုယ္ဝန္တားေဆးေတြေၾကာင့္ ျဖစ္ႏိုင္တယ္။ ေနေလာင္ျခင္းက တင္းတိပ္ကို ျဖစ္ေစတယ္။ ခရမ္းလြန္ေရာင္ျခည္ေၾကာင့္သာမက အနီေအာက္ေရာင္ျခည္ေၾကာင့္ပါ ျဖစ္တတ္တယ္။ ခရမ္းလြန္ေရာင္ျခည္ကို မ်က္စိနဲ႔မျမင္ႏိုင္ေပမယ့္ အနီေအာက္ေရာင္ျခည္ကျဖစ္တဲ့ အပူကိုေတာ့ ခံစားသိရွိႏိုင္ပါတယ္။ဒါ့ေၾကာင့္ အပူခ်ိန္ျပင္းျခင္စကလည္း တင္းတိပ္ကို ပိုဆိုးေစတယ္။ ဒါ့ေၾကာင့္ broad spectrum ေနေလာင္ကာတဲ့လိမ္းေဆးေတြက ပိုမိုအသံုးဝင္လာတယ္။ေနေလာင္ကာထဲမွာ UVB သာမက UVA ကာကြယ္တဲ့ super sunscreen ေတြကို ေရြးသံုးသင့္တယ္။

ပံုမွန္အားျဖင့္ မနက္ပိုင္းမွာ vitamin C serum လိမ္းေဆးေတြ လိမ္းသင့္တယ္။ ၿပီးရင္ kojic acid နဲ႔ arbutin ပါတဲ့ skin lightener လိမ္းေဆးေတြ ဆက္သံုးပါ။HQ 2-5% ကို ၃-၁၂ လထိ သံုးႏိုင္တယ္။ေဆးသံုးၿပီး မ်က္ႏွာရဲတာ ပူစပ္ပူေလာင္ေနတာရွိႏိုင္တယ္။သတိျပဳရမွာက 4% ကို ၾကာရွည္သံူးရင္ မ်ကိႏွာအေရာင္မဲသြားတာ( onchronosis) ရွိႏိုင္တယ္။ hydroquinone မွာ ေဘာ့ဖ်က္လို အေရာင္ခၽြတ္တဲ့ အာနိသင္ရွိတယ္။ အဲဒီေဆးက ေဘးထြက္ဆိုးက်ဳိးလည္း ရွိလို႔ နားမလည္ဘဲ ရမ္းမသံုးသင့္ပါ။ အခုေျပာမွာက တင္းတိပ္ကို ေဘးထြက္ဆ္ုးက်ဳိး နည္းနည္းနဲ႔ ကုသႏိုင္တဲ့ နည္းေတြပါ။

ပထမတခုက azelaic acid ျဖစ္ပါတယ္။ azelaic acid 20% လိမ္းေဆးက hydroquinone 4% နဲ႔ အာနိသင္တူတယ္။ ေလ့လာမႈတခုကေတာ့ 2% hydroquinone ထက္ အာနိသင္ပိုေကာင္းၿပီး ေဘးထြက္ဆိုးက်ဳိးပိုနည္းပါသတဲ့။ azelaic acid 20% ကို glycolic acid 15% နဲ႔ ေပါင္းလိမ္းျခင္းဟာ တငိးတိပ္ေပ်ာက္တာ ပိုျမန္ပါေစတယ္။ တခ်ဳိ႕က tretinoin 0.05% နဲ႔လည္း ေရာလိမ္းတယ္။ ေဆးခန္းမွာ လက္ေတြ႕စမ္းသံုးၾကည့္တဲ့အခါ ေပ်ာက္ကင္းႏိုင္ေခ် ပံုမွန္ထက္ ၃၀ ရာခိုင္နႈန္းထိ ျမင့္တက္လာတယ္။ sensitive skin မွာ အလြန္အသံုးဝင္တယ္။

ေနာက္တခုက kojic acid ျဖစ္တယ္။ ဂ်ပန္ဆန္အရက္မွာ ပါတဲ့ kojic acid ဟာ အသားျဖဴတဲ့ အာနိသင္ရွိတာ သိခဲ့ၿပီးျဖစ္ပါတယ္။ အခုက တင္းတိပ္အတြက္။ တင္းတိပ္မွာ kojic acid 1-4% ထိ သံုးႏိုင္တယ္။ kojic acid 2% နဲ႔ hydroquinone 2% လိမ္းေဆးဟာ glycolic acid 10% နဲ႔ hydroquinone 2% ႏွစ္မ်ဳိးစပ္လိမ္းေဆးထက္ အာနိသင္ပိုေကာင္းတာ ေတြ႕ရတယ္။ ၅၂ % ထိ သက္သာေစတယ္။ sensitive skin မွာ တျခားေဆးေတြ မခံႏိုင္ရင္ kojic acid ပါတဲ့ လိမ္းေဆးကို ထည့္သံုးရတယ္။

စတီးရြိဳက္ေတြကို တငိးတိပ္မွာသံုးတယ္။ prostaglandin နဲ႔ leucotriene ေတြက melanogenesis ကို ျဖစ္ေစႏိုင္တယ္။ စတီးရြဳိက္က ဒီလိုဖြဲ႕စည္းမႈကို တားဆီးလိုက္တယ္။ စတီးရြိဳက္ေရြးတဲ့အခါ potent or superpotent အမ်ဳိးအစားကို ေရြးခ်ယ္သင့္တယ္။ သို႔ေသာ္ ဒီေဆး တမ်ဳိးတည္းလိမ္းျခင္းက အာနိသင္ထူးျခားမႈက သိပ္မရွိတာ ေတြ႕ရတယ္။

ေနာက္တခုက ဝက္ျခံမွာသံုးတဲ့ tretinoinေဆးေတြျဖစ္ပါတယ္။ tretinoin လိမ္းေဆး ကို UVB ေၾကာင့္ျဖစ္တဲ့ တင္းတိပ္၊အမဲစက္မွာ သဲုးႏိုင္တယ္။ ေန႔စဥ္သံုးရင္ေတာင္ ၆ လေနမွ ထူးျခားမႈကို ေတြ႕ႏိုင္တယ္။ ေဘးထြက္ဆိုးက်ဳိး မ်ကိႏွာရဲတာ ပူစပ္ပူေလာင္ ျဖစ္တတ္တယ္။ adapalene က tretinoin လို အာနိသင္ရွိၿပီး ေကာင္းတားတာက ေဘးထြက္ဆိုးက်ဳိး ပိုနည္းတာျဖစ္တယ္။

chemical peel မွာ သံုးေလ့ရွိတဲ့ glycolic acid ကိုသံုးတာပါ။ peel လုပ္တဲ့အခါ ျပင္းအား 50-70% ထိ သံူးႏိုင္တယ္။ တင္းတိပ္မွာေတာ့ glycolic acid ျပင္းအား 5-10% ေလာက္သာ သံုးရမယ္။ ေကာင္းတာက အေပၚယံအေရျပားကို ကြာေစၿပီး တင္းတိပ္ကြက္ကို ေလွ်ာ့ပါးသက္သာေစတယ္။skin lightening အာနိသင္ရွိတယ္။ သတိျပဳရမွာက 10%glycolic acid သံုးရင္ moisturizer တမ်ဳိးမ်ဳိး ထပ္လိမ္းေပးသင့္တယ္။

mequinol ဆိုတာ hydroquinone ကေန ဆင့္ကဲေျပာင္းလဲလာတဲ့ေဆးျဖစ္တယ္။ တင္းတိပ္မွာ mequinol 2% ျပင္းအားကိုသာ အသံုးျပဳရတယ္။ ေဆးက ရွာရခက္တယ္။ ႏိုင္ငံျခားက တိုက္႐ိုက္လွမ္းမွာရတယ္။ ေစ်းလည္း မေသးပါ။ tretinoin 0.01% နဲ႔ ေရာသံုးရင္ ငါးေယာက္မွာ ေလးေယာက္ဟာ သံုးလအၾကာမွာ သက္သာလာတာ ေတြ႕ရတယ္။

arbutin
bearberry အပင္က ရတဲ့ arbutin ဓာတ္ဟာ အမဲစက္အတြက္ အလြန္ေကာင္းပါတယ္။ hydroquinone နဲ႔ အာနိသင္တူတယ္။ deoxyarbutin ဆိုတာ ေနာကိဆံုးေပၚနည္းပညာနဲ႔ ထုတ္ထားတဲ့ arbutin ဓာတ္တမ်ဳ္းျဖစ္တယ္။ သဘာဝအသားျဖဴေဆးတမ်ဳ္းျဖစ္ၿပီး တင္းတိပ္၊မွဲ႕ေျခာက္ကုသရာမွာ အသံုးဝင္တယ္။ လိမ္းေဆးေတြထဲမွာ arbutin ကို ထည့္ေလ့ရွိပါတယ္။

N-acetyl-4-S-cystaeminylphenol (NCAP)
phenolic ေခၚတဲ့ ဓာတ္ေပါင္းတခုျဖစ္ပါတယ္။ ေဘးထြက္ဆိုးက်ဳိးက hydroquinone ေလာက္ မဆိုးပဲ သက္သာေစတယ္။ တင္းတိပ္လူနာ(၁၂)ေယာက္ကို ေလ့လာၾကည့္ရာမွာ NCAP 4% လိမ္းျခင္းျဖင့္ (၆၆ )ရာခိုင္နႈန္းက သက္သာလာၿပီး NCAP 8% ေပးတဲ့အခါ ရာနႈန္းျပည့္ေပ်ာက္ကင္းတာ ေတြ႕ရတယ္။ ေန႔စဥ္လိမ္းေပးရင္ ႏွစ္ပတ္ေက်ာ္တာနဲ႔ စတင္ သိသာလာတယ္။

tranexamic acid
tranexamic acid ဆိုတာ ေသြးတိတ္ေဆး တမ်ဳိးျဖစ္တယ္။ အမွန္က ရာသီေသြးမ်ားတဲ့ အမ်ဳိးသမီးေတြ၊ ေသြးသြန္တဲ့အမ်ဳိးသမီးေတြမွာ ေပးေလ့ရွိတယ္။ ေနာက္ဆံုးေလ့လာမႈအရ တင္းတိပ္လူနာမွာ tranexamic acid 250mg တေန႔ ႏွစ္ႀကိမ္ေပးျခင္းအားျဖင့္ သံုးလအၾကာမွာ တငိးတိပ္သိသိသာသာ သက္သာလာတာ ေတြ႕ရတယ္။ လိမ္းေဆးေတြကေတာ့ပိုေကာင္းတယ္။ ဝယ္ရခက္တယ္။ ႏိုင္ငံျခားကေန တိုက္႐ိုက္လွမ္းမွာရတယ္။ ေဆးတဗူးကို သိန္းဂဏာန္းထိ ရွိတယ္။ တင္းတိပ္ သိပ္မဆိုးတဲ့ လူနာဟာ ဒီေဆးနဲ႔ ေပ်ာက္ကင္းသက္သာႏိုင္တယ္။

ေဒါက္တာေအးမင္းထူး
၃.၁.၁၈

[unicode]

တင်းတိပ်ဟာ အမျိုးသမီးတွေကို ဒုက္ခပေးပါတယ်။ အမေရိကန်နိုင်ငံမှာ လူပေါင်း ၅-၆သန်းနီးပါး ခံစားနေရတယ်။ အဲဒီထဲက ၉၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်တယ်။ မျက်နှာတင်းတိပ်ဟာ မျက်နှာပေါ် ပုံမှန်မဟုတ်တဲ့ အညိုကွက်၊ အမဲကွက်တွေပေါ်ပေါက်လာတာဖြစ်တယ်။ ပါး၊နှာခေါင်း၊ မေးစေ့၊ နဖူး၊ အပေါ်နုတ်ခမ်းစတဲ့နေရာတွေမှာ အဖြစ်များတယ်။ ဆရာဝန်တွေသာမက မိတ်ကပ်ပညာရှင်တွေကို အတော်ဒုက္ခပေးတဲ့ထဲမှာ တင်းတိပ်လည်းပါတယ်။ ကုရလည်းခက်၊ ပျောက်ဖို့လည်း အချိန်ကြာ၊ ဒီကြားထဲ ဆောင်စရာ၊ရှောင်စရာတွေကလည်း ရှိသေး။

တင်းတိပ်ဟာ အီစတိုဂျင် ဟော်မုန်းနဲ့ ဆက်စပ်နေတယ်လို့ သိထားတယ်။ ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ် က်ိုယ်ဝန်တားဆေးတွေကြောင့် ဖြစ်နိုင်တယ်။ နေလောင်ခြင်းက တင်းတိပ်ကို ဖြစ်စေတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့်သာမက အနီအောက်ရောင်ခြည်ကြောင့်ပါ ဖြစ်တတ်တယ်။ ခရမ်းလွန်ရောင်ခြည်ကို မျက်စိနဲ့မမြင်နိုင်ပေမယ့် အနီအောက်ရောင်ခြည်ကဖြစ်တဲ့ အပူကိုတော့ ခံစားသိရှိနိုင်ပါတယ်။ဒါ့ကြောင့် အပူချိန်ပြင်းခြင်စကလည်း တင်းတိပ်ကို ပိုဆိုးစေတယ်။ ဒါ့ကြောင့် broad spectrum နေလောင်ကာတဲ့လိမ်းဆေးတွေက ပိုမိုအသုံးဝင်လာတယ်။နေလောင်ကာထဲမှာ UVB သာမက UVA ကာကွယ်တဲ့ super sunscreen တွေကို ရွေးသုံးသင့်တယ်။

ပုံမှန်အားဖြင့် မနက်ပိုင်းမှာ vitamin C serum လိမ်းဆေးတွေ လိမ်းသင့်တယ်။ ပြီးရင် kojic acid နဲ့ arbutin ပါတဲ့ skin lightener လိမ်းဆေးတွေ ဆက်သုံးပါ။HQ 2-5% ကို ၃-၁၂ လထိ သုံးနိုင်တယ်။ဆေးသုံးပြီး မျက်နှာရဲတာ ပူစပ်ပူလောင်နေတာရှိနိုင်တယ်။သတိပြုရမှာက 4% ကို ကြာရှည်သူံးရင် မျကိနှာအရောင်မဲသွားတာ( onchronosis) ရှိနိုင်တယ်။ hydroquinone မှာ ဘော့ဖျက်လို အရောင်ချွတ်တဲ့ အာနိသင်ရှိတယ်။ အဲဒီဆေးက ဘေးထွက်ဆိုးကျိုးလည်း ရှိလို့ နားမလည်ဘဲ ရမ်းမသုံးသင့်ပါ။ အခုပြောမှာက တင်းတိပ်ကို ဘေးထွက်ဆ်ုးကျိုး နည်းနည်းနဲ့ ကုသနိုင်တဲ့ နည်းတွေပါ။

ပထမတခုက azelaic acid ဖြစ်ပါတယ်။ azelaic acid 20% လိမ်းဆေးက hydroquinone 4% နဲ့ အာနိသင်တူတယ်။ လေ့လာမှုတခုကတော့ 2% hydroquinone ထက် အာနိသင်ပိုကောင်းပြီး ဘေးထွက်ဆိုးကျိုးပိုနည်းပါသတဲ့။ azelaic acid 20% ကို glycolic acid 15% နဲ့ ပေါင်းလိမ်းခြင်းဟာ တငိးတိပ်ပျောက်တာ ပိုမြန်ပါစေတယ်။ တချို့က tretinoin 0.05% နဲ့လည်း ရောလိမ်းတယ်။ ဆေးခန်းမှာ လက်တွေ့စမ်းသုံးကြည့်တဲ့အခါ ပျောက်ကင်းနိုင်ချေ ပုံမှန်ထက် ၃၀ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်။ sensitive skin မှာ အလွန်အသုံးဝင်တယ်။

နောက်တခုက kojic acid ဖြစ်တယ်။ ဂျပန်ဆန်အရက်မှာ ပါတဲ့ kojic acid ဟာ အသားဖြူတဲ့ အာနိသင်ရှိတာ သိခဲ့ပြီးဖြစ်ပါတယ်။ အခုက တင်းတိပ်အတွက်။ တင်းတိပ်မှာ kojic acid 1-4% ထိ သုံးနိုင်တယ်။ kojic acid 2% နဲ့ hydroquinone 2% လိမ်းဆေးဟာ glycolic acid 10% နဲ့ hydroquinone 2% နှစ်မျိုးစပ်လိမ်းဆေးထက် အာနိသင်ပိုကောင်းတာ တွေ့ရတယ်။ ၅၂ % ထိ သက်သာစေတယ်။ sensitive skin မှာ တခြားဆေးတွေ မခံနိုင်ရင် kojic acid ပါတဲ့ လိမ်းဆေးကို ထည့်သုံးရတယ်။

စတီးရွိုက်တွေကို တငိးတိပ်မှာသုံးတယ်။ prostaglandin နဲ့ leucotriene တွေက melanogenesis ကို ဖြစ်စေနိုင်တယ်။ စတီးရွိုက်က ဒီလိုဖွဲ့စည်းမှုကို တားဆီးလိုက်တယ်။ စတီးရွိုက်ရွေးတဲ့အခါ potent or superpotent အမျိုးအစားကို ရွေးချယ်သင့်တယ်။ သို့သော် ဒီဆေး တမျိုးတည်းလိမ်းခြင်းက အာနိသင်ထူးခြားမှုက သိပ်မရှိတာ တွေ့ရတယ်။

နောက်တခုက ဝက်ခြံမှာသုံးတဲ့ tretinoinဆေးတွေဖြစ်ပါတယ်။ tretinoin လိမ်းဆေး ကို UVB ကြောင့်ဖြစ်တဲ့ တင်းတိပ်၊အမဲစက်မှာ သဲုးနိုင်တယ်။ နေ့စဉ်သုံးရင်တောင် ၆ လနေမှ ထူးခြားမှုကို တွေ့နိုင်တယ်။ ဘေးထွက်ဆိုးကျိုး မျကိနှာရဲတာ ပူစပ်ပူလောင် ဖြစ်တတ်တယ်။ adapalene က tretinoin လို အာနိသင်ရှိပြီး ကောင်းတားတာက ဘေးထွက်ဆိုးကျိုး ပိုနည်းတာဖြစ်တယ်။

chemical peel မှာ သုံးလေ့ရှိတဲ့ glycolic acid ကိုသုံးတာပါ။ peel လုပ်တဲ့အခါ ပြင်းအား 50-70% ထိ သူံးနိုင်တယ်။ တင်းတိပ်မှာတော့ glycolic acid ပြင်းအား 5-10% လောက်သာ သုံးရမယ်။ ကောင်းတာက အပေါ်ယံအရေပြားကို ကွာစေပြီး တင်းတိပ်ကွက်ကို လျှော့ပါးသက်သာစေတယ်။skin lightening အာနိသင်ရှိတယ်။ သတိပြုရမှာက 10%glycolic acid သုံးရင် moisturizer တမျိုးမျိုး ထပ်လိမ်းပေးသင့်တယ်။

mequinol ဆိုတာ hydroquinone ကနေ ဆင့်ကဲပြောင်းလဲလာတဲ့ဆေးဖြစ်တယ်။ တင်းတိပ်မှာ mequinol 2% ပြင်းအားကိုသာ အသုံးပြုရတယ်။ ဆေးက ရှာရခက်တယ်။ နိုင်ငံခြားက တိုက်ရိုက်လှမ်းမှာရတယ်။ စျေးလည်း မသေးပါ။ tretinoin 0.01% နဲ့ ရောသုံးရင် ငါးယောက်မှာ လေးယောက်ဟာ သုံးလအကြာမှာ သက်သာလာတာ တွေ့ရတယ်။

arbutin
bearberry အပင်က ရတဲ့ arbutin ဓာတ်ဟာ အမဲစက်အတွက် အလွန်ကောင်းပါတယ်။ hydroquinone နဲ့ အာနိသင်တူတယ်။ deoxyarbutin ဆိုတာ နောကိဆုံးပေါ်နည်းပညာနဲ့ ထုတ်ထားတဲ့ arbutin ဓာတ်တမျု်းဖြစ်တယ်။ သဘာဝအသားဖြူဆေးတမျု်းဖြစ်ပြီး တင်းတိပ်၊မှဲ့ခြောက်ကုသရာမှာ အသုံးဝင်တယ်။ လိမ်းဆေးတွေထဲမှာ arbutin ကို ထည့်လေ့ရှိပါတယ်။

N-acetyl-4-S-cystaeminylphenol (NCAP)
phenolic ခေါ်တဲ့ ဓာတ်ပေါင်းတခုဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးက hydroquinone လောက် မဆိုးပဲ သက်သာစေတယ်။ တင်းတိပ်လူနာ(၁၂)ယောက်ကို လေ့လာကြည့်ရာမှာ NCAP 4% လိမ်းခြင်းဖြင့် (၆၆ )ရာခိုင်နှုန်းက သက်သာလာပြီး NCAP 8% ပေးတဲ့အခါ ရာနှုန်းပြည့်ပျောက်ကင်းတာ တွေ့ရတယ်။ နေ့စဉ်လိမ်းပေးရင် နှစ်ပတ်ကျော်တာနဲ့ စတင် သိသာလာတယ်။

tranexamic acid
tranexamic acid ဆိုတာ သွေးတိတ်ဆေး တမျိုးဖြစ်တယ်။ အမှန်က ရာသီသွေးများတဲ့ အမျိုးသမီးတွေ၊ သွေးသွန်တဲ့အမျိုးသမီးတွေမှာ ပေးလေ့ရှိတယ်။ နောက်ဆုံးလေ့လာမှုအရ တင်းတိပ်လူနာမှာ tranexamic acid 250mg တနေ့ နှစ်ကြိမ်ပေးခြင်းအားဖြင့် သုံးလအကြာမှာ တငိးတိပ်သိသိသာသာ သက်သာလာတာ တွေ့ရတယ်။ လိမ်းဆေးတွေကတော့ပိုကောင်းတယ်။ ဝယ်ရခက်တယ်။ နိုင်ငံခြားကနေ တိုက်ရိုက်လှမ်းမှာရတယ်။ ဆေးတဗူးကို သိန်းဂဏာန်းထိ ရှိတယ်။ တင်းတိပ် သိပ်မဆိုးတဲ့ လူနာဟာ ဒီဆေးနဲ့ ပျောက်ကင်းသက်သာနိုင်တယ်။

ဒေါက်တာအေးမင်းထူး
၃.၁.၁၈

Facebook Comments
 

Post Author: admin