တင္းတိပ္အတြက္ မိတ္ကပ္

[zawgyi]

ဆရာ က်မက ၁၁.၁၂.၁၇ က တင္းတိပ္လာျပတဲ့လူနာပါဆရာ ဆရာေပးလိုက္တဲ့ CC နဲ႔လည္းအဆင္ေျပေနပါတယ္ ဒါေပမယ့္ က်မသမီးေလးဘြဲ႕ယူတဲ့ေန႔က်ရင္ မိတ္ကပ္ေလးလိမ္းၾကည့္ခ်င္လို႔ တင္းတိပ္အတြက္ သံုးလို႔ရမယ့္မိတ္ကပ္ေလး အဆင္ေျပရင္ေျပာျပပါလားဆရာ

တင္းတိပ္အတြက္ မိတ္ကပ္သံုးတဲ့အခါ full cover ျဖစ္တာကို ေရြးခ်ယ္ရပါတယ္။ ပြဲလမ္းသဘင္ျဖစ္လို႔ ၾကာရွည္လည္း ခံရမယ္။ ဒီအခ်က္ႏွစ္ခုကို ထညိ့သြင္းစဥ္းစားသင့္ပါတယ္။

(1) Estée Lauder double wear
(2) Revlon photo ready airbrush effect
(3) Kat V Don foundation
(4) Makeup for ever HD foundation

အခုေျပာတဲ့ မိတ္ကပ္ေတြက ေန႔စဥ္လိမ္းဖို႔ အဆင္ေျပခ်င္မွ ေျပမယ္။ ပြဲသြားလမ္းသြားအတြက္ေတာ့ အဆင္ေျပပါတယ္။ မိတ္ကပ္တခုထဲနဲ႔မရရင္ အမဲစက္ ဖံုးကြယ္ဖို႔ pixi correction concentrate concealer ကို ထပ္မံေရြးခ်ယ္သံုးစြဲႏိုင္တယ္။

ေဒါက္တာေအးမင္းထူး
၇.၁.၁၈

[unicode]

ဆရာ ကျမက ၁၁.၁၂.၁၇ က တင်းတိပ်လာပြတဲ့လူနာပါဆရာ ဆရာပေးလိုက်တဲ့ CC နဲ့လည်းအဆင်ပြေနေပါတယ် ဒါပေမယ့် ကျမသမီးလေးဘွဲ့ယူတဲ့နေ့ကျရင် မိတ်ကပ်လေးလိမ်းကြည့်ချင်လို့ တင်းတိပ်အတွက် သုံးလို့ရမယ့်မိတ်ကပ်လေး အဆင်ပြေရင်ပြောပြပါလားဆရာ

တင်းတိပ်အတွက် မိတ်ကပ်သုံးတဲ့အခါ full cover ဖြစ်တာကို ရွေးချယ်ရပါတယ်။ ပွဲလမ်းသဘင်ဖြစ်လို့ ကြာရှည်လည်း ခံရမယ်။ ဒီအချက်နှစ်ခုကို ထညိ့သွင်းစဉ်းစားသင့်ပါတယ်။

(1) Estée Lauder double wear
(2) Revlon photo ready airbrush effect
(3) Kat V Don foundation
(4) Makeup for ever HD foundation

အခုပြောတဲ့ မိတ်ကပ်တွေက နေ့စဉ်လိမ်းဖို့ အဆင်ပြေချင်မှ ပြေမယ်။ ပွဲသွားလမ်းသွားအတွက်တော့ အဆင်ပြေပါတယ်။ မိတ်ကပ်တခုထဲနဲ့မရရင် အမဲစက် ဖုံးကွယ်ဖို့ pixi correction concentrate concealer ကို ထပ်မံရွေးချယ်သုံးစွဲနိုင်တယ်။

ဒေါက်တာအေးမင်းထူး
၇.၁.၁၈

Facebook Comments
 

Post Author: admin