[zawgyi]
လေ့လာမှုစစ်တမ်းတွေအရ အမျိုသမီးတယောက်ဟာ ရင်သားကြီးထွားရင် ဆန့်ကျင်ဖကိလိင်ကို ပိုမိုဆွဲဆောငိနိုင်တယ်လို့ ဆိုပါတယ်။ ရင်သားကြီးတဲ့မိန်းကလေးတွေဟာ သာမန်မိန်းကလေးတွေထက် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပိုမြင့်မားလေ့ရှိပါတယ်။ ခက်တာက ရင်သားအလှတွေ တယောကိနဲ့တယောက် မတူညီကြဘူး။ သေးတဲ့သူက ကြီးချင်၊ ကြီးတဲ့သူက ပိုဖွံ့ထားချင်တာက ပြဿနာပါ။ အမျိုးသမီးတယောကိဟာ အပျိုဖော်ဝင်တာနဲ့ ရင်သားတွေ စတင်ဖွံ့ဖြိုးလာပါတယ်။ ယေဘုယျအသက် ၁၀-၁၂ နှစ်ကြား သိသိသာသာပြောင်းလဲလာတယ်။ တကယ်က မျိုးဥအိမ်ကထုတ်တဲ့ အီစတိုဂျင်တန်ခိုးကြောင့် ဖြစ်ပါတယ်။ အီစတိုဂျင်ဟော်မုန်းကြောင့် ရင်သားမှာ အဆီတစ်ရှုးနဲ့ တွယ်ဆက်တစ်ရှုးတွေ စုစည်းလာရာက ရင်သားက တဖြည်းဖြည်း ကြီးထွားလာတယ်။
ဘာ့ကြောင့် ရင်သားသေးရသလဲ
မျိုးရိုး၊ ဟော်မုန်း၊ စိတ်ဖိစီးမှု၊ အစားအသောက်၊ ဗီတာမင်နဲ့ အာဟာရဓာတ်ချို့တဲ့မှု၊ အသက်အရွယ် စတာတွေက ရင်သားဖွံ့ဖြိုးမှုကို ဆုံးဖြတ်တယ်။ တခါတရံ ပစ်ကျူထရီဂလင်းနဲ့ သိုင်းရွိုင်ဟော်မုန်း ပြဿနာကြောင့်လည်း ရင်သားကို သေးစေတယ်။ ရောဂါကြောင့် ဖြစ်ရင် ကုရပိုခက်တတ်တယ်။
ရင်သားကြီးထွားအောင် ဘယ်လိုလုပ်မလဲ
ရင်သားကြီးဆေး စားဆေး၊သောက်ဆေး အမျိုးမျိုး ရှိတယ်။ သို့သော် အာနိသင်တွေ ကတော့
တခုနဲ့တခု ကွာခြားနိုင်တယ်။ ဒီဖက်ခေတ်မှာ ရင်သားကြီးထွားဖို့ ခွဲစိတ်ပြုပြင်တာတွေလုပ်လာကြပါတယ်။ ချက်ချင်းတော့ သိသာပါရဲ့။ တခြားဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ကြည့်ရဦးမယ်။ ဒါ့ကြောင့် အစစအရာရာ နှိုင်းယှဉ်ချင့်ချိန်ပြီးမှ လုပ်သင့်တယ်။
ဒီနေရာမှာ ရင်သားဆီလီကွန်(သို့မဟုတ်)ရေအိတ် ထည့်တဲ့သူတွေ လေယာဉ်စီးတဲ့အခါ အမြင့်မှာ ပေါက်ထွက်တတ်လားဆိုတဲ့ မေးခွန်းကပေါ်လာပြန်တယ်။ လက်တွေ့မှာတော့ အဲလိုမဖြစ်နိုင်ပါ။ စိုးရိမ်ဖို့လည်း မလိုအပ်ပါ။ ရင်သားဆီလီကွန်အိတ်ထည့်ထားသူတယောက်ဟာ လေယာဉ်သာမက အာကာသထဲထိ သွားနိုင်တယ်။ ဒီလိုထည့်ထားတဲ့ အမျိုးသမီးအာကာသယာဉ်မှုးတယောက်လည်း ရှိခဲ့ဖူးပါတယ်။ အခုချိန်ထိ ဘာပြဿနာမှ မရှိခဲ့ပါ။ ပြဿနာကို အရင်းစစ်တော့ လေကြောင်းကုမ္ပဏီတွေဟာ သူတို့လေယာဉ်မယ်တွေအတွက် ဒီလိုသတင်းမှားတွေ ဖြန့်ချိထားတာတွေ့ရတယ်။
ရင်သားကြီးထွားဖို့ ဘာလုပ်မလဲ
ပဲနီကလေးစေ့(lentil) ကို ရှေးယခင်ကတည်းက ရင်သားကြီးထွားဖို့ သုံးခဲ့ကြပါတယ်။ပဲနီစေ့မှာ အမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ L-tyrosine ဓာတ် ပါတယ်။ နောက်ပြီး အပင်အီစတိုဂျင်တမျိုးဖြစိတဲ့ phytoestrogen ဟော်မုန်းလည်း ပါဝင်သေးတယ်။ အဆိုပါဓာတ်တွေက ရင်သားကို အဓိက ဖွံ့ဖြိုးစေတယ်။
ပြုလုပ်ပုံ
ပဲနီစေ့ ထမင်းစားဇွန်း (၄)ဇွန်းကို ယူပြီး ရေတစ်လက်မခန့် ထည့်ကာ ညလုံးပေါက်စိမ်ထားပေးပါ။(အနည်းဆုံး ၂ နာရီကြာ စိမ်ထားရမယ်)။ မနက်ရောက်တာနဲ့ စိမ်ထားတဲ့ ပဲနီကလေးစေ့တွေကို စစ်ယူပြီး ညက်နေအောင်ထောင်းလိုက်ပါ။ ရလာတဲ့ ပဲနီစေ့ paste ကို ရင်သားတွေပေါ် နှံ့အောင်လိမ်းလိုက်ပါ။ (နှိပ်ဖို့မလိုပါ) နာရီဝက်ကြာတဲ့အခါ ရင်သားကို ရေပြန်ဆေးလို့ရပါပြီ။ နေ့စဉ်ပြုလုပ်ခြင်းအားဖြင့် ရင်သားကြီးထွားရုံမက ပျော့တွဲနေတဲ့ ရင်သားကိုပါ တင်းရင်းလာစေနိုင်တယ်။
ဒေါက်တာအေးမင်းထူး
၂၅.၂.၁၇