ဆားဝက္ျခံေပ်ာက္နည္း

 

[zawgyi]

ဒီေန႔ေခတ္ လူေတာ္ေတာ္မ်ားမ်ားမွာ ဆားဝက္ျခံ ေပါက္ေနၾကပါၿပီ။ ဆယ္ေက်ာ္သက္ကေန အသက္ႀကီးသူအထိ ျဖစ္ႏိုင္တယ္။ ၾကည့္ေတာ့သာ ဘာမွမဟုတ္ေပမယ့္ အေတယ္ဒုကၡေပးတယ္။ မ်က္ႏွာလွအပကိုလည္း ဖ်က္ဆီးႏိုင္တယ္။

ဆားဝက္ျခံတိုင္းဟာ ေမႊးညင္းေပါက္ပိတ္ဆို႔ရာ က ျဖစ္လာပါတယ္။ ေမႊးညင္းေပါက္ေတြက ေမႊးညင္းႏုထြက္တာ လူတိုင္းသိတယ္။ သို႔ေသာ္ ေမႊးညင္းေပါက္နဲ႔ ဆက္သြယ္ထားတဲ့ ဂလင္းတခု ရွ္ေသးတယ္။ အဆီဂလင္း(sebaceous gland)လို႔ ေခၚပါတယ္။ အဆီဂလင္းရဲ႕ တာဝန္က
အဆီထုတ္ေပးတာျဖစ္တယ္။ အသားအေရေျခာက္ေသြ႕သူေတြမွာ အစိုဓာတ္ထိန္းဖို႔ sebum အဆီကို ထုတ္ေပးရတယ္။ သို႔ေသာ္ ကံဆ္ုးတာတခုက ဝက္ျခံေပါက္သူ အမ်ားစုကလည္း အဆိုပါအဆီဂလင္းေတြမွာ ပိတ္ဆို႔ျခင္းေၾကာင့္ ျဖစ္ေနပါတယ္။ အဆီဂလင္း ပိတ္ဆို႔ရာက ေမႊးညင္းေပါက္အေျခမွာ ဆဲလ္ေသ၊ဖုန္နဲ႔ ေရာဂါပိုးမႊားစတာေတြ ခိုေအာင္းလာရင္ ဝက္ျခံထြက္လာပါတယ္။ အဆီဂလင္းပိတ္တဲ့အဆင့္ကို comedome လို႔ေခၚပါတယ္။ တနည္းေျပာရရင္ အဆီဂလင္းပိတ္ရံုကလြဲလို႔ ေနာက္ဆက္တြဲျပႆနာေတြ ေပၚမလာေသးတာ comedome အဆင့္ပါ။

comedome ႏွစ္မ်ိဳးရွိတယ္။ ပထမတမ်ိဳးက အဆီက အေရျပားေမႊးညင္းအထြက္ေတြမွာ လံုးဝ ပိတ္ဆို႔တာမ်ဳ္းျဖစ္တယ္။ ဒါကို whitehead(အဆီဖု)လို႔ ေခၚပါတယ္။ ခပ္ျဖဴျဖဴအဖုေလးေတြ ေတြ႕ရမယ္။ ေနာက္တမ်ိဳးက အဆီက ေမႊးညင္းေပါက္ကို တဝက္တပ်က္ပိတ္ဆို႔ၿပီး အဝက ခပ္ဟဟ ပြင့္ေနတာ။ ဒါမ်ိဳးက်ေတာ့ blackhead(ဆားဝက္ျခံ)လို႔ ေခၚပါတယ္။ ဆားဝက္ျခံေတြဘာ့ေၾကာင့္ မဲေနလည္းဆိုေတာ့ ေလနဲ႔ ဓာတ္ျပဳသြားလို႔ျဖစ္ပါတယ္။ ပြင့္ေနတဲ့ ေမႊးညင္းေပါက္ေၾကာင့္ ေလဝင္ေလထြက္ ဓာတ္ျပဳႏိုင္တာဂျဖစ္ပါတယ္။ ဘာနဲ႔သြားတူလဲဆိုေတာ့ ပန္းသီးတလံုးကို ခြဲၿပီး အခ်ိန္ၾကာထားရင္ မဲသြားတာမ်ိဳး ျဖစ္ပါတယ္။ ေအာက္စီဂ်င္နဲ႔ ေပါင္းၿပီး oxidation ဓာတ္တိုးသြားလို႔ျဖစ္ပါတယ္။ အကယ္၍ comedome အဆင့္ကေနပိုးဝင္လာမယ္ဆိုရင္ေတာ့ acne(ဝက္ျခံ)အဆင့္ကို ေရာက္သြားမွာျဖစ္ပါတယ္။

ဆားဝက္ျခံဟာ မ်က္ႏွာအဆီျပန္သူမွာ အျဖစ္မ်ားတယ္။ ဆားဝက္ျခံအျမန္ေပ်ာက္နည္း တခုရွ္တယ္။ ဆယ္မိနစ္အတြင္းဂထူးျခားတယ္။ ဒီနည္းကလြယ္ကူသလို သံုးရတဲ့ပစၥည္းက သိပ္မခက္ဘူး။ ႏြားႏို႔နဲ႔ ေက်ာက္ေက်ာမႈန္႔ ႏွစ္မ်ိဳးတည္းသာလိုတယ္။

အရင္ဆံုး ႏြားႏို႔တစ္ဇြန္းနဲ႔ ေက်ာက္ေက်ာမႈန္႔ တစ္ဇြန္းကို ဆတူေရာၿပီး ဖန္ခြက္တခုထဲထည့္ပါ။ ၿပီးရင္ သမေအာင္ ေမႊပါ။ မိုက္ခ႐ိုေဝ့ဖ္မီးဖိုရွိရင္ microwave ထဲမွာ (၁၀)စကၠန္႔ေလာက္ထားပါ။ (အပူခ်ိန္ကို အလယ္အလတ္အဆင့္မွာ ထားပါ)။ ဆယ္စကၠန္႔ျပည့္တာနဲ႔ အျပင္ထုတ္ၿပီး အေအးခံထားပါ။ အဆိုပါအေရာ(paste)ကို မ်က္နာေပၚ ဆားဝက္ျခံရွိတဲ့ေနရာမွာ မိတ္ကပ္လိမ္းတဲ့ စုတ္တံနဲ႔ ေသခ်ာလိမ္းေပးပါ။ ေျခာက္ေအာင္ခဏထားပါ။ ဆယ္မိနစ္ခန္႔ၾကာရင္ ကပ္ေနတာေတြ ခြာခ်လိုက္ပါ။ ဆားဝက္ျခံေတြကင္းစင္ၿပီး ျဖဴစင္ဝင္းပတဲ့ မ်က္ႏွာကို အခ်ိန္ပိုင္းအတြင္း ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။

ေဒါက္တာ ေအးမင္းထူး
၃.၁၂.၁၆

 

 

[unicode]

ဒီနေ့ခေတ် လူတော်တော်များများမှာ ဆားဝက်ခြံ ပေါက်နေကြပါပြီ။ ဆယ်ကျော်သက်ကနေ အသက်ကြီးသူအထိ ဖြစ်နိုင်တယ်။ ကြည့်တော့သာ ဘာမှမဟုတ်ပေမယ့် အတေယ်ဒုက္ခပေးတယ်။ မျက်နှာလှအပကိုလည်း ဖျက်ဆီးနိုင်တယ်။

ဆားဝက်ခြံတိုင်းဟာ မွှေးညင်းပေါက်ပိတ်ဆို့ရာ က ဖြစ်လာပါတယ်။ မွှေးညင်းပေါက်တွေက မွှေးညင်းနုထွက်တာ လူတိုင်းသိတယ်။ သို့သော် မွှေးညင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ ဂလင်းတခု ရှ်သေးတယ်။ အဆီဂလင်း(sebaceous gland)လို့ ခေါ်ပါတယ်။ အဆီဂလင်းရဲ့ တာဝန်က
အဆီထုတ်ပေးတာဖြစ်တယ်။ အသားအရေခြောက်သွေ့သူတွေမှာ အစိုဓာတ်ထိန်းဖို့ sebum အဆီကို ထုတ်ပေးရတယ်။ သို့သော် ကံဆ်ုးတာတခုက ဝက်ခြံပေါက်သူ အများစုကလည်း အဆိုပါအဆီဂလင်းတွေမှာ ပိတ်ဆို့ခြင်းကြောင့် ဖြစ်နေပါတယ်။ အဆီဂလင်း ပိတ်ဆို့ရာက မွှေးညင်းပေါက်အခြေမှာ ဆဲလ်သေ၊ဖုန်နဲ့ ရောဂါပိုးမွှားစတာတွေ ခိုအောင်းလာရင် ဝက်ခြံထွက်လာပါတယ်။ အဆီဂလင်းပိတ်တဲ့အဆင့်ကို comedome လို့ခေါ်ပါတယ်။ တနည်းပြောရရင် အဆီဂလင်းပိတ်ရုံကလွဲလို့ နောက်ဆက်တွဲပြဿနာတွေ ပေါ်မလာသေးတာ comedome အဆင့်ပါ။

comedome နှစ်မျိုးရှိတယ်။ ပထမတမျိုးက အဆီက အရေပြားမွှေးညင်းအထွက်တွေမှာ လုံးဝ ပိတ်ဆို့တာမျု်းဖြစ်တယ်။ ဒါကို whitehead(အဆီဖု)လို့ ခေါ်ပါတယ်။ ခပ်ဖြူဖြူအဖုလေးတွေ တွေ့ရမယ်။ နောက်တမျိုးက အဆီက မွှေးညင်းပေါက်ကို တဝက်တပျက်ပိတ်ဆို့ပြီး အဝက ခပ်ဟဟ ပွင့်နေတာ။ ဒါမျိုးကျတော့ blackhead(ဆားဝက်ခြံ)လို့ ခေါ်ပါတယ်။ ဆားဝက်ခြံတွေဘာ့ကြောင့် မဲနေလည်းဆိုတော့ လေနဲ့ ဓာတ်ပြုသွားလို့ဖြစ်ပါတယ်။ ပွင့်နေတဲ့ မွှေးညင်းပေါက်ကြောင့် လေဝင်လေထွက် ဓာတ်ပြုနိုင်တာဂဖြစ်ပါတယ်။ ဘာနဲ့သွားတူလဲဆိုတော့ ပန်းသီးတလုံးကို ခွဲပြီး အချိန်ကြာထားရင် မဲသွားတာမျိုး ဖြစ်ပါတယ်။ အောက်စီဂျင်နဲ့ ပေါင်းပြီး oxidation ဓာတ်တိုးသွားလို့ဖြစ်ပါတယ်။ အကယ်၍ comedome အဆင့်ကနေပိုးဝင်လာမယ်ဆိုရင်တော့ acne(ဝက်ခြံ)အဆင့်ကို ရောက်သွားမှာဖြစ်ပါတယ်။

ဆားဝက်ခြံဟာ မျက်နှာအဆီပြန်သူမှာ အဖြစ်များတယ်။ ဆားဝက်ခြံအမြန်ပျောက်နည်း တခုရှ်တယ်။ ဆယ်မိနစ်အတွင်းဂထူးခြားတယ်။ ဒီနည်းကလွယ်ကူသလို သုံးရတဲ့ပစ္စည်းက သိပ်မခက်ဘူး။ နွားနို့နဲ့ ကျောက်ကျောမှုန့် နှစ်မျိုးတည်းသာလိုတယ်။

အရင်ဆုံး နွားနို့တစ်ဇွန်းနဲ့ ကျောက်ကျောမှုန့် တစ်ဇွန်းကို ဆတူရောပြီး ဖန်ခွက်တခုထဲထည့်ပါ။ ပြီးရင် သမအောင် မွှေပါ။ မိုက်ခရိုဝေ့ဖ်မီးဖိုရှိရင် microwave ထဲမှာ (၁၀)စက္ကန့်လောက်ထားပါ။ (အပူချိန်ကို အလယ်အလတ်အဆင့်မှာ ထားပါ)။ ဆယ်စက္ကန့်ပြည့်တာနဲ့ အပြင်ထုတ်ပြီး အအေးခံထားပါ။ အဆိုပါအရော(paste)ကို မျက်နာပေါ် ဆားဝက်ခြံရှိတဲ့နေရာမှာ မိတ်ကပ်လိမ်းတဲ့ စုတ်တံနဲ့ သေချာလိမ်းပေးပါ။ ခြောက်အောင်ခဏထားပါ။ ဆယ်မိနစ်ခန့်ကြာရင် ကပ်နေတာတွေ ခွာချလိုက်ပါ။ ဆားဝက်ခြံတွေကင်းစင်ပြီး ဖြူစင်ဝင်းပတဲ့ မျက်နှာကို အချိန်ပိုင်းအတွင်း ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၃.၁၂.၁၆

Facebook Comments
 

Post Author: admin