တစ္‌ပတ္အတြင္း မ်က္ႏွာ ဝင္းပလာေအာင္

[zawgyi]

တစ္‌ပတ္အတြင္း မ်က္ႏွာ အသားအေရကို သိသိသာသာ ေျပာင္းလဲႏိုင္တဲ့ နည္းတစ္‌ခုရွိတယ္။ လုပ္ရတာ မခက္ဘူး။ သံုးရမယ့္ ပစၥည္းေတြကလည္း သံုးမ်ဳိ းတည္းပါ။ ၾကက္ဥ (အကာ)၊ ခါၾကက္ဥ (မုန္လာဥနီ)ႏွင္‌့ နႏြင္းနည္းနည္း သံုးရံု ပါပဲ။ လုပ္ရလြယ္ၿပီး ရလဒ္ကလည္း မနည္းလွပါ။ ၂၊ ၃ ႀကိမ္ခန္႔ လုပ္ရံုနဲ႔ ထူးျခားတဲ့ ေျပာင္းလဲမႈကို ျမင္ေတြ႕ႏိုင္ တယ္။ ဒီနည္းက ဝက္ျခံ အမဲစက္သာမက အမာရြတ္ေတြ အတြက္လည္း ေကာင္းတယ္။ အေရးအေၾကာင္းႏွင္‌့ အတြန္႔ အေခါက္ ကင္းစင္ေစမယ္။

ပါဝင္ပစၥည္း

ၾကက္ဥအကာ – တစ္‌လံုး
မုန္လာဥနီ အႏွစ္ – လက္ဖက္ရည္ တစ္‌ဇြန္း
နႏြင္း – လက္တစ္‌ဆိတ္စာ

(မုန္လာဥနီမရွိ႐င္ လိေမၼာ္သီးကို အရည္ညႇစ္ၿပီး ေျပာင္းလဲ သံုးႏိုင္ပါတယ္၊ အဆင္ေျပရာသံုးပါ)

အဆိုပါ ပစၥည္းသံုးမ်ဳိးကို ေရာၿပီး ခြက္တခုတည္း ထည့္ပါ။ ၿပီးရင္ ေရာသမေအာင္ ေမႊပါ။ မလိမ္းခင္ မ်က္ႏွာ အရင္သစ္ လိုက္ပါ။ ခဏ ေျခာက္ေသြ႕ေအာင္ ထားပါ။ ဂြမ္းစ သို႔မဟုတ္ စုတ္တံသံုးၿပီး အဆိုပါအေရာကို မ်က္ႏွာေပၚလိမ္းပါ။ ငါး မိနစ္ထားၿပီး အေျခာက္ခံပါ။ ေျခာက္ေသြ႕သြားရင္ အ‌ေပၚက ဒုတိယအႀကိမ္ ေနာက္တစ္‌ထပ္ လိမ္းပါ။ ၁၅ မိနစ္ ၾကာတဲ့ အခါ ေရေႏြးစိမ္ အဝတ္‌နဲ႔ မ်က္ႏွာကို သန္႔စင္လိုက္ပါ။ အားလံုးၿပီးတာနဲ႔ မ်က္ႏွာ ျပန္သစ္ပါ။ ဒီနည္းအတိုင္း တစ္‌ပတ္ကို ႏွစ္ႀကိမ္ လုပ္သင့္တယ္။ ပထမတစ္‌ႀကိမ္ လုပ္ၿပီး တာနဲ႔ ဝင္းပတဲ့ မ်က္ႏွာ အသားအေရကို ပိုင္ဆိုင္ ႏိုင္ပါလိမ့္ မယ္။ ၾကည္လင္ေနတဲ့ မ်က္ႏွာေလးကို တစ္‌ပတ္အတြင္း ျမင္ေတြ႕ရမွာ ျဖစ္တယ္။

ေဒါက္တာ ေအးမင္းထူး
၂၂.၄.၁၇

 

[unicode]

တစ်‌ပတ်အတွင်း မျက်နှာ အသားအရေကို သိသိသာသာ ပြောင်းလဲနိုင်တဲ့ နည်းတစ်‌ခုရှိတယ်။ လုပ်ရတာ မခက်ဘူး။ သုံးရမယ့် ပစ္စည်းတွေကလည်း သုံးမျို းတည်းပါ။ ကြက်ဥ (အကာ)၊ ခါကြက်ဥ (မုန်လာဥနီ)နှင်‌့ နနွင်းနည်းနည်း သုံးရုံ ပါပဲ။ လုပ်ရလွယ်ပြီး ရလဒ်ကလည်း မနည်းလှပါ။ ၂၊ ၃ ကြိမ်ခန့် လုပ်ရုံနဲ့ ထူးခြားတဲ့ ပြောင်းလဲမှုကို မြင်တွေ့နိုင် တယ်။ ဒီနည်းက ဝက်ခြံ အမဲစက်သာမက အမာရွတ်တွေ အတွက်လည်း ကောင်းတယ်။ အရေးအကြောင်းနှင်‌့ အတွန့် အခေါက် ကင်းစင်စေမယ်။

ပါဝင်ပစ္စည်း

ကြက်ဥအကာ – တစ်‌လုံး
မုန်လာဥနီ အနှစ် – လက်ဖက်ရည် တစ်‌ဇွန်း
နနွင်း – လက်တစ်‌ဆိတ်စာ

(မုန်လာဥနီမရှိရင် လိမ္မော်သီးကို အရည်ညှစ်ပြီး ပြောင်းလဲ သုံးနိုင်ပါတယ်၊ အဆင်ပြေရာသုံးပါ)

အဆိုပါ ပစ္စည်းသုံးမျိုးကို ရောပြီး ခွက်တခုတည်း ထည့်ပါ။ ပြီးရင် ရောသမအောင် မွှေပါ။ မလိမ်းခင် မျက်နှာ အရင်သစ် လိုက်ပါ။ ခဏ ခြောက်သွေ့အောင် ထားပါ။ ဂွမ်းစ သို့မဟုတ် စုတ်တံသုံးပြီး အဆိုပါအရောကို မျက်နှာပေါ်လိမ်းပါ။ ငါး မိနစ်ထားပြီး အခြောက်ခံပါ။ ခြောက်သွေ့သွားရင် အ‌ပေါ်က ဒုတိယအကြိမ် နောက်တစ်‌ထပ် လိမ်းပါ။ ၁၅ မိနစ် ကြာတဲ့ အခါ ရေနွေးစိမ် အဝတ်‌နဲ့ မျက်နှာကို သန့်စင်လိုက်ပါ။ အားလုံးပြီးတာနဲ့ မျက်နှာ ပြန်သစ်ပါ။ ဒီနည်းအတိုင်း တစ်‌ပတ်ကို နှစ်ကြိမ် လုပ်သင့်တယ်။ ပထမတစ်‌ကြိမ် လုပ်ပြီး တာနဲ့ ဝင်းပတဲ့ မျက်နှာ အသားအရေကို ပိုင်ဆိုင် နိုင်ပါလိမ့် မယ်။ ကြည်လင်နေတဲ့ မျက်နှာလေးကို တစ်‌ပတ်အတွင်း မြင်တွေ့ရမှာ ဖြစ်တယ်။

ဒေါက်တာ အေးမင်းထူး
၂၂.၄.၁၇

Facebook Comments
 

Post Author: admin