ပထမအဆင့်- လက်သီးကို တင်းတင်းကျပ်စုပ်ထားပါ။ စက္ကန့်သုံးဆယ်ကြာ။ ပြီးရင် ပြန့်ကားအောင် ပြန်ဖြန့်ပါ။ စက္ကန့်သုံးဆယ်ပဲ။ အထက်ပါအတိုင်း လက်တဖက်ကို လေးကြိမ်စီလုပ်ပါ။
ဒုတိယအဆင့် – လက်ဖဝါးကို မှောက်ခုံလုပ်ပြီး ပြင်ညီစားပွဲပေါ် လက်ဖြန့်တင်ထားပါ။ တတ်နိုင်သမျှပြန့်ကားအောင် လုပ်ပြီး မိနစ်ဝက်ကြာအောင်ထားပါ။ ပြီးရင် ပြန်လည်ဖြေလျှော့ပါ။
တတိယအဆင့် – ရာဘာဘောလုံးတလုံးယူပြီး လက်ဖဝါးထဲထည့်ကာ ဖိညစ်ပါ။ ဒီနေရာမှာ လက်ချောင်းအားကိုသာ အသုံးပြုရပါမယ်။ ဒီနည်းကို claw stretchခေါ်တယ်။ မိနစ်ဝက်ကြာအောင်ထားပြီး ပြန်ဖြေလျှော့ပါ။
စတုတ္ထအဆင့် – ပြင်ညီစားပွဲပေါ် လက်ဖဝါးမှောက်ရက်တင်ထားပါ။လက်ချောင်းတချောင်းချင်းဆီ အပေါ်ဖက် ကော့တင်ပါ။ လက်မ၊ လက်ညှိုး၊ လက်ခလယ်၊လက်သူကြွယ်၊ လက်သန်း စသည်ဖြင့် တချောင်းဆီကို မပြီး လေ့ကျင့်ခန်းလုပ်ပါ။ လက်ချောင်းလေ့ကျင့်ခန်း လုပ်နေစဉ် လက်ဖဝါးကိုတော့ စားပွဲမှာ သေချာကပ်ထားရပါမယ်။
ကဲ..သင့်လက်ချောင်းလေးတွေ ဖော့ဖယောင်းသဖွယ်သေးသွယ်ရှည်လျားစေဖို့ ဒီနေ့ပဲ စမ်းလုက်ကြည့်ကြစို့။
ဒေါက်တာ အေးမင်းထူး
၁၆.၂.၁၇