(၁) normal skin
အဆီပြန်တာမရှိ၊ ခြောက်သွေ့တာမရှိတဲ့ ပုံမှန်အသားအရေကို normal skin လို့ သတ်မှတ်ပါတယ်။ သာမန်အသားအရေပိုင်ရှင်တွေဟာ သန့်စင်ပြီး ချောမွေ့နေတတ်တယ်။ တနေကုန် အရောင်ပြောင်းလဲမှုမရှိဘူး။ ဝက်ခြံအမဲစက်ပေါက်တာလည်း အလွန်ရှားတယ်။ ဒီအသားအရေပိုင်ရှင်တွေဟာ ကံကောင်းသူတွေ ဖြစ်ပါတယ်။
အကြံပြုချက်
Lighter lotions နဲ့ serums သုံးသင့်တယ်။ ထွေထွေထူးထူး သုံးဖို့ မလိုပါ။ ရှောင်စရာမရှိပါ။
(၂) oily skin
အဆီပြန်တဲ့ အသားအရေပိုငိရှင်မျိုးကို ခေါ်ပါတယ်။ အထူးသဖြင့် ပူအိုက်တဲ့ရာသီ၊ နေ့လည်ခင်းပိုင်းတွေမှာ မျက်နှာက အဆီတဝင်းဝင်းဖြစ်နေတတ်တယ်။ ဒီအသားအရေပိုင်ရှင်တွေဟာ သူများထက် ဝက်ခြံ၊ အဆီဖု ထွက်လွယ်တယ်။ သို့သော် တဖက်ကတော့ ဇရာသဘော အိုမင်းရင့်ရော်မှုနဲ့ အရေးအကြောင်း ပိုနည်းလေ့ရှ်တယ်လို့ ဆိုပါတယ်။
အကြံပြုချက်
creams နဲ့ emollients တွေဂှောင်ပါ။ oil-free sunscreens နဲ့ lotions တွေ ရွေးချယ်သုံးပါ။
(၃) dry skin
ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေ ဖြစ်ပါတယ်။ အပေါ်ယံအရေပြား ခြောက်သွေ့ပြီး၊ကွာလွယ်တယ်။ တနည်ူအားဖြင့် မျက်နှာအရေပြားက မချောမွေ့ပဲ နည်းနည်း ကြမ်းတမ်းနေမယ်။ အစိုဓာတ်မျက်နှာလိမ်းဆေးတွေ သုံးတာတောင် အရေပြားက ခြောက်သွေ့နေတတ်တယ်။ ပိုဆိုးတာက အရေးအကြောင်း အမဲစက် တခြားသူထက် ပိုဖြစ်လွယ်တာပါ။
အကြံပြုချက်
အစိုဓာတ်လိမ်းဆေး အမြဲသုံးနေရမယ်။ lotions နဲ့ creams တွေအဓိက သုံးပါ။
(၄) combined skin
အဆီပြန်ခြင်းနဲ့ ခြောက်သွေ့ခြင်း ရောစပ်နေတဲ့ အသားအရေပိုင်ရှင်တွေက်ုခေါ်ပါတယ်။ မျက်နှာရဲ့ T zone (နဖူး၊ နှာခေါင်း)စတဲ့နေရာတွေမှာ အဆီပြန်ပြီး ကျန်တဲ့နေရာတွေမှာ ခြောက်သွေ့နေတယ်။ အကယ်၍သင်ဟာ ရာသီအလိုက် အရေပြားပြောင်းလဲတတ်သူဖြစ်ရင် ဒီအသားအရေအမျိုးအစားထဲကို ထည့်သွင်းရပါမယ်။
အကြံပြုချက်
ဒီအသားအရေပိုင်ရှင်က အများဆုံးပဲ။ နေရာပေါ်လိုက်ပြီး သုံးရမယ့်ဆေးတွေ ကွဲသွားတယ်။ နှာခေါင်း၊ နဖူး စတဲ့ အဆိပြန်နေရာတွေမှာ ရေဓာတ်အခြေခံကို သုံးရတယ်။ ကျန်တဲ့နေရာတွေ အသားအရေခြောက်သွေ့တာမို့ အစိုဓာတ် လိမ်းဆေး ခရင်မ်တွေ သုံးရတယ်။ သုံးရမယ့်ဆေးတွေ ပိုများလာတယ်။
(၅) sensitive skin
ထိလွယ် ခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်မျိုးဖြစ်ပါတယ်။ တော်ရုံ အရေပြားဆေးတွေနဲ့ မတဲ့ဘူး။ အရေပြားက ပါးတယ်။ နေရောင်ထဲသွားရင် မျက်နှာရဲတာ၊ ပူစပ်ပူလောင် ခံစားရတာ ဖြစ်တတ်တယ်။သူများထက် အသားအရေ ပျက်ဆီးလွယ်တယ်။အရေးအကြောင်း ပေါ်လွယ်တယ်။ နေ့လည်နဲ့ ညပိုင်းတွေမှာ အရေပြားက ခြောက်သွေ့နေတတ်တယ်။ ဒီအသားအရေပိုင်ရှင် skin care သုံးရင် အထူးသတိထားရတယ်။ ဓာတ်မတဲ့တာ ဖြစ်နိုင်လို့ဖြစ်တယ်။
အကြုံပြုချက်
အားလုံးထဲမှာ အပါးဆုံးအရေပြားဖြစ်လို့ အထူးဂရုစိုက်သင့်တယ်။ လိမ်းဆေးမှာ ရနံ့၊ အရသာ ပါရင် သတိပြုပါ။ alcohol,menthol, walnuts, pumice or aluminum oxide ပါရင် မသုံးသင့်ဘူး။ဓာတ်မတဲ့တာဖြစ်နိုင်တယ်။ scrubbing နဲ့ bar soaps သုံးတာလည်း ရှောင်သင့်တယ်။
အရေပြားအမျိုးအစားတွေဟာ ရာသီ၊ အသက်အရွယ်၊ အစားအသောက်၊ ဟော်မုန်းပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ သို့သော် skin care သုံးမယ်ဆိုရင် မိမိရဲ့ လက်ရှိအသားအရေကို သိဖို့ လိုပါတယ်။ ဒါမှသာ ကိုယ်နဲ့အကိုက်ညီဆုံး skin care ကို ရွေးချယ်သုံးစွဲနိုင်မှာ ဖြစ်တယ်။
ဒေါက်တာ အေးမင်းထူး
၄.၄.၁၇