အလွအပပစၥည္းမ်ားအေၾကာင္း

(၁) Toner

Tonerဆိုတာ မ်က္ႏွာသန္႔စင္တဲ့ အရည္ၾကည္တမ်ိဳးျဖစ္ပါတယ္။ တိုနာအာနိသင္က အညစ္အေၾကးကို အဓိကဖယ္ရွားသန္႔စင္ေပးတာ ျဖစ္တယ္။ မ်က္ႏွာသစ္ေတြသံုးၿပီး က်န္ေနႏိုင္တဲ့ အညစ္အေၾကးကို ဗာတိုနာက ေကာင္းေကာင္းဖယ္ရွားေပးႏိုင္တယ္။ ေနာက္ၿပီး မ်က္ႏွာအဆီေပါက္ေတြကို က်ဥ္းေစတာမို႔ အဆီျပန္ျခင္း ကင္းစင္ေစတယ္။ အထူးသျဖင့္ မိတ္ကပ္သံုးသူအမ်ားစုဟာ တိုနာသံုးသင့္တယ္။
(၂) Mist
Mist ဆိုတာ အရည္တမ်ိဳးပဲ။ toner နဲ႔နည္းနည္းဆင္တယ္။ ဒါေပမယ့္ အာနိသင္မတူညီပါဘူး။ mist ထဲမွာ သဘာဝဆီ၊ ပန္းဆီ၊ အလွဆီနဲ႔ ေရဓာတ္ တို႔ပါေလ့ရွိတယ္။ အာနိသင္က အေရျပား pH ကို မွန္ေစတယ္။ အစိုဓာတ္ကို ထိန္းေပးၿပီး မ်က္ႏွာျပင္ကို ေအးျမေစတယ္။ ပုလင္းနဲ႔လာၿပီး အေရွ႕တိုင္းသားေတြကို မ်က္ႏွာေျခာက္ေသြ႕တဲ့အခါ ျဖန္းေလ့ရွိတယ္။ ေႏြရာသီမွာ အဓိက အသံုးဝင္တယ္။ တခ်ိဳ႕က မိက္ကပ္မလိမ္းခင္ ႀကိဳလိမ္းတတ္ၾကတယ္။
(၃) Essence
essence က အားလံုးထဲမွာ ျပင္းအားအနည္းဆံုးပဲ။ ပံုမွန္အားျဖင့္ ေရသာသာ အရည္ၾကည္တမ်ိဳးပဲ။ တခ်ိဳ႕က treatment water လို႔ေခၚတယ္။ အေရျပားကို အဓိကျပဳျပင္ေပးတယ္။ အမ်ိဳးအစား သံုးမ်ိဳးလာတယ္။
• whitening essence ဆိုတာ မ်က္ႏွာ ဝင္းမြတ္ေတာက္ပတဲ့ ေနရာမွာ သံုးတယ္။ Melvita Brightening essence ဆိုတဲ့ နာမည္နဲ႔လာတယ္။
• pore control essence ကေတာ့ အဆီျပန္ျခင္းကို ထိန္းခ်ဳပ္တဲ့ ေနရာမွာ အသံုးဝင္တယ္။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့ေနရာမွာ ေကာင္းတယ္။
• skin repairing essence က အေရျပားကို ျပဳျပင္ေပးတာျဖစ္တယ္။Cremorlab Mineral Treatment essence နာမည္နဲ႔လာတယ္။အားလံုးထဲမွာ နာမည္အႀကီးဆံုးက အမ်ားသိတဲ့ SKII facial treatment essence ျဖစ္ပါတယ္။ ကၽြန္ေတာ္လည္း သံုးဖူးပါတယ္။ အခုလည္း သံုးတယ္။ အဆီဓာတ္အေျခခံတဲ့ Essence လိုမ်ိဳးလည္း ရွိပါေသးတယ္။ အမ်ားစုက Mandelic acid ပါတယ္။
(၄) Serum
Serum က essenceထက္ ဓာတုပါဝင္မႈပိုမ်ားတယ္။ နည္းနည္းပိုျပစ္တယ္။ ဒါ့ေၾကာင့္ essenceထက္ ေစ်းအနည္းငယ္ပိုတယ္။ serumက အေရျပားအတြင္းပိုင္းထိ စိမ့္ဝင္ေစၿပီး အသားေရာင္ကို ၾကည္လင္ဝင္းပေစတယ္။ ေလထုညစ္ညမ္းမႈေၾကာင့္ အေရျပားပ်က္ဆီးတာကို ကာကြယ္ႏိုင္တယ္။ အစိုဓာတ္ထိန္းေပးႏိုင္ေပမယ့္ moisturizer နဲ႔ သဘာဝခ်င္း လံုးဝမတူပါ။ moisturizerက အေရျပားအေပၚယံကို ျပင္ပေလထု၊ ရာသီဥတုနဲ႔တိုကိ႐ိုက္မထိေအာင္ အလႊာပါးတခုနဲ႔ ကာကြယ္ေပးတဲ့ သေဘာသာျဖစ္တယ္။ Serum ကေတာ့ အေရျပားအတြင္းပိုငိးထိ နက္ရိႈင္းစြာ ဝင္ေရာက္ၿပီး အသားအေရႏူူညံ့ေစတာျဖစ္တယ္။ serum က အေရျပားတြန္႔တာကို ကာကြယ္ေပးႏိုင္ေပမယ့္ လူတိုင္း serum သံုးလို႔ရပါတယ္။
serum ထဲမွာ ေရဓာတ္အေျခခံ(water based serum) နဲ႔ အဆီအေျခခံ (Oil based serum)ဆိုၿပီး ႏွစိမ်ိဳးရွိတယ္။  Oil based serumေတြထဲမွာ Vitamin C (သို႔) retinol လိုမ်ိဳးပါေလ့ရွိတယ္။ အာနိသင္ေပၚမူတည္ၿပီး ထုတ္ထားတဲ့ Serum သံုးမ်ိဳးရွိတယ္။
• anti-aging serumဆိုတာ အေရျပားတြန္႔သူ ေတြမွာအဓိကသံုးတယ္။
• pore tightening serum ကေတာ့ ဝက္ျခံထြက္သူ၊ အဆီျပန္သူ၊ အဆီဂလင္းမ်ားသူေတြမွာ သံုးတယ္
• brightening serum ကေတာ့ အေရျပားကို ဝင္းမြတ္ေစတဲ့ အမ်ိဳးအစားျဖစိတယ္။
(၅) Ampoule
Ampoule က ဒီသံုးမ်ိဳးထဲမွာ သူကအရည္အပ်စ္ဆံုးနဲ႔ ပါဝင္မႈအမ်ားဆံုးပဲ။ serum ထက္ ေစ်းနည္းနည္းပိုႀကီးတယ္။ ဗီတာမင္နဲ႔ အပင္အင္ဇိုင္းေတြ ပါေလ့ရွိတယ္။ အသားအေရာင္ကို ညီညာ ေခ်ာမြတ္ေစၿပီး  အေရျပားထဲ ပိုမိုစိမ့္ဝင္ႏိုင္တယ္။ အခ်ိန္တိုအတြင္း အာနိသင္အထိေရာက္ဆံုးပဲ။ brightening ampoule က အေရျပားေတာက္ပေစဖို႔ သံုးတယ္။လိမ္းထားရင္ အသားေရာင္ ၾကည္လင္ေနတယ္။ collagen ampoule (သို႔) wrinkle reducer ampouleက အေရျပားတင္းရင္းေစဖို႔ သံုးတယ္။ အထူးသျဖင့္ အသက္ႀကီးရင့္သူေတြ သံုးႏိုင္တယ္။
ပံုမွန္အားျဖင့္ မိပ္ကပ္ေတြ ၾကာရွည္ခံေအာင္ hydrating (သို႔) makeup ampoules ေတြကို သံုးတယ္။ အထူးသျဖင့္ မဂၤလာေဆာင္ေတြမွာ သံုးၾကတယ္။ ေလနဲ႔ထိရင္ ဓာတ္ျပဳလြယ္လို႔ vial ေလလံုတဲ့ပုလင္းထဲ ထားရတယ္။
ပါဝင္တဲ့ျပင္းအား     –      ampoule > serum> essence .
အပ်စ္၊အက်ဲ           –      essence > ampoule  > serum
(၆) Booster
booster ဆိုတာ serum/essence မလိမ္းခင္သံုးရတဲ့ပစၥည္းတမ်ိဳးျဖစ္ပါတယ္။ ဒါေပမယ့္ တိုနာသံုးၿပီးမွ လိမ္းရတယ္။ booster သံုးျခင္းအားျဖင့္ essence/serum ရဲ႕အာနိသင္ကို ပိုေကာင္းေစတယ္။ အေရျပားအေရာင္က ပံုမွန္ ၾကည္လင္ေတာက္ပလာတယ္။ မ်က္ႏွာအေသားေရာင္ပိုလင္းလာတယ္။
(၇) Floral water
သိပ္ထူးထူးဆန္းဆန္းမဟုတ္ပါဘူး။ ပန္းကို ေရနဲ႔ စိမ္ၿပီး ေပါငိးစပ္ထားတဲ့ အရညိတမ်ိဳးျဖစ္ပါတယ္။ ဒီအရည္ကို toner, mist (သို႔) moisturiser အေနနဲ႔လညိး သံုးလို႔္ရတယ္။ အေ႐ျပားကို ေအးျမစိုစြတိေစတယိ။ ေရဓာတ္ကို နညိးနည္းထိန္းေပးတယ္။ ဒါေပမယ့္ moisturiser စစ္စစ္လို အာနိသင္မေကာင္းပါ။ ေဆာင္းရာသီမ်ိဳးမွာ သိပ္အသံုးမဝင္ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန္းအရည္တမ်ိဳးျဖစိပါတယ္။
 (၈) Finisher
 ေနာက္ဆံုးမွသံုးလို႔ skin finisher လို႔လည္း ေခၚတယ္။ မ်က္ႏွာအေရျပား ေတာက္ပေနေအာင္ျပဳလုပ္ေပးတဲ့ ပစၥည္းျဖစ္ပါတယ္။ တကယ္က အေရာင္တင္တဲ့သေဘာပါပဲ။ toner, serums/essence/ နဲ႔ moisturisers အားလံုးသံုးၿပီးေနာက္မွ အေပၚက ထပ္သံုးရတယ္။  ေအာက္မွာ ခံလိမ္းထားတဲ့ အေရျပားထိန္းပစၥည္းေတြကို ၾကာရွည္ခံေအာင္ ဖံုးေပးတဲ့သေဘာပါပဲ။ အဲဒီရဲ႕အေပၚကမွာ ေနေလာင္ကာလိမ္းေဆး၊ foundation၊ မိပ္ကပ္စတာေတြ ဆက္သံုးႏိုင္တယ္။ ပံုမွန္အားျဖင့္ ေန႔ပိုင္းမွာသာ သံုးတယ္။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည္နဲ႔လာတယ္။
(၉) Peeling Gel
အေရျပားအေပၚယံဆဲလ္ကို ခြာေပးတဲ့ ဂ်ယ္တမ်ိဳးျဖစ္ပါတယ္။ scrubs ေလာက္ မျပင္းဘူး၊ အေပၚယံ epothelium မွာရွိတဲ့ ဆဲလ္ေသေတြကို ဖယ္ရွားေပးတယ္။ ပံုမွန္အားျဖင့္ အာနိသင္ေကာင္းေအာင္ ညဖက္မွာ သံုးၿပီး sheet mask မသံုးခင္သံုးုၾကတယ္။ ကိုရီးယားမွာ UGB Peeling Gel အေနနဲ႔ လာပါတယ္။
အလွကုန္ပစၥည္းေတြလိမ္းတဲ့အခါ တခုခ်င္းအာနိသင္ သိရမယ္။ဒါမွကိုယ္နဲ႔ကိုက္ညီတာကို ေရြးခ်ယ္ႏိုင္မယ္။ အသားေရေပၚလိုက္ၿပီး သံုးရမယ့္ လိမ္းေဆးေတြ မတူညီၾကပါဘူး။
လိမ္းေဆးေတြကို ေယဘုယ် ေလးမ်ိဳးခြဲႏိုင္တယ္။
• Emulsion
Emulsionဆိုတာ ေရဓာတ္အေျခခံ အစိုဓာတ္ထိန္းပစၥည္းပါပဲ။ အဆီျပန္တဲ့အသားအေရအတြက္ emulsion type ကို ေရြးခ်ယ္သင့္တယ္။ အစိုဓာတ္ကို ထိနိးေပးရံုမက အသားအေရာင္ကို နညိးနည္းတင္ေပးတယ္။အသားေရာင္ ျဖဴစင္ဝင္းပေစတယ္။ အဆီဂလင္းပိတ္ဆို႔မႈ ေလွ်ာ့နည္းေစတယ္။ အေရျပားပါးၿပီး sensentive သိပ္ျဖစ္ရင္ Emulsion ကိုသံုးပါ။
• Lotion
လိုးရွင္းဆိုတာ အေရျပားကို လိမ္းရတဲ့ ခပ္က်ဲက်ဲအရည္ကို ေခၚတာပါ။ Emulsion ထက္ နည္းနည္းပိုျပစ္တယ္။ ဒါေပမယ့္ ထုတ္တဲ့ ႏိုင္ငံေပၚမူတည္ၿပီး လက္ေတြ႕မွာ အေခၚေဝၚေတြ မတူညီၾကပါ။ ကိုရီးယားလိုးရွင္းေတြဟာ moisturizer အမ်ားစုမွာ သံုးတဲ့အေခၚျဖစ္ပါတယ္။ ဂ်ပန္လိုးရွငိးေတြဆိုရင္ toner ကို အဓိကေျပာခ်င္တာပါဂ။ ဥပမာ Kose Sekkisei Lotion ဆိုတာ refreshing toner တိုနာတမ်ိဳး ျဖစ္ပါတယ္။
• Cream
အဆီကို အေျခခံထုတ္ထားတယ္။ ဒါေပမယ့္ အဆီျပနိတဲ့အသားအေရမွာ မသံုးပဲ အေရျပားေျခာကိေသြ႕သူေတြ သံုးသင့္တယ္။ အထူးသျဖင့္ ေဆာငိးရာသီမွာ သံုးရတယ္။ ခရင္မ္ေတြထဲမွာလည္း အသားျဖဴတာ၊ အေရးအေၾကာငိးကင္းစင္တာ၊ ေရဓာတ္အားျဖည့္တာနဲ႔ ဝက္ျခံအတြက္ဆိုၿပီး ထုတ္ထားတယ္။ မိမိႏွစ္သက္ရာ ေရြးခ်ယ္သံုးပါ။
• Gel
ေရဓာတ္အေျခခံျဖစ္လို႔ အဆီျပန္တဲ့အသားအေရတြက္သင့္ေတာ္တယ္။ silicone or gylerin မ်ိဳး ထည့္ထားတယ္။ ဂ်ယ္ပံုစံျဖစ္လို႔ cream (သို႔) emulsion တို႔ထက္ အေရာင္ပိုၾကည္တယ္။ သံုးထားရင္ အေရျပားက သန္႔စင္ၾကည္လင္သလို ျဖစ္ေနတယ္။ ဥပမာ Neutrogena Hydra Boost ဆိုတာ အစိုဓာတ္ထိန္းဂ်ယ္(Gel moisturizers )တမ်ိဳး ျဖစ္ပါတယ္။
ျခံဳသံုးသပ္ရရင္ အဆီျပန္တဲ့အသားအေရမွာEmulsion နဲ႔ Gel moisturizers ကို သံုးရမွာ ျဖစ္ၿပီး အေရျပားေျခာက္ေသြ႕သူမွာ Creamကိုသံုးရမွာ ျဖစ္ပါတယ္။ lotion ကေတာ့ ပါဝင္ပစၥည္းကို ၾကည့္ၿပီး သံုးသင့္တယ္။ သာမန္အေရျပားအတြက္ ဘယ္ပံုစံမဆို သံုးလို႔ရပါတယ္။
ေဒါက္တာ ေအးမင္းထူး
၂၄.၆.၁၆
[unicode]

(၁) Toner

Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။

(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။

(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။  Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။

(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး  အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား     –      ampoule > serum> essence .
အပျစ်၊အကျဲ           –      essence > ampoule  > serum

(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။

(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။

(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။  အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။

(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးုကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။

အလှကုန်ပစ္စည်းတွေလိမ်းတဲ့အခါ တခုချင်းအာနိသင် သိရမယ်။ဒါမှကိုယ်နဲ့ကိုက်ညီတာကို ရွေးချယ်နိုင်မယ်။ အသားရေပေါ်လိုက်ပြီး သုံးရမယ့် လိမ်းဆေးတွေ မတူညီကြပါဘူး။
လိမ်းဆေးတွေကို ယေဘုယျ လေးမျိုးခွဲနိုင်တယ်။

• Emulsion
Emulsionဆိုတာ ရေဓာတ်အခြေခံ အစိုဓာတ်ထိန်းပစ္စည်းပါပဲ။ အဆီပြန်တဲ့အသားအရေအတွက် emulsion type ကို ရွေးချယ်သင့်တယ်။ အစိုဓာတ်ကို ထိနိးပေးရုံမက အသားအရောင်ကို နညိးနည်းတင်ပေးတယ်။အသားရောင် ဖြူစင်ဝင်းပစေတယ်။ အဆီဂလင်းပိတ်ဆို့မှု လျှော့နည်းစေတယ်။ အရေပြားပါးပြီး sensentive သိပ်ဖြစ်ရင် Emulsion ကိုသုံးပါ။

• Lotion
လိုးရှင်းဆိုတာ အရေပြားကို လိမ်းရတဲ့ ခပ်ကျဲကျဲအရည်ကို ခေါ်တာပါ။ Emulsion ထက် နည်းနည်းပိုပြစ်တယ်။ ဒါပေမယ့် ထုတ်တဲ့ နိုင်ငံပေါ်မူတည်ပြီး လက်တွေ့မှာ အခေါ်ဝေါ်တွေ မတူညီကြပါ။ ကိုရီးယားလိုးရှင်းတွေဟာ moisturizer အများစုမှာ သုံးတဲ့အခေါ်ဖြစ်ပါတယ်။ ဂျပန်လိုးရှငိးတွေဆိုရင် toner ကို အဓိကပြောချင်တာပါဂ။ ဥပမာ Kose Sekkisei Lotion ဆိုတာ refreshing toner တိုနာတမျိုး ဖြစ်ပါတယ်။

• Cream
အဆီကို အခြေခံထုတ်ထားတယ်။ ဒါပေမယ့် အဆီပြနိတဲ့အသားအရေမှာ မသုံးပဲ အရေပြားခြောကိသွေ့သူတွေ သုံးသင့်တယ်။ အထူးသဖြင့် ဆောငိးရာသီမှာ သုံးရတယ်။ ခရင်မ်တွေထဲမှာလည်း အသားဖြူတာ၊ အရေးအကြောငိးကင်းစင်တာ၊ ရေဓာတ်အားဖြည့်တာနဲ့ ဝက်ခြံအတွက်ဆိုပြီး ထုတ်ထားတယ်။ မိမိနှစ်သက်ရာ ရွေးချယ်သုံးပါ။

• Gel
ရေဓာတ်အခြေခံဖြစ်လို့ အဆီပြန်တဲ့အသားအရေတွက်သင့်တော်တယ်။ silicone or gylerin မျိုး ထည့်ထားတယ်။ ဂျယ်ပုံစံဖြစ်လို့ cream (သို့) emulsion တို့ထက် အရောင်ပိုကြည်တယ်။ သုံးထားရင် အရေပြားက သန့်စင်ကြည်လင်သလို ဖြစ်နေတယ်။ ဥပမာ Neutrogena Hydra Boost ဆိုတာ အစိုဓာတ်ထိန်းဂျယ်(Gel moisturizers )တမျိုး ဖြစ်ပါတယ်။

ခြုံသုံးသပ်ရရင် အဆီပြန်တဲ့အသားအရေမှာEmulsion နဲ့ Gel moisturizers ကို သုံးရမှာ ဖြစ်ပြီး အရေပြားခြောက်သွေ့သူမှာ Creamကိုသုံးရမှာ ဖြစ်ပါတယ်။ lotion ကတော့ ပါဝင်ပစ္စည်းကို ကြည့်ပြီး သုံးသင့်တယ်။ သာမန်အရေပြားအတွက် ဘယ်ပုံစံမဆို သုံးလို့ရပါတယ်။

ဒေါက်တာ အေးမင်းထူး
၂၄.၆.၁၆

Facebook Comments
 

Post Author: admin