cleanser ဆိုတာ မျက်နှာအညစ်အကြေးသန့်စင်ပေး တဲ့ ဆေးတမျိုးဖြစ်တယ်။ ဖုန်၊ အဆီ၊ မိတ်ကပ်နဲ့ ဆဲလ်သေတွေကို ဖယိရှားပေးနိုင်ပါတယ်။ မျက်နှာအဆီပေါက်တွေ မပိတ်ဆို့အောင် ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးတယ်။ cleanserဟာ အရင်ခေတ်က သုံးစွဲခဲ့ကြတဲ့ Bar soap ထက် ပိုကောင်းတယ်။ ဘာ့ကြောင့်လဲဆိုတော့ Bar soap ရဲ့ pHကမြင့်လို့ပါပဲ။ ပုံမှန်အားဖြင့် pH 9 နဲ့ 10 ကြားရှိလို့ အယ်လ်ကာလီဖက်ရောက်တယ်။ လူ့အရေပြားက အက်ဆစ်ကဲတယ်။ pH 4.7 လောက်ရှိလို့ pH ကွာခြားချက်များတယ်။ အဲလို pHအပြောင်းလဲ များခြင်းက ဗက်တီးရီးယားပေါက်ဖွားမှုကို အားပေးတယ်။ Bar soapက မျက်နှာမှာရှိတဲ့ သဘာဝအဆီကို ဖယ်ရှားလိုက်တယ်။ တခါတရံ cleanser တွေသုံးပြီးမှ ဝက်ခြံထွက်လာတာမျိုးရှိတယ်။
cleanser အများစုဟာ အဆီပြန်တဲ့အသားအရေနဲ့ ပိုသငိ့တော်လေ့ရှိတယ်။ အရေပြားခြာက်သွေ့သူတွေက ဆိုရင် creamy lotion-type cleanser ခရမ်လိုးရှင်းပုံစံမျိုး သုံးသင့်တယ်။ အစိုဓာတ်ကို ထိ်န်းပေးနိုင်တယ်။ ယေဘုယျအားဖြင့် အဆီပြန်တဲ့သူတွေမှာ cleanser အပြင်းစားသုံးပြီး ခြောက်သွေ့တဲ့သူတွေမှာ cleanser အပျော့စားသုံးသင့်တယ်။ခြောက်သွေ့တဲ့အသားရေမှာ alcohol-free တွေ ရွေးချယ်သုံးသင့်တယ်။ ပုံမှန်အားဖြင့် cleanser ကို အလွန်အကျွံမသုံးရဘူး။ တနေ့နှစ်ကြိမ်ထက် ပိုမသုံးသင့်ပါ။ သုံစွဲသင့်တဲ့ cleanserကို အောက်မှာဖော်ကြလိုက်ပါမယ်။
(1) Dry/Sensitive Skin
အရေပြားခြောက်သွေ့သူတွေမှာ emollient-rich cleanserတွေကိုသာ သုံးရမယ်။ ယေဘုယျအားဖြင့် “creamy” ၊ “milk” ပုံစံတွေနဲ့ လာလေ့ရှိတယ်။ Alcohol, Witch Hazel, Fragrance , Menthol စတာတွေပါရင် ရှောင်ပါ။ ခြောက်သွေ့တဲ့အရေပြားအတွက် မသင့်တော်ဘူး။
ရွေးချယ်သင့်သည့် အမျိုးအစား- cream cleansers, liquid cleansers and cleansing fluids
ပါဝင်ပစ္စည်း – Vitamin E, Shea or Cocoa Butter, Jojoba, Olive Oil, natural or organic plant extracts ပါတာတွေဦးစားပေးရွေးချယ်ပါ။ သုံးတဲ့အခါ ဂွမ်းစနဲ့သေချာ ဆွတ်ပြီး သုံးသင့်တယ်။
(2) Oily/Acne-Prone Skin
အဆီပြန်တဲ့အသားရေအတွက်cleanser ရွေးချယိမယ်ဆိုရင် အညွှန်းမှာ “purifying”၊ “balancing” ၊ “deep” စတဲ့နာမည်တွေ ရေးထားတာမျိုး ရွေးချယ်သုံးပါ။
ရွေးချယ်သင့်သည့် အမျိုးအစား- foaming face washes, cleansing oil, gel cleansers and exfoliating cleansers
ပါဝင်ပစ္စည်း(ingredient) ထဲမှာSalicylic Acid, Tea Tree Oil, Glycolic Acid and Benzoyl Peroxideပါတာတွေ ဦးစားပေးရွေးချယ်သင့်တယ်။ဆဲလ်သေတွေ ဖယ်ရှားပေးပြီးဂအဆီထုတ်တာ ကာကွယ်ပေးတယ်။
(3) Normal/Combination Skin
normal skin ဆိုတ အဆီပြန်လွန်း၊ခြောက်သွေ့လွန်းတာမရှိတဲ့ အသားအရေကို ဆိုလိုတာပါ။ combine skin ဆိုတာ နှာခေါင်း၊နဖူးစတဲ့ T ပုံစံမှာ အဆီပြန်ပြီး ကျန်တဲ့နေရာမှာ အရေပြားခြောကိတာကို ဆိုလိုတာ။ အဲလိုအသားအရေမှာ soap-free facial cleansers တွေသုံးရမယ်။Multi-tasking cleansers (သို့) 2-in-one cleansers တွေက တိုနာလိုပဲ။ combine skin မှာ scrubပါတဲ့အမျိုးအစား မသုံးသင့်ပါ။ ပြည်ဖုသေးသေးလေးတွေ ထွက်တဲ့မျက်နှာပြင်မှာ fruit enzymes ပါတာတွေကောင်းတယ်။ ပုံမှန်အသားအရေအတွက် “daily cleansers”မျိုး၊ “rebalancingပါတဲ့နာမည်မျိုး ရွေးသုံးပါ။ အညွှန်းက်ို သေချာဖတ်ပါ။ အထဲမှာ non-comedogenic လို့ရေးထားရင် ဝက်ခြံကို ပိုမဆိုးစေဘူး။ non-overdrying လို့ရေးထားရင် အသားအရေအလွန်ခြောက်တာ မရှိဘူးလို့ ဆိုလိုချင်တာ။ combine skin တွေမှာ ဒီလိုအညွှန်းပါတဲ့ ဆေးမျိုး ရွေးချယ်သုံးရမယ်။
ရွေးချယ်သင့်သည့် အမျိုးအစား- foaming face washes, cleansing gels, liquid cleansers, exfoliating cleansers
ပါဝင်ပစ္စည်း – Alpha-Hydroxy Acid, Witch Hazel (သို့) Meadowseed, Tea Tree Oil
ဒေါက်တာ အေးမင်းထူး
၂.၂.၁၇