မျက်နှာ အဆီပြန်သူတွေလည်း အစိုဓာတ်ထိန်းဆေး moisturizer တွေ ထည့်သုံးရမယ်။ အာနိသင်က ရေဓာတ်ဖြည့်ပေးတယ်။ အရေပြားခြောက်သွေ့မှုကို ကာကွယ်လို့ အဆီဂလင်းက သိပ်အလုပ်မလုပ်ရဘူး။ ဝက်ခြံမပေါက်တော့ဘူး။ ဒီအချက်တွေမှာ ကောင်းတယ်။
အစိုဓာတ်လိမ်းဆေးတွေက gel , lotion , cream ပုံစံအမျိုးမျိုးနဲ့လာတယ်။ သို့သော် အဆီပြန်တဲ့အသားအရေမှာ lotion နဲ့ cream အမျိူးအစားကို မသုံးသင့်ဘူး။ အဲဒီနေရာမှာ gel သို့မဟုတ် light lotion ကိုသာ သုံးသင့်တယ်။ icone ပါတာတွေက အဆီဓာတ်အခြေခံတွေဖြစ်လို့ အဆီပြန်သူတွေနဲ့ မတဲ့ပါဘူး။ water based ကိုသာ အသုံးပြုသင့်ပါတယ်။
skin care ဝယ်တဲ့အခါ label ကို သေချာဖတ်ပါ။ အဆီပြန်တဲ့အသားအရေအတွက် water-based(ရေဓာတ်အခြေခံ), oil-free (အဆီမပါ) စသည်တာတွေ သုံးရမယ်။ နောက်ပြီး non-comedogenic (အဆီဂလင်း ပိတ်ဆို့တာ မဖြစ်စေ)၊ non-acnegenic ( ဝက်ခြံမပေါက်စေ) ရေးထားရင် အဆီပြန်တဲ့အသားအရေမှာ သုံးစွဲနိုင်တယ်။ ပြောစရာရှိတာက oil free ဆိုပေမယ့် တချို့လိမ်းဆေး တွေမှာ ပျာဖယောင်းတွေပါနေတတ်တယ်။ ဝက်ခြံထွက်သူမှာ ပျားဖယောင်းသုံးရင် ပိုဆိုးလာတတ်တယ်။ နောက်ပြီး alcohol မှန်သမျှ အသားအရေပိုခြောက်စေလို့ အဆီဂလင်း ပိုအလုပ်လုပ်ရတယ်။ ဝက်ခြံပိုထွက်စေတတယ်။ ဒါတွေသတိပြုရှောင်ရမယ်။
အဆီပြန်၊ဝက်ခြံထွက်သူဟာ အရေပြားဆဲလ်သေ ဖယ်ပေးတဲ့ exfoliate ပါတာတွေ သုံးသင့်တယ်။ lactic, glycolic, and salicylic acid စတာတွေ ကောင်းတယ်။ သို့သော် paraffin, cocoa butter, oilsစတာတွေ ရှောင်သင့်တယ်။
အသက်ငယ်ရွယ်သူ ဝက်ခြံထွက်သူတွေမှာ anti-acne moisturizer တွေ သုံးသင့်ပေမယ့် အသက်(၄၀)ကျော်အရွယ်မှာတော့ အိုမင်းရင့်ရော်မှုကို ကာကွယ်တဲ့ anti-aging moisturizerတွေကိုသာ ရွေးချယ်သုံးသင့်တယ်။ သို့သော် အရည်ပျစ်တဲ့ thick gel တွေတော
ဒေါက်တာ အေးမင်းထူး
၂.၂.၁၇