အသားအရေပစ္စည်းတွေဟာ များလွန်းရင်လည်း မကောင်းဘူး။ နည်းလွန်းရင်လည်း အာနိသင်လျှော့တတ်တယ်။ တကယ်က ဘယ်ပစ္စည်းကို ပမာဏဘယ်လောက်သုံးမလဲဆိုတာ သက်သက်ရှိတယ်။ skin careသုံးသူတိုင်း မဖြစ်မနေ သိရမယ့် အချက်ဖြစ်ပါတယ်။ အလှအပစိတ်ဝင်စားသူတိုင်း ဒီအခြခံအချက်လေးတွေတော့ သိထားစေချင်တယ်။
Cleanser – ဟေဇယ်သီး(ကွမ်းသီးလုံးငယ်)ပမာဏလောက် သုံးရမယ်။
Moisturizer – စပျစ်သီးခြောက်ပမာဏလောက် သုံးပါ
serum – ပဲလုံးစိမ်းစေ့သာ သုံးပါ
eye cream – မျက်လုံးတဖက် ထင်းရှုးစေ့ပမာဏသာသုံးပါ
Shampoo – စတော်ဘယ်ရီသီး ပမာဏလောက် သုံးပါ
night cream – ဘလူးဘယ်ရီသီးပမာဏလောက် လိမ်းပါ
conditioner – ဆံပင်တိုသူအတွက် ချယ်ရီသီးလောက်သာ သုံးပါ။ အကယ်၍ ဆံပင်ရှည်ရင် စတော်ဘယ်ရီသီး နှစ်လုံးစာ ပမာဏလောက် သုံးပါ
styling cream – ဖရုံစေ့လောက်သာ သုံးပါ
mousse – တောင်ဝှေးသီး ပမာဏသာသုံးပါ
Wax – ဗာဒံစေ့ပမာဏသာ သုံးပါ
ဒေါက်တာ အေးမင်းထူး
၉.၈.၁၆