ဝက်ခြံအတွက် အကောင်းဆုံးတိုနာ
ပြုလုပ်နည်း
ဒေါက်တာ အေးမင်းထူး
၁၈.၅.၁၇
[unicode]
တိုနာဆိုတာ မျက်နှာအညစ်အကြေး ချွတ်တဲ့ ပစ္စည်းတမျိုးဖြစ်တယ်။ စျေးကွက်မှာရှိတဲ့ တိုနာအများစုမှာ polyethylene glycol, aclohol, mineral oil, glycerine, fragrance, dye ဆိုးဆေးတွေပါလေ့ရှိတယ်။ ဒီဓာတုပစ္စည်းတွေက ဝက်ခြံကိုပိုဆိုးတာဖြစ်နိုင်တယ်။ အထူးသဖြင့် အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေဖြစ်တယ်။ ဝက်ခြံပေါက်သူတွေမှာ လက်ဖက်စိမ်းဆီက အသုံးများတယ်။ အထူးသဖြင့် ဝက်ခြံအဖုအပိန့်တွေဖြစ်တယ်။ နောက်တမျိုးက အားလုံးသိတဲ့ ပန်းသီးရှာလကာရည်(apple cider vinegar)ဖြစ်တယ်။
ပန်းသီးရှာလကာရည်က အရေပြား pH ကို ထိန်းပေးတယ်။ လူ့အရေပြားဟာ အက်ဆစ်ဖကိကဲတယ်။pH 5.5 လောက်ရှိမယ်။ ဒီထက်နည်းတာ၊များတာတွေက ဝက်ခြံပေါကိဖို့ အားပေးတယ်။ ဥပမာ ဆပ်ပြာက အယ်ကာလီဖြစ်တယ်။ဆပ်ပြာသုံးတာများရင် ဝက်ခြံပေါက်လွယ်တယ်။ ရှာလကာရည်ရဲ့ အားသာချက်က ဗက်တီးရီးယားပေါက်ဖွားမှုကို ့ကာကွယ်နိုင်တာဖြစိတယ်။ ပန်းသီးရှာလကာရည်ရွေးတဲ့အခါ အကြည်ထက် အနောက်ကိုသာ ရွေးချယ်ရမယ်။ bragg တံဆိပ်က အကောငိးဆုံးဖြစ်တယ်။
ပြုလုပ်နည်း
လက်ဖက်စိမ်းရည်(green tea). – ခွက် လေးပုံသုံးပုံ
ပန်းသီးရှာလကာရည်(Apple cider vinegar) – ခွက် လေးပုံတပုံ
လက်ဖက်စိမ်းအထုပ်ကို ရေနွေးနဲ့ စိမ်ပြီး နာရီဝက်ထားပါ။ ရေနွေးကို ခွက်ရဲ့ လေးပုံသုံးပုံ ထည့်ရမယ်။ (ခွက်သေးတာကိုသာ သုံးပါ)ပြီးရင် ပန်းသီးရှာလကာရည် ခွက် လေးပုံတပုံနဲ့ရောပြီး သန့်စင်တဲ့ အဖုံးပိတ်ခွက်တခုထဲ ထည့်ပါ။ မျက်နှာမှာ တိုနာအနေနဲ့သုံးရင် ဂွမ်းစနဲ့ယူပြီး လိမ်းရမယ်။ တချို့က ရှောက်ရည်၊ ရှားစောင်းလက်ပပ်၊ လာဗင်ဒါဆီစတာတွေနဲ့ ရောသုံးကြတယ်။ သိမ်းဆည်းတဲ့အခါ ရေခဲသေတ္တာထဲ သိမ်းဆည်းရမယ်။တခါလုပ်ပြီးရင် (၂) ပတ်ထိ အထားခံတယ်။ မျက်နှာသစ်ပြီးတိုင်း သုံးစွဲခြင်းအားဖြင့် ဝက်ခြံကို တပတ်အတွင်း သိသိသာသာ ပျောက်ကင်းစေမှာဖြစ်တယ်။
ဒေါက်တာ အေးမင်းထူး
၁၈.၅.၁၇
Facebook Comments
Post Author: admin
Leave a Reply
Your email address will not be published. Required fields are marked *