အသက်အရွယ်ကြီးရင့်လာတဲ့အခါ မျက်နှာနဖူးပေါ်မှာ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။ အရေးအကြောင်းအတွက် essence, serum, ampoule စသည်ဖြင့် သုံးစွဲကြတာကြားဖူးမယ်။ ပုံမှန်အားဖြင့် anti wrinkle ပါတဲ့ လိမ်းဆေးတွေ သုံးစွဲကြပါတယ်။ ကံကောင်းတာကတော့ အခုပြောမယ့်နည်းက ငွေကုန်ကြေးကျသက်သာတဲ့ နည်းတစ်ခုဖြစ်တာပါ။ ဒီနည်းသုံးရုံနဲ့ အရေးအကြောင်းတွေကို သိသိသာသာ သက်သာစေနိုင်တယ်။
ပြုလုပ်ပုံ
vaseline (၄)ဇွန်း
ကြက်ဥအနှစ် (၂)လုံး
ပျားရည် (၂)ဇွန်း
သံလွင်ဆီ (၂)ဇွန်း
vaseline ကို ပန်းကန်တစ်ခုထဲထည့်ပြီး အရည်ပျော်သည်ထိ အပူပေးပါ။ ပြီးရင် ကြက်ဥအနှစ်ကို ယူပြီး အရည်ဖြစ်အောင် ခေါက်ပါ။ ကြက်ဥနှစ်နဲ့ vaseline ကို ရောစပ်ပါ။ ပျားရည်(၂)ဇွန်း နဲ့ သံလွင်ဆီ နှစ်ဇွန်းထပ်ထည့်ပြီး တသားတည်းဖြစ်အောင် လုပ်ပါ။ ကြက်ဥနှစ်နဲ့ ပျားရည်က အသားအရေကို ပြုပြင်ပြီး ကိုလာဂျင်ထုတ်လုပ်မှုကို အားပေးတယ်။ သံလွင်ဆီက အစိုဓာတ်ထိန်းပြီး ဗက်ဇလင်းကတော့ အရေပြားကို ချောမွေ့စေတယ်။
လိမ်းနည်း
လိမ်းတဲ့အခါ တသားတည်းဖြစ်အောင် brush နဲ့ ယူပြီး လိမ်းသင့်ပါတယ်။ လက်နဲ့လိမ်းမယ်ဆိုရင် စက်ဝိုင်းပုံ လိမ်းပေးသင့်တယ်။ မိနစ် (၄၀)ကြာအောင် ထားပါ။ ပြီးရင် ရေနဲ့ မျက်နှာ ပြန်သစ်ပါ။ ဒီနည်းအတိုင်း တစ်ပတ်တိတိ ဆက်တိုက်ပြုလုပ်ခြင်းဖြင့် နဖူးမှာရှိတဲ့ အရေးအကြောင်းတွေ ကင်းစင်စေမှာ ဖြစ်တယ်။
ဒေါက်တာ အေးမင်းထူး
၉.၈.၁၇