ႏႈတ္ခမ္းလႊာေလး ရဲေဖာက္ေနေအာင္

မိန္းကေလးတေယာက္ရဲ႕အလွအပမွာ ႏႈတ္ခမ္းလႊာေလးေတြက သိပ္အေရးပါတယ္။ ႏႈတ္ခမ္းလႊာ ရဲေဖာက္ေနသူတေယာက္ဟာ သာမန္ထက္ ပိုေပၚလြင္ေလ့ရွိတာ သတိျပဳမိလိမ့္မယ္။ အခု ႏႈတ္ခမ္းနီမသံုးပဲ သဘာဝအတိုင္း ႏႈတ္ခမ္းေလး ရဲလာေအာင္လုပ္တဲ့နည္းကို ေဖာ္ျပပါမယ္။ ႏႈတ္ခမ္းရဲဖို႔ အရင္ဆံုး အေပၚယံ ခပ္မဲမဲျဖစ္ေနတဲ့ ဆဲလ္ေသေတြကို ခြာေပးဖို႔လိုပါတယ္။ ဆဲလ္ေသဖယ္ရွားဖို႔ဆိုရင္ scrub တမ်ိဳးမ်ိဳး သံုးရတယ္။ ႏႈတ္ခမ္းအေရျပားသေဘာ ပါးတာမို႔ သာမန္အျပင္းစား scrub ေတြထက္စာရင္ ခပ္ေပ်ာ့ေပ်ာ့ျဖစ္တဲ့ sugar scrub လိုမ်ိဳး အသံုးျပဳရတယ္။ sugar scrub လုပ္နည္း အရင္က ေဖာ္ျပဖူးပါတယ္။ လုပ္နည္းက သိပ္မခက္ပါ။
sugar scrub လုပ္ဖို႔ သၾကားတဇြန္းနဲ႔ပ်ားရည္တဇြန္း ဆတူေရာစပ္ပါ။ အစိုဓာတ္အားျဖည့္ဖို႔ သံလြင္ဆီခပ္ပါးပါးထည့္ေပးႏိုင္ရင္ ပိုေကာင္းပါတယ္။ရလာတဲ့ အေရာကို နႈတ္ခမ္းေပၚ စက္ဝိုင္းပံု လိမ္းေပးပါ။ သံုးမိနစ္ခန္႔လိမ္းၿပီး ေရေဆးပါ။ ၿပီးရင္ ျပန္လိမ္းပါ။ အထက္ပါအတိုင္း သံုးႀကိမ္ခန္႔ျပဳလုပ္ေပးပါ။ မၾကာခင္ အေပၚမွာရွိေနတဲ့ ဆဲလ္ေသေတြ ကြာက်သြားပါလိမ့္မယ္။
အေပၚယံဆဲလ္လႊာ ကြာက်သြားၿပီးတဲ့ ႏႈတ္ခမ္းေလး ရဲေဖာက္လာေအာင္ ဆက္လုပ္ရတယ္။ ေအာက္ပါနည္းႏွစ္မ်ိဳးအနက္ တမ်ိဳးမ်ိဳးနဲ႔ ျပဳလုပ္ႏိုင္တယ္။
• ပထမနည္းက သစ္ဂ်ပိုးေခါက္မႈန္႔ လက္ဖက္ရည္ဇြန္း ေလးပံုတပံုခန္႔ယူၿပီး သံလြင္ဆီ နဲ႔ေရာၿပီး paste ျဖစ္ေအာင္ လုပ္ပါ။ ရလာတဲ့ pasteကို နႈတ္ခမ္းေပၚလိမ္းပါ။ ငါးမိနစ္ခန္႔ထားၿပီး ေရနဲ႔ေဆးခ်ပါ။
• ဒုတိယနည္းက ပိုလြယ္တယ္။ ဂ်င္းကို အျပားလိုက္စိတ္ၿပီး ႏႈတ္ခမ္းလႊာကို ငါးမိနစ္ခန္႔ အသာပြတ္ေပးပါ။ ၿပီးရင္ ၾကက္သီးေႏြးေရနဲ႔ ေဆးခ်ပါ။ မိမိႏွစ္သက္ရာ နည္းတမ်ိဳးကိုပဲ သံုးပါ။
အားလံုးလုပ္ၿပီးတဲ့အခါ ႏႈတ္ခမ္းလႊာေလးႏွစ္ခု စိုရႊန္းလာေအာင္ ေရဓာတ္အားျဖည့္ဖို႔ လိုအပ္ပါတယ္ ႏႈတ္ခမ္းအဆီ တမ်ိဳး လိမ္းေပးရတယ္။ ဒီေနရာမွာ lip balm ေလးေတြက သိပ္အသံုးဝင္တယ္။ အိမ္မွာတင္ အလြယ္လုပ္လို႔ရတဲ့ သဘာဝ lip balm လုပ္နည္းကို ေဖာ္ျပပါမယ္။ အရင္ဆံုး ဖ်ားဖေယာင္း ထမင္းစားဇြန္း(၁)ဇြန္းစာခန္႔ ယူၿပီး အပူေပးပါ။ ၿပီးရင္ အုန္းဆီ (၃)ဇြန္းနဲ႔ ေ႐ာစပ္ပါ။ အထဲကို မိမိႏွစ္သက္ရာအဆီတမ်ိဳးမ်ိဳး နည္းနည္း ထပ္ထည့္ပါ။ တခ်ိဳ႕က ပင္စိမ္းဆီကို ၫႊန္းတယ္။ရလာတဲ့အေရာကို သန္႔စင္တဲ့ ပုလင္းတခုထဲထည့္ၿပီး ခဲသြားေအာင္ ထားပါ။ မၾကာခင္ lip balm အဆီေလးရလာပါလိမ့္မယ္။ ရလာတဲ့ အဆီကို မိမိနႈတ္ခမ္းေပၚ ညစဥ္ခပ္ပါးပါး လိမ္းေပးပါ။ တစ္လအတြင္း ရႊန္းလဲ့ေတာက္ပၿပီး ဖူးရြေနတဲ့ ႏွင္းဆီေရာင္ ႏႈတ္ခမ္းေလးေတြ ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။
ေဒါက္တာ ေအးမင္းထူး
၂၈.၂.၁၆
[unicode]

မိန်းကလေးတယောက်ရဲ့အလှအပမှာ နှုတ်ခမ်းလွှာလေးတွေက သိပ်အရေးပါတယ်။ နှုတ်ခမ်းလွှာ ရဲဖောက်နေသူတယောက်ဟာ သာမန်ထက် ပိုပေါ်လွင်လေ့ရှိတာ သတိပြုမိလိမ့်မယ်။ အခု နှုတ်ခမ်းနီမသုံးပဲ သဘာဝအတိုင်း နှုတ်ခမ်းလေး ရဲလာအောင်လုပ်တဲ့နည်းကို ဖော်ပြပါမယ်။ နှုတ်ခမ်းရဲဖို့ အရင်ဆုံး အပေါ်ယံ ခပ်မဲမဲဖြစ်နေတဲ့ ဆဲလ်သေတွေကို ခွာပေးဖို့လိုပါတယ်။ ဆဲလ်သေဖယ်ရှားဖို့ဆိုရင် scrub တမျိုးမျိုး သုံးရတယ်။ နှုတ်ခမ်းအရေပြားသဘော ပါးတာမို့ သာမန်အပြင်းစား scrub တွေထက်စာရင် ခပ်ပျော့ပျော့ဖြစ်တဲ့ sugar scrub လိုမျိုး အသုံးပြုရတယ်။ sugar scrub လုပ်နည်း အရင်က ဖော်ပြဖူးပါတယ်။ လုပ်နည်းက သိပ်မခက်ပါ။

sugar scrub လုပ်ဖို့ သကြားတဇွန်းနဲ့ပျားရည်တဇွန်း ဆတူရောစပ်ပါ။ အစိုဓာတ်အားဖြည့်ဖို့ သံလွင်ဆီခပ်ပါးပါးထည့်ပေးနိုင်ရင် ပိုကောင်းပါတယ်။ရလာတဲ့ အရောကို နှုတ်ခမ်းပေါ် စက်ဝိုင်းပုံ လိမ်းပေးပါ။ သုံးမိနစ်ခန့်လိမ်းပြီး ရေဆေးပါ။ ပြီးရင် ပြန်လိမ်းပါ။ အထက်ပါအတိုင်း သုံးကြိမ်ခန့်ပြုလုပ်ပေးပါ။ မကြာခင် အပေါ်မှာရှိနေတဲ့ ဆဲလ်သေတွေ ကွာကျသွားပါလိမ့်မယ်။
အပေါ်ယံဆဲလ်လွှာ ကွာကျသွားပြီးတဲ့ နှုတ်ခမ်းလေး ရဲဖောက်လာအောင် ဆက်လုပ်ရတယ်။ အောက်ပါနည်းနှစ်မျိုးအနက် တမျိုးမျိုးနဲ့ ပြုလုပ်နိုင်တယ်။

• ပထမနည်းက သစ်ဂျပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း လေးပုံတပုံခန့်ယူပြီး သံလွင်ဆီ နဲ့ရောပြီး paste ဖြစ်အောင် လုပ်ပါ။ ရလာတဲ့ pasteကို နှုတ်ခမ်းပေါ်လိမ်းပါ။ ငါးမိနစ်ခန့်ထားပြီး ရေနဲ့ဆေးချပါ။
• ဒုတိယနည်းက ပိုလွယ်တယ်။ ဂျင်းကို အပြားလိုက်စိတ်ပြီး နှုတ်ခမ်းလွှာကို ငါးမိနစ်ခန့် အသာပွတ်ပေးပါ။ ပြီးရင် ကြက်သီးနွေးရေနဲ့ ဆေးချပါ။ မိမိနှစ်သက်ရာ နည်းတမျိုးကိုပဲ သုံးပါ။

အားလုံးလုပ်ပြီးတဲ့အခါ နှုတ်ခမ်းလွှာလေးနှစ်ခု စိုရွှန်းလာအောင် ရေဓာတ်အားဖြည့်ဖို့ လိုအပ်ပါတယ် နှုတ်ခမ်းအဆီ တမျိုး လိမ်းပေးရတယ်။ ဒီနေရာမှာ lip balm လေးတွေက သိပ်အသုံးဝင်တယ်။ အိမ်မှာတင် အလွယ်လုပ်လို့ရတဲ့ သဘာဝ lip balm လုပ်နည်းကို ဖော်ပြပါမယ်။ အရင်ဆုံး ဖျားဖယောင်း ထမင်းစားဇွန်း(၁)ဇွန်းစာခန့် ယူပြီး အပူပေးပါ။ ပြီးရင် အုန်းဆီ (၃)ဇွန်းနဲ့ ရောစပ်ပါ။ အထဲကို မိမိနှစ်သက်ရာအဆီတမျိုးမျိုး နည်းနည်း ထပ်ထည့်ပါ။ တချို့က ပင်စိမ်းဆီကို ညွှန်းတယ်။ရလာတဲ့အရောကို သန့်စင်တဲ့ ပုလင်းတခုထဲထည့်ပြီး ခဲသွားအောင် ထားပါ။ မကြာခင် lip balm အဆီလေးရလာပါလိမ့်မယ်။ ရလာတဲ့ အဆီကို မိမိနှုတ်ခမ်းပေါ် ညစဉ်ခပ်ပါးပါး လိမ်းပေးပါ။ တစ်လအတွင်း ရွှန်းလဲ့တောက်ပပြီး ဖူးရွနေတဲ့ နှင်းဆီရောင် နှုတ်ခမ်းလေးတွေ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၂၈.၂.၁၆

Facebook Comments
 

Post Author: admin