ေရေမႊးဆြတ္ျခင္း

[zawgyi]

ရနံ႔ေတြမွာ မျမင္ရတဲ့ စြမ္းအင္ေတြရွိေနပါတယ္။ အဆင္း၊အသံ၊အနံ႕၊အရသာ၊ အထိအေတြ႕ အာရံုငါးပါးမွာ အနံ႕ကလည္း တပါးအပါအဝင္ျဖစ္တယ္။ ရနံ႕ေတြက လူ႔ စိတ္ကို လန္းဆန္းေစတယ္ ၾကည္လင္တက္ၾကြေစတယ္။ ႏိုးၾကားေစတယ္။မိမိကိုယ္ကို ယံုၾကည္ခ်က္ရွိေစတယ္။ ဒါ့ေၾကာင့္ ရနံ႕ေကာင္းတဲ့ ေရေမႊးကို သံုးစြဲလာၾကတာ ျဖစ္ပါတယ္။

ကမာၻေပၚမွာ ပထမဆံုးေရေမႊးထုတ္လုပ္သူလို႔ သတ္မွတ္ခံ႐သူကေတာ့ BC 1200 မွာ ေပၚေပါက္ခဲ့တဲ့ tapputi ဆိုတဲ့ အမ်ဳိးသမီးတစ္ဦးျဖစ္ပါတယ္။ သူမက ပန္းေပါင္းဆီကို လိုသလို ေရာစပ္ၿပီး ေရေမႊးနံ႕ကို စတင္ထုတ္လုပ္ခဲ့တယ္။ အိႏၵိယမွာလည္း အဲသည္ေခတ္နဲ႔ မေရွးမေႏွာင္းမွာ စတင္သံုးစြဲခဲျ့ကတယ္။ ကိုယ္သင္းနံ႕အတြက္ထုတ္လုပ္တဲ့ ေရေမႊးဆီေတြကေတာ့ မက္ဆိုပိုေတးမီးယား ေခတ္ကတည္းက ရွိခဲ့ဖူးပါတယ္။

ေရေမႊးေတြကို အဂၤလိပ္လို perfume ေခၚပါတယ္။ perfume ဆိုတာ လက္တင္ဘာသာစကား perfumare(အေငြ႕ျပန္ျခင္း) ကလာပါတယ္။ ျပင္သစ္လိုက်ေတာ့ parfum လို႔ ေခၚတယ္။ ေရေမႊးမွန္သမွ် ရနံ႔ဆီ နဲ႔ အရက္ျပန္ကို အခ်ိဳးက်က် ေပါင္းစပ္ထုတ္လုပ္ရပါတယ္။ ဒါမွသာ အေငြ႕ျပန္တဲ့အခါ သင္းပ်ံ႕တဲ့ရနံ႕ကို ရရွိမွာ ျဖစ္ပါတယ္။

ေရေမႊးမွန္သမွ် ရနံ႕ဆီ၊  ေရ သို႔မဟုတ္ အရက္ျပန္ ေပါင္းစပ္ရတယ္။ ေရေမႊးတစ္ခုမွာ အရက္ျပန္ ၂၀-၉၅% ထိ ပါဝင္ေလ့ရွိတယ္။ အရက္ျပန္မ်ားေလ အေငြ႕ပ်ံလြယ္ေလျဖစ္တယ္။ အေငြ႕ပ်ံရင္ အနံ႕က ျမန္ျမန္ထြက္လာပါတယ္။ အခန္းအပူခ်ိန္မွာ အေငြ႕ျပန္လြယ္တဲ့ ေမာ္လီက်ဴးေတြ ေပါင္းစပ္ထုတ္လုပ္ရတာ ျဖစ္ပါတယ္။

ေရေမႊးရနံ႔ေတြကို သစ္ပင္၊ သစ္သား၊ တိရိစာၧန္ ေနရာေပါင္းစံုကေနထုတ္ယူႏိုင္တယ္။ အပင္ရဲ႕ အေခါက္၊ အေစ့၊ အသား၊ အရြက္၊ အျမစ္၊ သစ္ေစး၊ ပန္းပြင့္၊ သစ္သီး စတာေတြကေန ရရွိႏိုင္ပါတယ္။ အပင္သာမက တိရိစာၧန္ေတြကရတဲ့ အဆီေတြကလည္း ထုတ္လုပ္ေသးတယ္။ေဝလငါး၊ ဖ်ံ၊ သမင္ဖို၊ ေၾကာင္ကတိုး စတဲ့ တိရိစာၧန္ေတြရဲ႕ ရနံ႔ထုတ္လာၾကတယ္။ ဒီထဲမွာ သမင္ဖိုရဲ႕ ဂလင္းအိတ္က ထုတ္တဲ့ musk ေတြလည္း နာမည္ႀကီးတယ္။ သို႔ေသာ္ အလြန္ေစ်းႀကီးတဲ့အတြက္ တိရိစာၧန္ကထုတ္တဲ့ musk ေနရာမွာ  ဓာတ္ခြဲခန္းက ထုတ္လုပ္တဲ့white musk ေတြ အစားထိုး အသံုးျပဳလာၾကပါတယ္။

ဒီေန႔ေခတ္ သံုးစြဲတဲ့ေရေမႊးေတြကို ၁၈ ရာစုအေစာပိုင္းကတည္းက စတင္ ထုတ္လုပ္ခဲ့ပါတယ္။ ၁၇၀၉ ခုႏွစ္မွာ ေရေမႊးပညာရွင္ Johann Maria Farina က ေရနဲ႔ ေရာစပ္ထားတဲ့ေရေမႊးကို ပထမဆံုးအႀကိမ္စတင္ထုတ္လုပ္ခဲ့တယ္။ နာမည္ကို ထုတ္လုပ္တဲ့ျမဳိ႕ နာမည္(cologne)ပါေအာင္ Eau de Cologne လို႔ ေပးခဲ့ပါတယ္။ Cologne ဆိုတာ အေနာက္ဂ်ာမဏီမွာရွိတဲ့ ျမဳ္႕တစ္ၿမိဳ႕ နာမည္ပါ။

ေရေမႊးကို အမ်ဳိးအစားခြဲၾကည့္ရင္ Parfum, Eau de Parfum ,Eau de Toilette , Eau de Cologne ဆိုၿပီး (၄)မ်ဳိးေလာက္ ရတယ္။ ရနံ႕ပါဝင္မႈ ေပၚမူတည္ၿပီး ကြဲျပားသြားတာ ျဖစ္ပါတယ္။
• pure perfume(Parfum) က ရနံ႕ဆီ 25-40 % ထိပါဝင္တာမို႔ ၆-၈ နာရီေလာက္ထိခံပါတယ္။
• Eau de Parfum မွာ ရနံ႕ဆီ 12-18% ေလာက္ပါဝင္တာေၾကာင့္ ၄-၆ နာရီေလာက္ ခံတယ္။
• Eau de Toilette မွာ ရနံ႕ဆီ 5-7% ေလာက္ပါလို႔ ၂-၄ နာရီေလာက္ခံႏိုင္တယ္။
• Eau de Cologne က ရနံ႕ဆီ 3-5%သာပါဝင္တာမို႔ ၂-၃နာရီေလာက္သာ ခံပါတယ္။
• အားလံုးထဲမွာ အေပ်ာ့ဆံုးက Eau fraiche ျဖစ္ပါတယ္။ အရက္ျပန္ေနရာမွာ ေရကို ဦးစားေပးထည့္ထားလို႔ ၁-၂ နာရီေလာက္ထိ ခံတယ္။ ရနံ႔ပါဝင္မႈကေတာ့ ၁-၃% သာရွိပါတယ္။

ေရေမႊးထုတ္လုပ္ျခင္းဟာ အႏုပညာ သံစဥ္တစ္ခု တီးခတ္ရသလို ပညာသားပါလွတယ္။ သူတို႔ရဲ႕ note အတက္အက်ေတြနဲ႔ တဖက္လူခံစားရေအာင္ တီထြင္ထုတ္လုပ္ဖန္တီးရတယ္။ ဆြတ္ခါစမွာ ရတဲ့ရနံ႕ကို top notes(ထိပ္ပိုင္း)လို႔ သတ္မွတ္ပါတယ္။ ဆြတ္ၿပီး ခဏအၾကာရတဲ့ ရနံ႕ကို အလယ္ပိုင္း(middle note)ေခၚတယ္။ ေရေမႊးအာနိသင္ကုန္ခါနီး ေနာက္ဆံုးပိုင္းမွာ ထြက္လာတဲ့ရနံ႕ကို (base notes) ေခၚပါတယ္။

top note ဆိုတာ ျဖန္းၿပီး ၁၅ မိနစ္အတြင္းရတဲ့ အနံ႕မ်ဳိးကို ေခၚတယ္။ပန္းနံ႔အေပ်ာ့စား သံုးေလ့ရွိပါတယ္။ middle(heart note) ကေတာ့ စတင္ျဖန္းၿပီး နာရီဝက္ေနရင္ ထြက္လာတဲ့အနံ႕ကို ေခၚတာပါ။ ပန္းနံ႕ အျပင္းစားကို သံုးေလ့ရွိပါတယ္။ base noteကေတာ့ ျဖန္းၿပီး ၈နာရီအတြင္းရတဲ့အနံျဖစ္တယ္။ Musky, watery, mossy, woody စတာေတြကို အဓိကသံုးေလ့ရွိတယ္။ ေယဘုယ်အားျဖင့္ top note ေဖာ္ျမဴလာမွာ ေမာ္လီက်ဴးေသးတာကို သံုးၿပီး base note မွာ ေမာ္လီက်ဴးႀကီးတာကို သံုးပါတယ္။ ေမာ္လီက်ဴးေသးေလေလ အေငြ႕ျပန္လြယ္ေလ ျဖစ္တယ္။ အေငြ႕ျပန္တာနဲ႔ ရနံ႕က ခ်က္ခ်င္းဆိုသလို ထြက္လာပါတယ္။

အမ်ားအားျဖင့္ top notes မွာ စိတ္တက္ႂကြေစတဲ့ mint, lavender စတဲ့အဆီေတြကို သံုးေလ့ရွိပါတယ္။ အလယ္ပိုင္း(middle notes) မွာ စိတ္ကို ႏူးညံ့ေစတဲ့ ပန္းရနံ႕( floral smell)ကို ထည့္သြင္းေလ့ရွိတယ္။ ေနာက္ဆံုးမွ ခံစားရမယ့္ base notes ကို ေတာ့ ပယင္း၊ သမင္ဖိုနံ႕ စတဲ့ရနံ႔မ်ဳိးကို ေရြးခ်ယ္ေလ့ရွိတယ္။ သမင္ဖိုနံ႔က တန္ဖိုးႀကီးတယ္။ ဒါ့ေၾကာင့္ ေနာက္ဆံုးမွ ထည့္တာျဖစ္ပါတယ္။

ေရေမႊးနဲ႔ပက္သတ္တဲ့ စကားလံုးေတြလည္း မွတ္ထားသင့္ပါတယ္။ Floral ဆိုတာ ပန္းရနံ႕ျဖစ္တယ္။
Fruity ကေတာ့ သစ္သီးရနံံ့ပါ။ Green က လတ္ဆတ္တဲ့ ျမက္ပင္၊ အရြက္ေတြရဲ႕ ရနံ႕မ်ဳိးကို တုပထုတ္လုပ္ထားတာျဖစ္ပါတယ္။ Herbaceous ဆိုတာ သဘာဝဟာဗယ္ပင္ေတြရဲ႕ အဆီအႏွစ္ကို ထုတ္ယူထားတာျဖစ္ပါတယ္။ Woody က်ေတာ့ စႏၵာကူးလို သစ္သားေမႊးကေန ထုတ္လုပ္ထားတာျဖစ္တယ္။ Amber ဆိုတာ ထင္းရႈးဆီ၊ သစ္ေစးစတာေတြက ထုတ္ယူထားတာျဖစ္ၿပီး Oriental ကေတာ့ ပယင္း၊ အေရွ႕တိုင္းဟင္းခပ္ အေမႊးအႀကိဳင္ေတြကရတဲ့ ရနံ႕မ်ဳိးျဖစ္ပါတယ္။ Muskကေတာ့ သမင္ဖိုရဲ႕ ဂလင္းအိတ္ကေန ထုတ္ယူထားတဲ့ ရနံ႕မ်ဳိးျဖစ္တယ္။

ေရေမႊးလိုပဲ ခႏၶာကိုယ္အတြက္ သံုးတဲ့ တျခားအရည္ေတြလည္းရွိေသးတယ္။ splashes, mists နဲ႔ veils စတဲ့နာမည္ေတြနဲ႔ ထုတ္ထားတယ္။ ရနံ႔ဆီ 1-3% ထိ ပါဝင္တယ္။ fragnane ရနံ႕ ဆိုတဲ့ နာမည္ေအာက္မွာကို မတူညီတဲ့ ဓာတုပစၥည္းေပါင္း (၅၀၀) ေလာက္ ပါဝင္ႏိုင္ပါတယ္။

က်န္းမာေရးရႈေထာင့္ကၾကည့္ရင္ ေရေမႊးမွာ ေကာင္းတာေရာ ဆိုးတာေရာ ရွိေနပါတယ္။ပန္းနာရင္က်ပ္ရွိသူေတြဟာ ေရေမႊးနဲ႔ မတဲ့ၾကပါ။ ေနာက္ၿပီး acetophenone, ethyl acetate, acetone စတာေတြ ပါဝင္ေနလို႔ တခ်ဳိ႔မွာ ေခါင္းကိုက္၊ အင္ျပင္ထ၊ ပ်ဳ္႕တာမ်ဳိးထိ ရွိႏိုင္ပါတယ္။

အသက္အရြယ္အလိုက္ ေရေမြးဆြတ္တဲ့အေၾကာင္းရင္းေတြ မတူညီၾကပါဘူး။ ဆယ္ေက်ာ္သက္ ေယာက်ာ္းေလးေတြဟာ မိန္းကေလးေတြကို စြဲေဆာင္ဖို႔ ေရေမႊးဆြတ္ၾကတယ္။မိန္းကေလးေတြက်ျပန္ေတာ့ တမ်ဳိး။ ရြယ္တူတန္းတူေတြဆြတ္ၾကလို႔ လိုက္ဆြတ္တာျဖစ္ႏိုင္သလို နာမည္ေက်ာ္ၾကားသူေတြကို အားက်လို႔ ဆြတ္တာလည္း ျဖစ္ႏိုင္တယ္။ အသက္ ၃၀ ဝန္းက်င္ေလာက္က်ေတာ့ အပ်ဳိႀကီးေတြသာ ဆြြတ္ေတာ့သတဲ့။ အပ်ဳိႀကီးပီပီ ဆန္႔က်င္ဖက္လိင္ကို ဆြဲေဆာင္ဖို႔သာ ျဖစ္ပါတယ္။ အသက္(၄၀)ဝန္းက်င္ေတြက တကယ္ႀကိဳက္လို႔ကို ဆြတ္တာပါတဲ့။ အသက္(၆၀)ဝန္းက်င္မွာေတာ့ ပတ္ဝန္းက်င္က္ု အားနာလို႔ ဆြတ္တာ ျဖစ္လာတယ္။ ေရေမႊးေရြးတဲ့အခါ သားသမီး၊ ေဆြမ်ဳိး မိတ္သဟာေတြ ႀကိဳက္ေလာက္မယ့္ ရနံ႕မ်ဳ္းကို ဦးစားေပးေရြးခ်ယ္ေတာ့တယ္။

ေရေမႊးထုတ္တဲ့ကုမၸဏီတခုဟာ ေရေမႊးအမ်ဳ္းစားေပါင္း ၁၀ ကေန ၁၀၀ ေလာက္ထိ ထုတ္လုပ္ေလ့ရွိပါတယ္။ ေစ်းကြက္ထဲမွာ ေရေမႊးနံမည္ေတြလည္း မနည္းလွပါ။ chanel, CK, Gucci, lancome, Versace, Marc Jacobs စသည္ျဖင့္ ကမာၻေက်ာ္ေရေမႊးေတြရွိတယ္။ ကမာၻ့ေစ်းအႀကီးဆံုး ေရေမႊး Clive Christian’s Imperial Majesty ရဲ႕ ေစ်းက ေဒၚလာ ႏွစ္သိန္းေက်ာ္ထိ ရွိပါတယ္။ ေရေမႊးေစ်းကြက္ဟာ ႏွစ္စဥ္ ၃-၅ ရာခိုင္နႈန္းထိတိုးတက္ေနပါတယ္။  ၂၀၂၂ အေရာက္မွာ ေရေမႊးေစ်းကြက္ဟာ ေဒၚလာ ၅၁ ဘီလီယံအထိ တန္ဖိုးရွိလာမယ္လို႔ ခန္႔မွန္းထားၾကတယ္။

ေဒါက္တာ ေအးမင္းထူး
၂၈.၁၀.၁၇

 

[unicode]

ရနံ့တွေမှာ မမြင်ရတဲ့ စွမ်းအင်တွေရှိနေပါတယ်။ အဆင်း၊အသံ၊အနံ့၊အရသာ၊ အထိအတွေ့ အာရုံငါးပါးမှာ အနံ့ကလည်း တပါးအပါအဝင်ဖြစ်တယ်။ ရနံ့တွေက လူ့ စိတ်ကို လန်းဆန်းစေတယ် ကြည်လင်တက်ကြွစေတယ်။ နိုးကြားစေတယ်။မိမိကိုယ်ကို ယုံကြည်ချက်ရှိစေတယ်။ ဒါ့ကြောင့် ရနံ့ကောင်းတဲ့ ရေမွှေးကို သုံးစွဲလာကြတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ပထမဆုံးရေမွှေးထုတ်လုပ်သူလို့ သတ်မှတ်ခံရသူကတော့ BC 1200 မှာ ပေါ်ပေါက်ခဲ့တဲ့ tapputi ဆိုတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူမက ပန်းပေါင်းဆီကို လိုသလို ရောစပ်ပြီး ရေမွှေးနံ့ကို စတင်ထုတ်လုပ်ခဲ့တယ်။ အိန္ဒိယမှာလည်း အဲသည်ခေတ်နဲ့ မရှေးမနှောင်းမှာ စတင်သုံးစွဲခြဲ့ကတယ်။ ကိုယ်သင်းနံ့အတွက်ထုတ်လုပ်တဲ့ ရေမွှေးဆီတွေကတော့ မက်ဆိုပိုတေးမီးယား ခေတ်ကတည်းက ရှိခဲ့ဖူးပါတယ်။

ရေမွှေးတွေကို အင်္ဂလိပ်လို perfume ခေါ်ပါတယ်။ perfume ဆိုတာ လက်တင်ဘာသာစကား perfumare(အငွေ့ပြန်ခြင်း) ကလာပါတယ်။ ပြင်သစ်လိုကျတော့ parfum လို့ ခေါ်တယ်။ ရေမွှေးမှန်သမျှ ရနံ့ဆီ နဲ့ အရက်ပြန်ကို အချိုးကျကျ ပေါင်းစပ်ထုတ်လုပ်ရပါတယ်။ ဒါမှသာ အငွေ့ပြန်တဲ့အခါ သင်းပျံ့တဲ့ရနံ့ကို ရရှိမှာ ဖြစ်ပါတယ်။

ရေမွှေးမှန်သမျှ ရနံ့ဆီ၊ ရေ သို့မဟုတ် အရက်ပြန် ပေါင်းစပ်ရတယ်။ ရေမွှေးတစ်ခုမှာ အရက်ပြန် ၂၀-၉၅% ထိ ပါဝင်လေ့ရှိတယ်။ အရက်ပြန်များလေ အငွေ့ပျံလွယ်လေဖြစ်တယ်။ အငွေ့ပျံရင် အနံ့က မြန်မြန်ထွက်လာပါတယ်။ အခန်းအပူချိန်မှာ အငွေ့ပြန်လွယ်တဲ့ မော်လီကျူးတွေ ပေါင်းစပ်ထုတ်လုပ်ရတာ ဖြစ်ပါတယ်။

ရေမွှေးရနံ့တွေကို သစ်ပင်၊ သစ်သား၊ တိရိစ္ဆာန် နေရာပေါင်းစုံကနေထုတ်ယူနိုင်တယ်။ အပင်ရဲ့ အခေါက်၊ အစေ့၊ အသား၊ အရွက်၊ အမြစ်၊ သစ်စေး၊ ပန်းပွင့်၊ သစ်သီး စတာတွေကနေ ရရှိနိုင်ပါတယ်။ အပင်သာမက တိရိစ္ဆာန်တွေကရတဲ့ အဆီတွေကလည်း ထုတ်လုပ်သေးတယ်။ဝေလငါး၊ ဖျံ၊ သမင်ဖို၊ ကြောင်ကတိုး စတဲ့ တိရိစ္ဆာန်တွေရဲ့ ရနံ့ထုတ်လာကြတယ်။ ဒီထဲမှာ သမင်ဖိုရဲ့ ဂလင်းအိတ်က ထုတ်တဲ့ musk တွေလည်း နာမည်ကြီးတယ်။ သို့သော် အလွန်စျေးကြီးတဲ့အတွက် တိရိစ္ဆာန်ကထုတ်တဲ့ musk နေရာမှာ ဓာတ်ခွဲခန်းက ထုတ်လုပ်တဲ့white musk တွေ အစားထိုး အသုံးပြုလာကြပါတယ်။

ဒီနေ့ခေတ် သုံးစွဲတဲ့ရေမွှေးတွေကို ၁၈ ရာစုအစောပိုင်းကတည်းက စတင် ထုတ်လုပ်ခဲ့ပါတယ်။ ၁၇၀၉ ခုနှစ်မှာ ရေမွှေးပညာရှင် Johann Maria Farina က ရေနဲ့ ရောစပ်ထားတဲ့ရေမွှေးကို ပထမဆုံးအကြိမ်စတင်ထုတ်လုပ်ခဲ့တယ်။ နာမည်ကို ထုတ်လုပ်တဲ့မြို့ နာမည်(cologne)ပါအောင် Eau de Cologne လို့ ပေးခဲ့ပါတယ်။ Cologne ဆိုတာ အနောက်ဂျာမဏီမှာရှိတဲ့ မြု့်တစ်မြို့ နာမည်ပါ။

ရေမွှေးကို အမျိုးအစားခွဲကြည့်ရင် Parfum, Eau de Parfum ,Eau de Toilette , Eau de Cologne ဆိုပြီး (၄)မျိုးလောက် ရတယ်။ ရနံ့ပါဝင်မှု ပေါ်မူတည်ပြီး ကွဲပြားသွားတာ ဖြစ်ပါတယ်။
• pure perfume(Parfum) က ရနံ့ဆီ 25-40 % ထိပါဝင်တာမို့ ၆-၈ နာရီလောက်ထိခံပါတယ်။
• Eau de Parfum မှာ ရနံ့ဆီ 12-18% လောက်ပါဝင်တာကြောင့် ၄-၆ နာရီလောက် ခံတယ်။
• Eau de Toilette မှာ ရနံ့ဆီ 5-7% လောက်ပါလို့ ၂-၄ နာရီလောက်ခံနိုင်တယ်။
• Eau de Cologne က ရနံ့ဆီ 3-5%သာပါဝင်တာမို့ ၂-၃နာရီလောက်သာ ခံပါတယ်။
• အားလုံးထဲမှာ အပျော့ဆုံးက Eau fraiche ဖြစ်ပါတယ်။ အရက်ပြန်နေရာမှာ ရေကို ဦးစားပေးထည့်ထားလို့ ၁-၂ နာရီလောက်ထိ ခံတယ်။ ရနံ့ပါဝင်မှုကတော့ ၁-၃% သာရှိပါတယ်။

ရေမွှေးထုတ်လုပ်ခြင်းဟာ အနုပညာ သံစဉ်တစ်ခု တီးခတ်ရသလို ပညာသားပါလှတယ်။ သူတို့ရဲ့ note အတက်အကျတွေနဲ့ တဖက်လူခံစားရအောင် တီထွင်ထုတ်လုပ်ဖန်တီးရတယ်။ ဆွတ်ခါစမှာ ရတဲ့ရနံ့ကို top notes(ထိပ်ပိုင်း)လို့ သတ်မှတ်ပါတယ်။ ဆွတ်ပြီး ခဏအကြာရတဲ့ ရနံ့ကို အလယ်ပိုင်း(middle note)ခေါ်တယ်။ ရေမွှေးအာနိသင်ကုန်ခါနီး နောက်ဆုံးပိုင်းမှာ ထွက်လာတဲ့ရနံ့ကို (base notes) ခေါ်ပါတယ်။

top note ဆိုတာ ဖြန်းပြီး ၁၅ မိနစ်အတွင်းရတဲ့ အနံ့မျိုးကို ခေါ်တယ်။ပန်းနံ့အပျော့စား သုံးလေ့ရှိပါတယ်။ middle(heart note) ကတော့ စတင်ဖြန်းပြီး နာရီဝက်နေရင် ထွက်လာတဲ့အနံ့ကို ခေါ်တာပါ။ ပန်းနံ့ အပြင်းစားကို သုံးလေ့ရှိပါတယ်။ base noteကတော့ ဖြန်းပြီး ၈နာရီအတွင်းရတဲ့အနံဖြစ်တယ်။ Musky, watery, mossy, woody စတာတွေကို အဓိကသုံးလေ့ရှိတယ်။ ယေဘုယျအားဖြင့် top note ဖော်မြူလာမှာ မော်လီကျူးသေးတာကို သုံးပြီး base note မှာ မော်လီကျူးကြီးတာကို သုံးပါတယ်။ မော်လီကျူးသေးလေလေ အငွေ့ပြန်လွယ်လေ ဖြစ်တယ်။ အငွေ့ပြန်တာနဲ့ ရနံ့က ချက်ချင်းဆိုသလို ထွက်လာပါတယ်။

အများအားဖြင့် top notes မှာ စိတ်တက်ကြွစေတဲ့ mint, lavender စတဲ့အဆီတွေကို သုံးလေ့ရှိပါတယ်။ အလယ်ပိုင်း(middle notes) မှာ စိတ်ကို နူးညံ့စေတဲ့ ပန်းရနံ့( floral smell)ကို ထည့်သွင်းလေ့ရှိတယ်။ နောက်ဆုံးမှ ခံစားရမယ့် base notes ကို တော့ ပယင်း၊ သမင်ဖိုနံ့ စတဲ့ရနံ့မျိုးကို ရွေးချယ်လေ့ရှိတယ်။ သမင်ဖိုနံ့က တန်ဖိုးကြီးတယ်။ ဒါ့ကြောင့် နောက်ဆုံးမှ ထည့်တာဖြစ်ပါတယ်။

ရေမွှေးနဲ့ပက်သတ်တဲ့ စကားလုံးတွေလည်း မှတ်ထားသင့်ပါတယ်။ Floral ဆိုတာ ပန်းရနံ့ဖြစ်တယ်။
Fruity ကတော့ သစ်သီးရနံံ့ပါ။ Green က လတ်ဆတ်တဲ့ မြက်ပင်၊ အရွက်တွေရဲ့ ရနံ့မျိုးကို တုပထုတ်လုပ်ထားတာဖြစ်ပါတယ်။ Herbaceous ဆိုတာ သဘာဝဟာဗယ်ပင်တွေရဲ့ အဆီအနှစ်ကို ထုတ်ယူထားတာဖြစ်ပါတယ်။ Woody ကျတော့ စန္ဒာကူးလို သစ်သားမွှေးကနေ ထုတ်လုပ်ထားတာဖြစ်တယ်။ Amber ဆိုတာ ထင်းရှုးဆီ၊ သစ်စေးစတာတွေက ထုတ်ယူထားတာဖြစ်ပြီး Oriental ကတော့ ပယင်း၊ အရှေ့တိုင်းဟင်းခပ် အမွှေးအကြိုင်တွေကရတဲ့ ရနံ့မျိုးဖြစ်ပါတယ်။ Muskကတော့ သမင်ဖိုရဲ့ ဂလင်းအိတ်ကနေ ထုတ်ယူထားတဲ့ ရနံ့မျိုးဖြစ်တယ်။

ရေမွှေးလိုပဲ ခန္ဓာကိုယ်အတွက် သုံးတဲ့ တခြားအရည်တွေလည်းရှိသေးတယ်။ splashes, mists နဲ့ veils စတဲ့နာမည်တွေနဲ့ ထုတ်ထားတယ်။ ရနံ့ဆီ 1-3% ထိ ပါဝင်တယ်။ fragnane ရနံ့ ဆိုတဲ့ နာမည်အောက်မှာကို မတူညီတဲ့ ဓာတုပစ္စည်းပေါင်း (၅၀၀) လောက် ပါဝင်နိုင်ပါတယ်။

ကျန်းမာရေးရှုထောင့်ကကြည့်ရင် ရေမွှေးမှာ ကောင်းတာရော ဆိုးတာရော ရှိနေပါတယ်။ပန်းနာရင်ကျပ်ရှိသူတွေဟာ ရေမွှေးနဲ့ မတဲ့ကြပါ။ နောက်ပြီး acetophenone, ethyl acetate, acetone စတာတွေ ပါဝင်နေလို့ တချို့မှာ ခေါင်းကိုက်၊ အင်ပြင်ထ၊ ပျု့်တာမျိုးထိ ရှိနိုင်ပါတယ်။

အသက်အရွယ်အလိုက် ရေမွေးဆွတ်တဲ့အကြောင်းရင်းတွေ မတူညီကြပါဘူး။ ဆယ်ကျော်သက် ယောကျာ်းလေးတွေဟာ မိန်းကလေးတွေကို စွဲဆောင်ဖို့ ရေမွှေးဆွတ်ကြတယ်။မိန်းကလေးတွေကျပြန်တော့ တမျိုး။ ရွယ်တူတန်းတူတွေဆွတ်ကြလို့ လိုက်ဆွတ်တာဖြစ်နိုင်သလို နာမည်ကျော်ကြားသူတွေကို အားကျလို့ ဆွတ်တာလည်း ဖြစ်နိုင်တယ်။ အသက် ၃၀ ဝန်းကျင်လောက်ကျတော့ အပျိုကြီးတွေသာ ဆွွတ်တော့သတဲ့။ အပျိုကြီးပီပီ ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်ဖို့သာ ဖြစ်ပါတယ်။ အသက်(၄၀)ဝန်းကျင်တွေက တကယ်ကြိုက်လို့ကို ဆွတ်တာပါတဲ့။ အသက်(၆၀)ဝန်းကျင်မှာတော့ ပတ်ဝန်းကျင်က်ု အားနာလို့ ဆွတ်တာ ဖြစ်လာတယ်။ ရေမွှေးရွေးတဲ့အခါ သားသမီး၊ ဆွေမျိုး မိတ်သဟာတွေ ကြိုက်လောက်မယ့် ရနံ့မျု်းကို ဦးစားပေးရွေးချယ်တော့တယ်။

ရေမွှေးထုတ်တဲ့ကုမ္ပဏီတခုဟာ ရေမွှေးအမျု်းစားပေါင်း ၁၀ ကနေ ၁၀၀ လောက်ထိ ထုတ်လုပ်လေ့ရှိပါတယ်။ စျေးကွက်ထဲမှာ ရေမွှေးနံမည်တွေလည်း မနည်းလှပါ။ chanel, CK, Gucci, lancome, Versace, Marc Jacobs စသည်ဖြင့် ကမ္ဘာကျော်ရေမွှေးတွေရှိတယ်။ ကမ္ဘာ့စျေးအကြီးဆုံး ရေမွှေး Clive Christian’s Imperial Majesty ရဲ့ စျေးက ဒေါ်လာ နှစ်သိန်းကျော်ထိ ရှိပါတယ်။ ရေမွှေးစျေးကွက်ဟာ နှစ်စဉ် ၃-၅ ရာခိုင်နှုန်းထိတိုးတက်နေပါတယ်။ ၂၀၂၂ အရောက်မှာ ရေမွှေးစျေးကွက်ဟာ ဒေါ်လာ ၅၁ ဘီလီယံအထိ တန်ဖိုးရှိလာမယ်လို့ ခန့်မှန်းထားကြတယ်။

ဒေါက်တာ အေးမင်းထူး
၂၈.၁၀.၁၇

Facebook Comments
 

Post Author: admin