[zawgyi]
လူတိုင္း တခ်ိန္မဟုတ္ တခ်ိန္ ေဗာက္ထဖူးၾကပါတယ္။ ေဗာက္ဆိုတာ ဦးေရျပား ယားယံတဲ့ အျဖဴဖတ္ကေလးေတြကို ေခၚတာပါ။ အဂၤလိပ္လို dandruff လို႔ သံုးတယ္။ anti-dandruff shampoo ဆိုတာ ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ကို ေခၚတာျဖစ္တယ္။ အေနာက္ႏိုင္ငံေတြမွာ လူဦးေရရဲ႕ ထက္ဝကိခန္႔ဟာ ေဗာက္ထေနၾကတယ္။ အမ်ိဴးသားေတြဟာ အမ်ဳိးသမီးေတြထက္ ပိုျဖစိေလ့ရွိတယ္။ အထူးသျဖငိ့ အဆီျပန္တဲ့ အသားအေရပိုင္ရွင္ေတြပါ။ ေဟာ္မုန္း၊ အစားအေသာက္နဲ႔ ရာသီဥတုအေျပာင္းအလဲေတြကလည္း ေဗာက္ထေစတဲ့အေၾကာင္းရင္းေတြထဲမွာပါတယ္။
ေယဘုယ်အားျဖင့္ ေဟာ္မုန္းအေျပာင္းအလဲမ်ားတဲ့ လူပ်္ဳေပါက္အရြယ္မွာစျဖစ္ၿပီး လူလတ္ပိုင္းေက်ာ္အရြယ္ထိ ျဖစ္ႏိုင္ပါတယ္။ အသက္ႀကီးလာတဲ့အခါ ျဖစ္ပြားမႈက သိသိသာသာေလွ်ာ့က်လာတယ္။ အဆီဂလင္းထုတ္လုပ္မႈ နည္းသြားလို႔ျဖစ္ပါတယ္။ အစားအေသာက္ကလည္း ေနာက္ကြယ္က ပံ့ပိုးေနတဲ့ အေၾကာင္းတရပ္ပါ။ အပူအစပ္၊ အခ်ိဳ၊ အငန္ ႀကိဳက္သူေတြဟာ သူမ်ားထက္ ပိုျဖစိႏိုင္ပါတယ္။ အရက္၊ဘီယာစတာေတြကလည္း ေဗာကိထေစႏိုင္တဲ့ အေၾကာင္းရာထဲပါတယ္။ ေအအိုင္ဒီအက္စ္ေရာဂါနဲ႔ တီဘီေရာဂါသည္ေတြမွာ ပံုမွန္ထက္ ခုခံအားက်ဆင္းလို႔ ေဗာက္ထတတ္တယ္။
ေဗာက္ေပါက္သူအမ်ားစုကို ေလ့လာၾကည့္ရင္ ေဆာင္း႐ာသီမွာ ပိုမိုျဖစ္ပြားေလ့ရွိတယ္။ ေလထုစိုထိုငိးစနည္းပါးမႈက ဆံသားနဲ႔ ဦးေရျပားက ပိုမိုေျခာက္ေသြ႕ေစတယ္။ ရလာဒ္ကေတာ့ ဆဲလ္ေဟာင္းေတြကြာက်တာနဲ႔ ေဗာကိထလာတာပါ။ ေဆာင္းရာသီမွာျဖစ္တဲ့ ေဗာက္ဖတ္ေတြက အျဖဴေရာင္သာမ်ားတယ္။ အိပိေရးမဝတာနဲ႔ ခုခံအားနည္းတာကလည္း ေဗာက္ထႏိုင္တယ္။ psoriasis ဆိုရီေအးဆစ္အေရျပားေရာဂါ၊ ႏွင္းခူနာရွိသူေတြဟာ သူမ်ားထက္ ေဗာက္ထႏိုင္ေျခပိုမ်ားသူေတြ ျဖစ္ၾကတယ္။ ထပ္လက္ညိႈးထိုးရမွာက အေလ့အက်င့္ပါ။ ေန႔တိုငိးေခါင္းေလွ်ာ္တာလည္း ေကာင္းတဲ့အေလ့က်င့္မ်ဳိးေတာ့ မဟုတ္ဘူး။ အေရျပားအဆီဂလင္းကို ပိုအလုပ္ေပးလို႔ ေဗာက္ပိုထလာတယ္။ အာဟာရခ်ဴိ့တဲ့မႈကလည္း အေၾကာင္းရာတရပ္အေနနဲ႔ ပါဝင္ေနျပန္တယ္။ သြပ္ဓာတ္၊ ဗီတာမင္ ဘီနဲ႔ အိုမီဂါသရီး ခ်ဳိ့တဲ့သူေတြဟာ သူမ်ားထက္ ေဗာက္ထႏိုင္ေခ်ပိုမ်ားပါတယ္။
ေဗာက္ထသူအမ်ားစုဟာ သူမ်ားထက္ ဆဲလ္လႊာကြာက်မႈ ပိုမ်ားလို႔ျဖစ္တယ္။ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ျဖစ္ႏိုင္တယ္။ ဦးေရျပားေျခာက္ေသြ႕မႈ၊ seborrheic dermatitis အေရျပားေရာဂါ၊ မိႈပိုး စတာေတြနဲ႔ အဓိက ဆက္စပ္ေနတယ္။ seborrheic dermatitisဆိုတာ အဆိီထုတ္လုပ္မႈ မ်ားရာက ဦးေရျပားေရာင္ရမ္းတဲ့ေရာဂါတမ်ဳိးပါ။ ဒီအေရျပားေရာဂါက Malassezia တေစးမိႈပိုးတမ်ိဳးနဲ႔ ဆက္စပ္ေနတာ သိလာၾကတယ္။ ဒီမိႈပိုးက ဦးေရျပားက ထြက္တဲအဆီကို စားသံုးၿပီးရင္ ပိုမိုေပါက္ဖြားေလ့ရွိတယ္။ ေပါက္ဖြားလာတဲ့ မိႈေၾကာင့္ ဦးေရျပားက စတင္ေရာင္ရမ္းလာတယ္။ ေရာင္ရမ္းမႈေၾကာင့္ ဆဲလ္လႊာေတြ တျဖည္းျဖည္းပ်က္ဆီးလာၿပီး ဆဲလ္ေသေတြပိုထြက္လာတယ္။ အေပၚယံဆဲလ္ေသေတြနဲ႔ ဦးေရျပားကထြက္တဲ့ အဆီ ေရာစပ္တဲ့အခါ ေဗာက္ဖတ္ေလးေတြ ျဖစ္လာပါတယ္။ seborrheic dermatitis ေၾကာငိ့ျဖစ္တဲ့ ဦးေရျပားကေရာင္ေနမယ္။ ရဲေနမယ္။ ယားယံေနမယ္။ အျဖဴသု႔ိမဟုတ္ အဝါဖတ္ေလးေတြ ကပ္ညႇိေနတာာရွိတတိတယ္။ ဝါတာက sebum အဆီထုတ္လုပ္မႈ မ်ားလို႔ျဖစ္တယ္။
အေရျပားေျခာက္ေသြ႕သူေတြလည္း ေဗာက္ထႏိုင္ပါတယ္။ အေရျပားဆဲလ္ေတြ ေျခာက္ေသြ႕ပ်က္ဆီးကြာက်ရာကျဖစ္တယ္။ အေရျပားေျခာက္ေသြ႕ရာက ထြက္တဲ့ ေဗာက္ဖတ္မွန္သမွ် အျဖဴေရာင္သာ ရွိမယ္။ ခပ္ေသးေသးဖတ္ကေလးေတြ ဦးေရျပားနဲ႔ ပခံုးမွာ ကပ္ညႇိေနတတ္တယ္။ ယားယံမႈရွိႏိုင္ေပမယ့္ seborrheic dermatitis ေလာက္ မဆိုးပါ။ဆိုးေဆးနဲ႔ ဆံပင္သန္ေဆးေတြေၾကာင့္လည္း ေဗာကိထတာရွိႏိုင္တယ္။ ဓာတ္မတဲ့ရာက ျဖစ္တယ္။
ေဗာက္ေပ်ာက္ေအာင္ ကုရေတာ့မယ္ဆိုရင္ အခ်က္ႏွစ္ခ်က္ကို အရင္ၾကည့္ရတယ္။ ပထမတခ်ကိက အသက္အရြယ္ပါ။ ဒုတိယအခ်က္က ေဗာက္ထတာ ဘယ္ေလာက္ၾကာၿပီလဲ။ ဘယ္ေလာက္ ဆိုးေနသလဲ၊ဒီအခ်က္ေတြေပၚ အေျခခံၿပီး ကုမွ ေဗာက္ေပ်ာက္မွာ ျဖစ္ပါတယ္။ လူအမ်ားစုဟာ မိႈပိုးေၾကာင့္ ျဖစ္တယ္ယူဆၿပီး မိႈပိုးသတ္ေဆးေတြ တြင္တြင္ သံုးၾကတယ္။ သို႔ေသာ္ လက္ေတြ႕မွာေတာ့ မေပ်ာက္ကင္းၾကဘူး။ ဘာ့ေၾကာင့္လဲ။ ကုသနည္းမမွန္ကန္လို႔ပါ။တကယ္တမ္း ျဖစ္ေစတဲ့အေၾကာင္းရင္းကိုရွာၿပီး ကုမွသာ ေဗာက္ေပ်ာက္မွာ ျဖစ္ပါတယ္။
ေဗာက္အတြက္ အသံုးမ်ားတဲ့ ေခါင္းေလွ်ာ္ရည္ သံုးမ်ဳ္းရွိပါတယ္။ Ketoconazole , selenium sulphide နဲ႔ zinc pyrithione ေခါင္းေလွ်ာ္ရည္ေတြျဖစ္တယ္။ Ketoconazoleက မိႈပိုးသတ္တဲ့ ေဆးတမ်ဳိးပါ။ လိမ္းေဆး၊ေသာက္ေဆး၊ ေခါင္းေလွ်ာ္ရည္ စသည္ျဖင့္ ပံုစံအမ်ဳိးမ်ဳိးလာတယ္။ ေခါင္းေလွ်ာ္ရည္တမ်ဳိးတည္းနဲ႔ မရရင္ လိမ္းေဆးထပ္ထည့္ရဦးမယ္။ ဒါမွ မရေသးရင္ ေသာက္ေဆး လိုပါတယ္။ selenium sulphide က ဦးေရျပားအဆီထုတ္လုပ္မႈကို ေလွ်ာ့ခ်ေပးတဲ့ေဆးျဖစ္တယ္။ ေဗာက္အဝါဖတ္ေတြပါရင္ selenium sulphide ပါတဲ့ေခါင္းေလွ်ာ္ရည္က ပိုေကာင္းတယ္။ seleniumက အဆီထုတ္လုပ္မႈကို ေလွ်ာ့ခ်ႏိုင္တယ္။ ဆာလဖာကေတာ့ ဗက္တီးရီးယားနဲ႔ မိႈပိုးကို သတ္ႏိုင္တယ္။ ေနာက္ေဆးတမ်ဳိးကေတာ့ melassezia မိႈပိုးကို ႏိုင္တဲ့ zinc pyrithione ေခါင္းေလွ်ာ္ရည္ေတြ ျဖစ္ပါတယ္။ သတိျပဳရမွာက ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ေတြသံုးတဲ့အခါ ဦးေရျပားေပၚ အနည္းဆံုး ငါးမိနစ္ထားရမယ္။ ဒါမွ အေရျပားက ေကာင္းေကာင္းစုပ္ယူႏိုင္မယ္။ အာနိသင္လည္း ရွိမယ္။ၿပီးမွ ေခါင္းေလွ်ာ္လိုက္ပါ။ ေခါင္းေလွ်ာ္တဲအခါ ဆံသားကို အတင္းပြတ္ဆြဲတာမ်ဳိး မလုပ္သင့္ဘူး။ စက္ဝိုင္းပံု ခပ္ေျဖးေျဖးသာ လိမ္းသင့္တယ္။
ေဗာက္ေပ်ာက္ ေခါင္းေလွ်ာ္ရည္အခ်ိဳ႕မွာ coal tar နဲ႔ Salicylic acidေတြ ပါတာေတြလည္း ရွိပါေသးတယ္။ coal tar ဆိုတာ ကတၱရာေစးပါတဲ့ ဆိုးေဆးတမ်ဳိးျဖစ္တယ္။ သူ႔သဘာဝက မိႈပိုးကိုႏိုငိတယ္။ ျပသနာကေခါင္းမွာ ေရရွည္စြဲမသံုးသင့္ဘူး။ဆံသားကို ပ်က္ဆီးေစတယ္။ Salicylic acid ကေတာ့ အေရျပားဆဲလ္ေသေတြကို ဖယ္ရွားႏိုင္တယ္။ ေဆာင္းရာသီလိုကာလမ်ိဳးမွာ Salicylic acid ပါတာမသံုးသင့္ဘူး။ ေဗာက္ဖတ္ပိုဆိုးလာႏိုင္တာ ေတြ႕ရတယ္။ လိမ္းေဆး သံုးတဲ့အခါ သက္သာသည္ထိ ေန႔စဥ္သံုးသင့္တယ္။ သက္သာသြားရင္ သံုးတဲ့ အႀကိမ္အေရအတြက္ ျပန္ေလွ်ာ့ဖို႔ လည္း လိုပါတယ္။ ေဗာက္ကုရာမွာ ဘယ္ေဆးကအေကာင္းဆံုးလည္း ေျပာမရပါဘူး။ လူနာေပၚအေျခခံၿပီး ကုရတာမ်ဳိးျဖစ္ပါတယ္။
ေဗာက္အတြက္ သဘာဝေဆးနည္းႏွစ္မ်ဳိးရွိပါတယ္။ လက္ဖက္ဆီ(tea tree oil)နဲ႔ လက္ဖက္စိမ္း (green tea )ကို အသံုးျပဳတာျဖစ္တယ္။ လက္ဖက္ဆီထဲမွာ Australian Tea Tree က ရတဲ့ အဆီက သိပ္ေကာင္းတယ္။ သဘာဝအားျဖင့္ကို မိႈပိုးနဲ႔ ဗကိတီးရီးယားပိုးေတြကို ႏွိမ္နင္းႏိုင္တယ္။ဝက္ျခံမွာသံုးတာနဲ႔ အမ်ဳိးစားတူတယ္။ ပါဝင္မႈျပင္းအားမ်ားတာေၾကာင့္ အေရျပားေျခာက္ေသြ႕တာ၊ ဓာတ္မတဲ့တာရွိႏိုင္တယ္။ ဒီလိုျဖစ္ရင္ ဆက္မသံုးပါနဲ႔။ သို႔ေသာ္ ရွန္ပူမွာအမ်ားစုမွာေတာ့ လက္ဖက္ဆီရဲ႕ ျပင္းအား(concentration)ကို သိသိသာသာ ေလွ်ာ့ခ်ထားပါတယ္။ လူတိုင္းသံုးစြဲႏိုင္ေအာင္ ထုတ္ထားတာမို႔ပါ။ ေနာက္နည္းတမ်ဳိးက ပိုလီဖီေနာ ႂကြယ္ဝတဲ့ လက္ဖက္စိမ္းပင္ျဖစ္ပါတယ္။ ေဂ်ာ္ဂ်ီယာ ေဆးေကာလိပ္အဆိုအရ လက္ဖက္စိမ္း(green tea)ဟာ ေဗာက္အတြက္သာမက ဆိုရီေအးဆစ္အေရျပားေရာဂါအတြက္ပါ အသံုးျပဳႏိုင္တယ္လို႔ ဆိုပါတယ္။
ေဗာကိေပ်ာက္ဖို႔ သိပ္မလြယ္ကူလွပါဘူး။ သို႔ေသာ္ ဒီေရာဂါက ကုသဖို႔ အခက္ႀကီးထဲမွာလည္း မပါဝင္ဘူး။ စနစ္တက်ကုရင္ ေပ်ာက္ႏိုင္တဲ့ေရာဂါမ်ဳိးျဖစ္ပါတယ္။ သန္႔ရွင္းေရးကို အေလးထား ေျပာဆိုေနၾကတာလည္းရာနႈန္းျပည့္ေတာ့ မမွန္ေသးဘူး။ ေန႔စဥ္ေခါင္းေလွ်ာ္ရင္ ေဗာက္ကို ပိုဆိုးလာႏိုင္ေသးတယ္။ ေနာက္ၿပီး ျမင္သမွ် ရွန္ပူေတြ အရမ္းကာေရာ သံုးေနတာလည္း မဟုတ္ေသးဘူး။ တခ်ဳိ့ရွန္ပူေတြမွာ စတီးရြိဳက္အျပင္းစားေတြ ပါေနတတ္တာမို႔ ႐ိုး႐ိုးေဗာက္မွာ သံုးရင္ ပိုဆိုးလာႏိုင္တယ္။ ဒီအခ်က္ေတြေတာ့ သတိျပဳေစခ်င္တယ္။
ေဗာက္သေဘာက မၾကာခဏျဖစ္တတ္ပါတယ္။ ေပ်ာက္ၿပီးရင္ ျပန္ေပၚလာတတ္တယ္။ ကုတဲ့အခါ ေဆးတမ်ဳိးတည္း အၿမဲသံုးစြဲျခင္းဟာ ေရရွည္အက်ဳိးသက္ေရာက္မႈကို ထိခိုက္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အခ်ိန္ခါလိုက္ၿပီး လိုသလိုေျပာင္းသံုးရမယ္။ ဘယ္လိုသံုးမလဲဆိုတာ ေရာဂါတခုခ်င္းအေနထားေပၚသာမူတည္တယ္။ ကုတဲ့ဆရာဝန္ကလည္း ဒီအပိုင္းမွာ ကၽြမ္းက်င္ေနဖို႔လိုပါတယ္။ မိႈပိုးတခုတည္းလက္ညိႈးထိုးၿပီး မိႈပိုးသတ္ေဆး ထိုင္ေပးေနရံုနဲ႔ သက္သာမွာ မဟုတ္ပါ။ ေနာက္ထပ္ ထည့္သြင္းစဥ္းစားရမွာက အာဟာရဓာတ္ခ်ဳ့္တဲ့မႈပါ။ ဇင့္၊ ေဖာလစ္အက္ဆစ္နဲ႔ ဗီတာမင္ဘီ ဓာတ္ေတြလည္း လိုႏိုင္ပါေသးတယ္။ အစိုဓာတ္နည္းရင္ အိုမီဂါသရီးပါတာေတြ ထပ္ထည့္ရဦးမယ္။ ေဗာကိကို မကုဘဲထားရင္ ဆံပင္ကၽြတ္ႏိုင္တယ္။ ထိပ္ေျပာင္ႏိုင္တယ္။ ကုတ္ပါမ်ားရင္ ဦးေရျပား ပိုးဝင္တာထိ ျဖစ္လာႏိုင္တယ္။ ဆရာဝန္နဲ႔ေသခ်ာကုဖို႔လိုပါတယ္။
ေမြးကင္းစကေလးေတြမွာျဖစ္တဲ့ cradle cap ဦးေရျပားေရာင္တာကလည္း အျဖစ္မ်ားတယ္။ အသက္(၁)ႏွစ္ေအာက္ အျဖစ္မ်ားတယ္။ seborrheic dermatitis အမ်ဳိးအစားထဲပါတယ္။ ေမြးကင္းစအရြယ္ ဦးေရျပားမွာ ခပ္ထူူထူ ခပ္ႀကီးႀကီးအဝါဖတ္ေတြ အကြက္လိုက္ျဖစ္တာမ်ဳိးကို ေခၚတာပါ။ ပံုမွန္အားျဖင့္ ကုဖု႔ိမလိုဘဲ အသက္(၆)လအတြင္း သူ႔ဘာသာ သက္သာတယ္။ စိုးရိမ္ေနတဲ့မိဘမ်ားအေနနဲ႔ baby mild shampoos သို႔မဟုတ္ baby oil ,olive oil ,coconut oil စသည္ျဖင့္ ဆီတမ်ဳ္းမ်ဳိးကို ေန႔စဥ္ အသံုးျပဳရံုနဲ႔လံုေလာက္ပါတယ္။
ေဗာက္ကို ကာကြယ္ဖို႔ အေရးႀကီးတဲ့ အခ်က္(၅)ခ်က္ရွိပါတယ္။ ဒီအခ်က္ေတြ ေသခ်ာလိုက္နာရမယ္။
(၁) တပတ္ကို ၂-၃ႀကိမ္သာ ေခါင္းေလွ်ာ္ပါ။ေန႔စဥ္မေလွ်ာ္ပါနဲ႔။ ေခါင္းေလွ်ာ္ေနစဥ္ ဦးေရျပားကို အတင္းကုပ္ျခစ္တာမ်ဳိး မလုပ္ရဘူး။
(၂) ေခါင္းေလွ်ာ္ၿပီးတဲ့အခါ hair gel ေတြ၊ spray ေတြ မသံုးပါနဲ႔။ အဆီဂလင္းနဲ႔ေပါင္းၿပီး ေဗာက္ကို ပိုဆိုးေစႏိုင္တယ္။ အလားတူ ဆိုးေဆးနဲ႔ ဆံပင္သန္ေဆးသံုးတဲ့အခါ သတိျပဳရမယ္။
(၃) ေန႔စဥ္ေခါင္းဖီးသင့္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ဦးေရျပားအေျခက ထြက္လာတဲ့ ဆဲလ္ေသေတြက္ု ဖယ္ရွားဖို႔ ျဖစ္ပါတယ္။
(၄) စိတ္ဖိစီးမႈက ေဗာက္ထေစတယ္။ ဒါ့ေၾကာင့္ စိတ္ဖိစီးမႈတတ္ႏိုင္သမွ် ေလွ်ာ့ခ်ပါ။
(၅) ေဗာက္ထသူေတြအေနနဲ႔ မၾကာခဏ ေနေရာင္ျပသင့္တယ္။ ခရမ္းလြန္ေရာင္ျခည္မွာပါတဲ့ UVA အမ်ဳိးအစားက ေဗာက္ကိုသက္သာေစတယ္။ အျပင္ထြက္တ္ုင္း ဦးထုပ္အၿမဲေဆာင္းတာ ပံုမွန္အားျဖင့္ မေကာင္းဘူး။ ထြက္လာတဲ့ ေခၽြးနဲ႔ အစိုဓာတ္က မိႈပိုးေပါကိဖြားမႈကို အားေပးလို႔ျဖစ္ပါတယ္။
ေဒါက္တာ ေအးမင္းထူး
၈.၅.၁၇
[unicode]
လူတိုင်း တချိန်မဟုတ် တချိန် ဗောက်ထဖူးကြပါတယ်။ ဗောက်ဆိုတာ ဦးရေပြား ယားယံတဲ့ အဖြူဖတ်ကလေးတွေကို ခေါ်တာပါ။ အင်္ဂလိပ်လို dandruff လို့ သုံးတယ်။ anti-dandruff shampoo ဆိုတာ ဗောက်ပျောက်ခေါင်းလျှော်ရည်ကို ခေါ်တာဖြစ်တယ်။ အနောက်နိုင်ငံတွေမှာ လူဦးရေရဲ့ ထက်ဝကိခန့်ဟာ ဗောက်ထနေကြတယ်။ အမျိူးသားတွေဟာ အမျိုးသမီးတွေထက် ပိုဖြစိလေ့ရှိတယ်။ အထူးသဖြငိ့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေပါ။ ဟော်မုန်း၊ အစားအသောက်နဲ့ ရာသီဥတုအပြောင်းအလဲတွေကလည်း ဗောက်ထစေတဲ့အကြောင်းရင်းတွေထဲမှာပါတယ်။
ယေဘုယျအားဖြင့် ဟော်မုန်းအပြောင်းအလဲများတဲ့ လူပျ်ုပေါက်အရွယ်မှာစဖြစ်ပြီး လူလတ်ပိုင်းကျော်အရွယ်ထိ ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဖြစ်ပွားမှုက သိသိသာသာလျှော့ကျလာတယ်။ အဆီဂလင်းထုတ်လုပ်မှု နည်းသွားလို့ဖြစ်ပါတယ်။ အစားအသောက်ကလည်း နောက်ကွယ်က ပံ့ပိုးနေတဲ့ အကြောင်းတရပ်ပါ။ အပူအစပ်၊ အချို၊ အငန် ကြိုက်သူတွေဟာ သူများထက် ပိုဖြစိနိုင်ပါတယ်။ အရက်၊ဘီယာစတာတွေကလည်း ဗောကိထစေနိုင်တဲ့ အကြောင်းရာထဲပါတယ်။ အေအိုင်ဒီအက်စ်ရောဂါနဲ့ တီဘီရောဂါသည်တွေမှာ ပုံမှန်ထက် ခုခံအားကျဆင်းလို့ ဗောက်ထတတ်တယ်။
ဗောက်ပေါက်သူအများစုကို လေ့လာကြည့်ရင် ဆောင်းရာသီမှာ ပိုမိုဖြစ်ပွားလေ့ရှိတယ်။ လေထုစိုထိုငိးစနည်းပါးမှုက ဆံသားနဲ့ ဦးရေပြားက ပိုမိုခြောက်သွေ့စေတယ်။ ရလာဒ်ကတော့ ဆဲလ်ဟောင်းတွေကွာကျတာနဲ့ ဗောကိထလာတာပါ။ ဆောင်းရာသီမှာဖြစ်တဲ့ ဗောက်ဖတ်တွေက အဖြူရောင်သာများတယ်။ အိပိရေးမဝတာနဲ့ ခုခံအားနည်းတာကလည်း ဗောက်ထနိုင်တယ်။ psoriasis ဆိုရီအေးဆစ်အရေပြားရောဂါ၊ နှင်းခူနာရှိသူတွေဟာ သူများထက် ဗောက်ထနိုင်ခြေပိုများသူတွေ ဖြစ်ကြတယ်။ ထပ်လက်ညှိုးထိုးရမှာက အလေ့အကျင့်ပါ။ နေ့တိုငိးခေါင်းလျှော်တာလည်း ကောင်းတဲ့အလေ့ကျင့်မျိုးတော့ မဟုတ်ဘူး။ အရေပြားအဆီဂလင်းကို ပိုအလုပ်ပေးလို့ ဗောက်ပိုထလာတယ်။ အာဟာရချိူ့တဲ့မှုကလည်း အကြောင်းရာတရပ်အနေနဲ့ ပါဝင်နေပြန်တယ်။ သွပ်ဓာတ်၊ ဗီတာမင် ဘီနဲ့ အိုမီဂါသရီး ချို့တဲ့သူတွေဟာ သူများထက် ဗောက်ထနိုင်ချေပိုများပါတယ်။
ဗောက်ထသူအများစုဟာ သူများထက် ဆဲလ်လွှာကွာကျမှု ပိုများလို့ဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ဦးရေပြားခြောက်သွေ့မှု၊ seborrheic dermatitis အရေပြားရောဂါ၊ မှိုပိုး စတာတွေနဲ့ အဓိက ဆက်စပ်နေတယ်။ seborrheic dermatitisဆိုတာ အဆိီထုတ်လုပ်မှု များရာက ဦးရေပြားရောင်ရမ်းတဲ့ရောဂါတမျိုးပါ။ ဒီအရေပြားရောဂါက Malassezia တစေးမှိုပိုးတမျိုးနဲ့ ဆက်စပ်နေတာ သိလာကြတယ်။ ဒီမှိုပိုးက ဦးရေပြားက ထွက်တဲအဆီကို စားသုံးပြီးရင် ပိုမိုပေါက်ဖွားလေ့ရှိတယ်။ ပေါက်ဖွားလာတဲ့ မှိုကြောင့် ဦးရေပြားက စတင်ရောင်ရမ်းလာတယ်။ ရောင်ရမ်းမှုကြောင့် ဆဲလ်လွှာတွေ တဖြည်းဖြည်းပျက်ဆီးလာပြီး ဆဲလ်သေတွေပိုထွက်လာတယ်။ အပေါ်ယံဆဲလ်သေတွေနဲ့ ဦးရေပြားကထွက်တဲ့ အဆီ ရောစပ်တဲ့အခါ ဗောက်ဖတ်လေးတွေ ဖြစ်လာပါတယ်။ seborrheic dermatitis ကြောငိ့ဖြစ်တဲ့ ဦးရေပြားကရောင်နေမယ်။ ရဲနေမယ်။ ယားယံနေမယ်။ အဖြူသို့မဟုတ် အဝါဖတ်လေးတွေ ကပ်ညှိနေတာာရှိတတိတယ်။ ဝါတာက sebum အဆီထုတ်လုပ်မှု များလို့ဖြစ်တယ်။
အရေပြားခြောက်သွေ့သူတွေလည်း ဗောက်ထနိုင်ပါတယ်။ အရေပြားဆဲလ်တွေ ခြောက်သွေ့ပျက်ဆီးကွာကျရာကဖြစ်တယ်။ အရေပြားခြောက်သွေ့ရာက ထွက်တဲ့ ဗောက်ဖတ်မှန်သမျှ အဖြူရောင်သာ ရှိမယ်။ ခပ်သေးသေးဖတ်ကလေးတွေ ဦးရေပြားနဲ့ ပခုံးမှာ ကပ်ညှိနေတတ်တယ်။ ယားယံမှုရှိနိုင်ပေမယ့် seborrheic dermatitis လောက် မဆိုးပါ။ဆိုးဆေးနဲ့ ဆံပင်သန်ဆေးတွေကြောင့်လည်း ဗောကိထတာရှိနိုင်တယ်။ ဓာတ်မတဲ့ရာက ဖြစ်တယ်။
ဗောက်ပျောက်အောင် ကုရတော့မယ်ဆိုရင် အချက်နှစ်ချက်ကို အရင်ကြည့်ရတယ်။ ပထမတချကိက အသက်အရွယ်ပါ။ ဒုတိယအချက်က ဗောက်ထတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်လောက် ဆိုးနေသလဲ၊ဒီအချက်တွေပေါ် အခြေခံပြီး ကုမှ ဗောက်ပျောက်မှာ ဖြစ်ပါတယ်။ လူအများစုဟာ မှိုပိုးကြောင့် ဖြစ်တယ်ယူဆပြီး မှိုပိုးသတ်ဆေးတွေ တွင်တွင် သုံးကြတယ်။ သို့သော် လက်တွေ့မှာတော့ မပျောက်ကင်းကြဘူး။ ဘာ့ကြောင့်လဲ။ ကုသနည်းမမှန်ကန်လို့ပါ။တကယ်တမ်း ဖြစ်စေတဲ့အကြောင်းရင်းကိုရှာပြီး ကုမှသာ ဗောက်ပျောက်မှာ ဖြစ်ပါတယ်။
ဗောက်အတွက် အသုံးများတဲ့ ခေါင်းလျှော်ရည် သုံးမျု်းရှိပါတယ်။ Ketoconazole , selenium sulphide နဲ့ zinc pyrithione ခေါင်းလျှော်ရည်တွေဖြစ်တယ်။ Ketoconazoleက မှိုပိုးသတ်တဲ့ ဆေးတမျိုးပါ။ လိမ်းဆေး၊သောက်ဆေး၊ ခေါင်းလျှော်ရည် စသည်ဖြင့် ပုံစံအမျိုးမျိုးလာတယ်။ ခေါင်းလျှော်ရည်တမျိုးတည်းနဲ့ မရရင် လိမ်းဆေးထပ်ထည့်ရဦးမယ်။ ဒါမှ မရသေးရင် သောက်ဆေး လိုပါတယ်။ selenium sulphide က ဦးရေပြားအဆီထုတ်လုပ်မှုကို လျှော့ချပေးတဲ့ဆေးဖြစ်တယ်။ ဗောက်အဝါဖတ်တွေပါရင် selenium sulphide ပါတဲ့ခေါင်းလျှော်ရည်က ပိုကောင်းတယ်။ seleniumက အဆီထုတ်လုပ်မှုကို လျှော့ချနိုင်တယ်။ ဆာလဖာကတော့ ဗက်တီးရီးယားနဲ့ မှိုပိုးကို သတ်နိုင်တယ်။ နောက်ဆေးတမျိုးကတော့ melassezia မှိုပိုးကို နိုင်တဲ့ zinc pyrithione ခေါင်းလျှော်ရည်တွေ ဖြစ်ပါတယ်။ သတိပြုရမှာက ဗောက်ပျောက်ခေါင်းလျှော်ရည်တွေသုံးတဲ့အခါ ဦးရေပြားပေါ် အနည်းဆုံး ငါးမိနစ်ထားရမယ်။ ဒါမှ အရေပြားက ကောင်းကောင်းစုပ်ယူနိုင်မယ်။ အာနိသင်လည်း ရှိမယ်။ပြီးမှ ခေါင်းလျှော်လိုက်ပါ။ ခေါင်းလျှော်တဲအခါ ဆံသားကို အတင်းပွတ်ဆွဲတာမျိုး မလုပ်သင့်ဘူး။ စက်ဝိုင်းပုံ ခပ်ဖြေးဖြေးသာ လိမ်းသင့်တယ်။
ဗောက်ပျောက် ခေါင်းလျှော်ရည်အချို့မှာ coal tar နဲ့ Salicylic acidတွေ ပါတာတွေလည်း ရှိပါသေးတယ်။ coal tar ဆိုတာ ကတ္တရာစေးပါတဲ့ ဆိုးဆေးတမျိုးဖြစ်တယ်။ သူ့သဘာဝက မှိုပိုးကိုနိုငိတယ်။ ပြသနာကခေါင်းမှာ ရေရှည်စွဲမသုံးသင့်ဘူး။ဆံသားကို ပျက်ဆီးစေတယ်။ Salicylic acid ကတော့ အရေပြားဆဲလ်သေတွေကို ဖယ်ရှားနိုင်တယ်။ ဆောင်းရာသီလိုကာလမျိုးမှာ Salicylic acid ပါတာမသုံးသင့်ဘူး။ ဗောက်ဖတ်ပိုဆိုးလာနိုင်တာ တွေ့ရတယ်။ လိမ်းဆေး သုံးတဲ့အခါ သက်သာသည်ထိ နေ့စဉ်သုံးသင့်တယ်။ သက်သာသွားရင် သုံးတဲ့ အကြိမ်အရေအတွက် ပြန်လျှော့ဖို့ လည်း လိုပါတယ်။ ဗောက်ကုရာမှာ ဘယ်ဆေးကအကောင်းဆုံးလည်း ပြောမရပါဘူး။ လူနာပေါ်အခြေခံပြီး ကုရတာမျိုးဖြစ်ပါတယ်။
ဗောက်အတွက် သဘာဝဆေးနည်းနှစ်မျိုးရှိပါတယ်။ လက်ဖက်ဆီ(tea tree oil)နဲ့ လက်ဖက်စိမ်း (green tea )ကို အသုံးပြုတာဖြစ်တယ်။ လက်ဖက်ဆီထဲမှာ Australian Tea Tree က ရတဲ့ အဆီက သိပ်ကောင်းတယ်။ သဘာဝအားဖြင့်ကို မှိုပိုးနဲ့ ဗကိတီးရီးယားပိုးတွေကို နှိမ်နင်းနိုင်တယ်။ဝက်ခြံမှာသုံးတာနဲ့ အမျိုးစားတူတယ်။ ပါဝင်မှုပြင်းအားများတာကြောင့် အရေပြားခြောက်သွေ့တာ၊ ဓာတ်မတဲ့တာရှိနိုင်တယ်။ ဒီလိုဖြစ်ရင် ဆက်မသုံးပါနဲ့။ သို့သော် ရှန်ပူမှာအများစုမှာတော့ လက်ဖက်ဆီရဲ့ ပြင်းအား(concentration)ကို သိသိသာသာ လျှော့ချထားပါတယ်။ လူတိုင်းသုံးစွဲနိုင်အောင် ထုတ်ထားတာမို့ပါ။ နောက်နည်းတမျိုးက ပိုလီဖီနော ကြွယ်ဝတဲ့ လက်ဖက်စိမ်းပင်ဖြစ်ပါတယ်။ ဂျော်ဂျီယာ ဆေးကောလိပ်အဆိုအရ လက်ဖက်စိမ်း(green tea)ဟာ ဗောက်အတွက်သာမက ဆိုရီအေးဆစ်အရေပြားရောဂါအတွက်ပါ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
ဗောကိပျောက်ဖို့ သိပ်မလွယ်ကူလှပါဘူး။ သို့သော် ဒီရောဂါက ကုသဖို့ အခက်ကြီးထဲမှာလည်း မပါဝင်ဘူး။ စနစ်တကျကုရင် ပျောက်နိုင်တဲ့ရောဂါမျိုးဖြစ်ပါတယ်။ သန့်ရှင်းရေးကို အလေးထား ပြောဆိုနေကြတာလည်းရာနှုန်းပြည့်တော့ မမှန်သေးဘူး။ နေ့စဉ်ခေါင်းလျှော်ရင် ဗောက်ကို ပိုဆိုးလာနိုင်သေးတယ်။ နောက်ပြီး မြင်သမျှ ရှန်ပူတွေ အရမ်းကာရော သုံးနေတာလည်း မဟုတ်သေးဘူး။ တချို့ရှန်ပူတွေမှာ စတီးရွိုက်အပြင်းစားတွေ ပါနေတတ်တာမို့ ရိုးရိုးဗောက်မှာ သုံးရင် ပိုဆိုးလာနိုင်တယ်။ ဒီအချက်တွေတော့ သတိပြုစေချင်တယ်။
ဗောက်သဘောက မကြာခဏဖြစ်တတ်ပါတယ်။ ပျောက်ပြီးရင် ပြန်ပေါ်လာတတ်တယ်။ ကုတဲ့အခါ ဆေးတမျိုးတည်း အမြဲသုံးစွဲခြင်းဟာ ရေရှည်အကျိုးသက်ရောက်မှုကို ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် အချိန်ခါလိုက်ပြီး လိုသလိုပြောင်းသုံးရမယ်။ ဘယ်လိုသုံးမလဲဆိုတာ ရောဂါတခုချင်းအနေထားပေါ်သာမူတည်တယ်။ ကုတဲ့ဆရာဝန်ကလည်း ဒီအပိုင်းမှာ ကျွမ်းကျင်နေဖို့လိုပါတယ်။ မှိုပိုးတခုတည်းလက်ညှိုးထိုးပြီး မှိုပိုးသတ်ဆေး ထိုင်ပေးနေရုံနဲ့ သက်သာမှာ မဟုတ်ပါ။ နောက်ထပ် ထည့်သွင်းစဉ်းစားရမှာက အာဟာရဓာတ်ချု့်တဲ့မှုပါ။ ဇင့်၊ ဖောလစ်အက်ဆစ်နဲ့ ဗီတာမင်ဘီ ဓာတ်တွေလည်း လိုနိုင်ပါသေးတယ်။ အစိုဓာတ်နည်းရင် အိုမီဂါသရီးပါတာတွေ ထပ်ထည့်ရဦးမယ်။ ဗောကိကို မကုဘဲထားရင် ဆံပင်ကျွတ်နိုင်တယ်။ ထိပ်ပြောင်နိုင်တယ်။ ကုတ်ပါများရင် ဦးရေပြား ပိုးဝင်တာထိ ဖြစ်လာနိုင်တယ်။ ဆရာဝန်နဲ့သေချာကုဖို့လိုပါတယ်။
မွေးကင်းစကလေးတွေမှာဖြစ်တဲ့ cradle cap ဦးရေပြားရောင်တာကလည်း အဖြစ်များတယ်။ အသက်(၁)နှစ်အောက် အဖြစ်များတယ်။ seborrheic dermatitis အမျိုးအစားထဲပါတယ်။ မွေးကင်းစအရွယ် ဦးရေပြားမှာ ခပ်ထူူထူ ခပ်ကြီးကြီးအဝါဖတ်တွေ အကွက်လိုက်ဖြစ်တာမျိုးကို ခေါ်တာပါ။ ပုံမှန်အားဖြင့် ကုဖို့မလိုဘဲ အသက်(၆)လအတွင်း သူ့ဘာသာ သက်သာတယ်။ စိုးရိမ်နေတဲ့မိဘများအနေနဲ့ baby mild shampoos သို့မဟုတ် baby oil ,olive oil ,coconut oil စသည်ဖြင့် ဆီတမျု်းမျိုးကို နေ့စဉ် အသုံးပြုရုံနဲ့လုံလောက်ပါတယ်။
ဗောက်ကို ကာကွယ်ဖို့ အရေးကြီးတဲ့ အချက်(၅)ချက်ရှိပါတယ်။ ဒီအချက်တွေ သေချာလိုက်နာရမယ်။
(၁) တပတ်ကို ၂-၃ကြိမ်သာ ခေါင်းလျှော်ပါ။နေ့စဉ်မလျှော်ပါနဲ့။ ခေါင်းလျှော်နေစဉ် ဦးရေပြားကို အတင်းကုပ်ခြစ်တာမျိုး မလုပ်ရဘူး။
(၂) ခေါင်းလျှော်ပြီးတဲ့အခါ hair gel တွေ၊ spray တွေ မသုံးပါနဲ့။ အဆီဂလင်းနဲ့ပေါင်းပြီး ဗောက်ကို ပိုဆိုးစေနိုင်တယ်။ အလားတူ ဆိုးဆေးနဲ့ ဆံပင်သန်ဆေးသုံးတဲ့အခါ သတိပြုရမယ်။
(၃) နေ့စဉ်ခေါင်းဖီးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဦးရေပြားအခြေက ထွက်လာတဲ့ ဆဲလ်သေတွေက်ု ဖယ်ရှားဖို့ ဖြစ်ပါတယ်။
(၄) စိတ်ဖိစီးမှုက ဗောက်ထစေတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတတ်နိုင်သမျှ လျှော့ချပါ။
(၅) ဗောက်ထသူတွေအနေနဲ့ မကြာခဏ နေရောင်ပြသင့်တယ်။ ခရမ်းလွန်ရောင်ခြည်မှာပါတဲ့ UVA အမျိုးအစားက ဗောက်ကိုသက်သာစေတယ်။ အပြင်ထွက်တ်ုင်း ဦးထုပ်အမြဲဆောင်းတာ ပုံမှန်အားဖြင့် မကောင်းဘူး။ ထွက်လာတဲ့ ချွေးနဲ့ အစိုဓာတ်က မှိုပိုးပေါကိဖွားမှုကို အားပေးလို့ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
၈.၅.၁၇