အဆီျပန္တဲ့အသားအေရအတြက္ အိမ္သံုး mask

[zawgyi]

ညဖက္ အိပ္ရာဝင္သံုးတဲ့ အိမ္သံုး mask လုပ္နည္းကို ေဖာ္ျပပါမယ္။အသားအေရေခ်ာေမြ႕ ႏူးညံ့လာေအာင္ mask အုပ္တာ ၾကားဖူးၾကမယ္။ တကယ္ေတာ့ mask ေတြက ပံုစံအမ်ိဳးမ်ိဳး၊အာနိသင္အမ်ိဳးမ်ိဳးနဲ႔ ရွိတယ္။ အခုေဖာ္ျပမယ့္နည္းက အစိုဓာတ္ထိန္းတဲ့ home made moisturizer mask ျပဳလုပ္နည္းျဖစ္ပါတယ္။ အိမ္သံုုး mask လုပ္ဖို႔ ေထာပတ္သီးတျခမ္း၊ ၾကက္ဥတလံုး(အကာ)နဲ႔ ေရွာက္သီးတလံုး လိုအပ္ပါတယ္။

တခုခ်င္းစီရဲ႕ အာနိသင္ကို နည္းနည္းေျပာျပပါရေစ။
(၁) ေရွာက္ရည္က အေရျပားကို သန္႔စင္ေစတယ္။အဆီပို ကင္းစင္ေစတယ္။ အမဲစက္ကင္းေစတယ္။ ေခၽြးေပါက္ကို က်ဥ္းေစၿပီး ကိုလာဂ်င္ထုတ္ျခင္းကို အားေပးတယ္။ ဝက္ျခံမ်ားတဲ့အေရျပားမွာ သိပ္ေကာင္းတယ္။
(၂) ၾကက္ဥအကာအျဖဴမွာပါတဲ့ ပ႐ိုတင္းဓာတ္က အသားအေရတင္းရင္းေစတယ္။ အသားတြန္႔တာ ကာကြယ္ေပးတယ္။ အမာရြတ္ေတြကို သက္သာေလွ်ာ့ပါးေစတယ္။
(၃) ေထာပတ္က သဘာဝအင္တီေအာက္စီးဒင့္ျဖစ္လို႔ အသားအေရအတြက္ အေထာက္ကူျပဳတယ္။ ေနာက္ၿပီး အသားျဖဴေစတယ္။ အေရျပား အစိုဓာတ္ ထိန္းေပးတာေၾကာင့္ အသားေရ စိုေျပဝင္းပေစတယ္။

ျပဳလုပ္နည္း


အိမ္သံုးmaskလုပ္ဖို႔ အရင္ဆံုး ေထာပတ္သီးကို တဝက္ျခမ္းၿပီး အထဲကအႏွစ္ကို ျခစ္ယူပါ။ ၿပီးရင္ ေထာပတ္သီးကို ေၾကေအာင္ေျခၿပီး ေရွာက္ရည္ လက္ဖက္ရည္ဇြန္း (၁)ဇြန္းနဲ႔ ထည့္ေမႊပါ။ ေနာက္ဆံုးမွာ ၾကက္ဥအကာ(အျဖဴ)ကို ေရာၿပီး အရည္ပ်စ္လာသည္ထိ ေမႊေပးပါ။ ရလာတဲ့ အရည္ပ်စ္ပ်စ္ကို မ်က္ႏွာအျပည့္ ႏွံ႕ေအာင္ လိမ္းျခယ္ေပးပါ။ အဲဒီအေပၚကမွ အဝတ္ျဖဴ mask တခုထပ္အုပ္ပါ။ mask မရွိရင္ gauze (သို႔) ပိတ္ပါးစ တခုခု သံုးလို႔ရတယ္။ အဝတ္က သန္႔စင္ရမယ္။ မ်က္ႏွာေပၚ မိနစ္ႏွစ္ဆယ္ခန္႔ထားပါ။ ၿပီးရင္ mask ကို ခြာၿပီး ၾကက္သီးေႏြးေရနဲ႔ မ်က္ႏွာျပန္သစ္ပါ။ (၂)ပတ္အတြင္း ႏူးညံ့စိုေျပၿပီး ေခ်ာေမြ႕တဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။

ေဒါက္တာ ေအးမင္းထူး
၂၇.၂.၁၆

[unicode]

ညဖက် အိပ်ရာဝင်သုံးတဲ့ အိမ်သုံး mask လုပ်နည်းကို ဖော်ပြပါမယ်။အသားအရေချောမွေ့ နူးညံ့လာအောင် mask အုပ်တာ ကြားဖူးကြမယ်။ တကယ်တော့ mask တွေက ပုံစံအမျိုးမျိုး၊အာနိသင်အမျိုးမျိုးနဲ့ ရှိတယ်။ အခုဖော်ပြမယ့်နည်းက အစိုဓာတ်ထိန်းတဲ့ home made moisturizer mask ပြုလုပ်နည်းဖြစ်ပါတယ်။ အိမ်သုုံး mask လုပ်ဖို့ ထောပတ်သီးတခြမ်း၊ ကြက်ဥတလုံး(အကာ)နဲ့ ရှောက်သီးတလုံး လိုအပ်ပါတယ်။

တခုချင်းစီရဲ့ အာနိသင်ကို နည်းနည်းပြောပြပါရစေ။
(၁) ရှောက်ရည်က အရေပြားကို သန့်စင်စေတယ်။အဆီပို ကင်းစင်စေတယ်။ အမဲစက်ကင်းစေတယ်။ ချွေးပေါက်ကို ကျဉ်းစေပြီး ကိုလာဂျင်ထုတ်ခြင်းကို အားပေးတယ်။ ဝက်ခြံများတဲ့အရေပြားမှာ သိပ်ကောင်းတယ်။
(၂) ကြက်ဥအကာအဖြူမှာပါတဲ့ ပရိုတင်းဓာတ်က အသားအရေတင်းရင်းစေတယ်။ အသားတွန့်တာ ကာကွယ်ပေးတယ်။ အမာရွတ်တွေကို သက်သာလျှော့ပါးစေတယ်။
(၃) ထောပတ်က သဘာဝအင်တီအောက်စီးဒင့်ဖြစ်လို့ အသားအရေအတွက် အထောက်ကူပြုတယ်။ နောက်ပြီး အသားဖြူစေတယ်။ အရေပြား အစိုဓာတ် ထိန်းပေးတာကြောင့် အသားရေ စိုပြေဝင်းပစေတယ်။

ပြုလုပ်နည်း


အိမ်သုံးmaskလုပ်ဖို့ အရင်ဆုံး ထောပတ်သီးကို တဝက်ခြမ်းပြီး အထဲကအနှစ်ကို ခြစ်ယူပါ။ ပြီးရင် ထောပတ်သီးကို ကြေအောင်ခြေပြီး ရှောက်ရည် လက်ဖက်ရည်ဇွန်း (၁)ဇွန်းနဲ့ ထည့်မွှေပါ။ နောက်ဆုံးမှာ ကြက်ဥအကာ(အဖြူ)ကို ရောပြီး အရည်ပျစ်လာသည်ထိ မွှေပေးပါ။ ရလာတဲ့ အရည်ပျစ်ပျစ်ကို မျက်နှာအပြည့် နှံ့အောင် လိမ်းခြယ်ပေးပါ။ အဲဒီအပေါ်ကမှ အဝတ်ဖြူ mask တခုထပ်အုပ်ပါ။ mask မရှိရင် gauze (သို့) ပိတ်ပါးစ တခုခု သုံးလို့ရတယ်။ အဝတ်က သန့်စင်ရမယ်။ မျက်နှာပေါ် မိနစ်နှစ်ဆယ်ခန့်ထားပါ။ ပြီးရင် mask ကို ခွာပြီး ကြက်သီးနွေးရေနဲ့ မျက်နှာပြန်သစ်ပါ။ (၂)ပတ်အတွင်း နူးညံ့စိုပြေပြီး ချောမွေ့တဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၂၇.၂.၁၆

Facebook Comments
 

Post Author: admin