ဝိတ္ခ်ရာမွာအသံုးဝင္တဲ့ အသက္ရႈ ေလ့က်င့္ခန္း

ဝိတ္ခ်ခ်င္သူ၊ အစားေလွ်ာ့စားခ်င္သူအတြက္ အသံုးဝင္မယ့္ အသက္ရႈေလ့က်င့္ခန္းတခုကို ေဖာ္ျပေပးပါမယ္။ ဒီေလ့က်င့္ခန္းက မစားခင္လုပ္ရမွာျဖစ္ၿပီး ဝိတ္ခ်ခ်င္သူမ်ားအတြက္ အေထာက္အကူေပးတယ္။  မစားခင္ျပဳလုပ္ျခင္းအားျဖင့္ အစားစားခ်င္စိတ္ကို ေလွ်ာ့နည္းေစပါတယ္။
ျပဳလုပ္ပံု
(၁)အစား မစားခင္ အသက္ကိုျဖည္းျဖည္းခ်င္း ရႈရႈိက္ပါ။ ရႈရိႈက္ေနစဥ္ စိတ္ထဲက တစ္၊ ႏွစ္၊သံုး၊ ေလး၊ ငါးအထိ ခပ္မွန္မွန္ ေရတြက္ပါ။
(၂)ၿပီးရင္ အသက္ကို ျဖည္းျဖည္းခ်င္း ရႈထုတ္ပါ။ ရႈထုတ္တဲ့အခါလည္း စိတ္ထဲက တစ္ကေန ငါးအထိ စကၠန္႕အတိုင္း ျဖညိးျဖည္းခ်င္းေရတြက္ၿပီး ထုတ္ပါ။
(၃)အစားမစားခင္တိုင္း ဒီအသက္ရႈေလ့က်င့္ခန္းကို ၃-၅ႀကိမ္လုပ္ေပးရမွာ ျဖစ္တယ္။
တကယ္ေတာ့ ဒါက ေယာဂေလ့က်င့္ခန္း တမ်ိဳးပဲျဖစ္တယ္။ Yoga Body Diet လို႕ ေခၚတယ္။၂၀၀၉ ခုႏွစ္က  American Dietetic Association ရဲ႕ ဂ်ာနယ္ မွာ  ဒီေလ့က်င့္ခန္းဟာ အစာစားခ်င္စိတ္ကို ေလွ်ာ့နည္းေစၿပီး ဝိတ္ခ်ရာမွာ အေထာက္အကူျပဳႏိုင္တယ္လို႕ ေဖာ္ျပထားပါတယ္။ စိတ္ဝင္စားသူမ်ားအေနနဲ႕ ကိုယ္တိုင္စမ္းၿပီး လုပ္ၾကည့္ႏိုင္ပါတယ္။
ေဒါက္တာ ေအးမင္းထူး
၂၁.၇.၁၅
[unicode]

ဝိတ်ချချင်သူ၊ အစားလျှော့စားချင်သူအတွက် အသုံးဝင်မယ့် အသက်ရှုလေ့ကျင့်ခန်းတခုကို ဖော်ပြပေးပါမယ်။ ဒီလေ့ကျင့်ခန်းက မစားခင်လုပ်ရမှာဖြစ်ပြီး ဝိတ်ချချင်သူများအတွက် အထောက်အကူပေးတယ်။ မစားခင်ပြုလုပ်ခြင်းအားဖြင့် အစားစားချင်စိတ်ကို လျှော့နည်းစေပါတယ်။

ပြုလုပ်ပုံ
(၁)အစား မစားခင် အသက်ကိုဖြည်းဖြည်းချင်း ရှုရှိုက်ပါ။ ရှုရှိုက်နေစဉ် စိတ်ထဲက တစ်၊ နှစ်၊သုံး၊ လေး၊ ငါးအထိ ခပ်မှန်မှန် ရေတွက်ပါ။
(၂)ပြီးရင် အသက်ကို ဖြည်းဖြည်းချင်း ရှုထုတ်ပါ။ ရှုထုတ်တဲ့အခါလည်း စိတ်ထဲက တစ်ကနေ ငါးအထိ စက္ကန့်အတိုင်း ဖြညိးဖြည်းချင်းရေတွက်ပြီး ထုတ်ပါ။
(၃)အစားမစားခင်တိုင်း ဒီအသက်ရှုလေ့ကျင့်ခန်းကို ၃-၅ကြိမ်လုပ်ပေးရမှာ ဖြစ်တယ်။

တကယ်တော့ ဒါက ယောဂလေ့ကျင့်ခန်း တမျိုးပဲဖြစ်တယ်။ Yoga Body Diet လို့ ခေါ်တယ်။၂၀၀၉ ခုနှစ်က American Dietetic Association ရဲ့ ဂျာနယ် မှာ ဒီလေ့ကျင့်ခန်းဟာ အစာစားချင်စိတ်ကို လျှော့နည်းစေပြီး ဝိတ်ချရာမှာ အထောက်အကူပြုနိုင်တယ်လို့ ဖော်ပြထားပါတယ်။ စိတ်ဝင်စားသူများအနေနဲ့ ကိုယ်တိုင်စမ်းပြီး လုပ်ကြည့်နိုင်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၂၁.၇.၁၅

Facebook Comments
 

Post Author: admin

Leave a Reply

Your email address will not be published. Required fields are marked *