ရုပ္ဆုိးတဲ့အမာရြတ္ ေပ်ာက္နည္း

[zawgyi]
အမာရြတ္အမ်ိဳးမ်ိဳးရွိတယ္။ ဒီထဲမွာမွ ဝက္ျခံအမာရြတ္မဟုတ္ဘဲ ေဖာင္းေနတဲ့အမာရြတ္ အဖုအပိန္႕ေၾကာင့္ စိတ္ဒုကၡေ႐ာက္သူေတြ မနည္းပါဘူး။ သူတို႔ျဖစ္တဲ့အမာရြတ္က ရုိးရုိးအမာရြတ္မဟုတ္ဘဲ ေဖာင္းထြက္ေနတဲ့ အမာရြတ္မ်ိဳးျဖစ္တယ္။ ေဆးပညာအရ ဒီအမာရြတ္ကို hypertrophic scar လို႕ ေခၚပါတယ္။ ပံုမွန္ထက္ collagen ထုတ္လုပ္မႈမ်ားေနလို႔ ျဖစ္နိုင္တယ္။ အထူးသျဖင့္ ဒဏ္ရာက dermis လႊာကို သြားထိခိုက္တဲ့အခါ ျဖစ္တတ္တယ္။ မၾကာခဏ ကုတ္သူေတြမွာလည္း ပိုျဖစ္္နိုင္တယ္။
အမာရြတ္တစ္ခုဟာ လူတေယာက္ရဲ႕ ရုပ္ပိုင္းကိုသာမက စိတ္ပိုင္းဆိုင္ရာကိုလည္း မ်ားစြာထိခိုက္ေစတယ္။ ဒဏ္ရာတခုက ပံုမွန္အနာက်က္ရင္ အေရျပားက သူ႔ဘာသာျပဳျပင္ျပီး ျပန္ေကာင္းေလ့ရွိပါတယ္။ သုိ႔ေသာ္ အေရျပားထိခိုက္မႈက epidermisလြာရဲ႕ ေအာက္ဖက္ သုိ႕မဟုတ္ လူနာရဲ႕ ခုခံအားက အလြန္အကၽြံ တံု႔ျပန္တဲ့အခါ ပံုမွန္မဟုတ္တဲ့ အမာရြတ္ေတြျဖစ္လာေလ့ရွိတယ္။ သာမန္အေရျပားထက္ ေဖာင္းေနတဲ့အမာရြတ္ကို hypertrophic scar လို႕ ေခၚပါတယ္။ အဲဒီထက္ပုိဆုိးတဲ့အမာရြတ္ကိုေတာ့ keloid scar လုိ႕ ေခၚတယ္။ keloid scar မွာေတာ့ နဂုိအမာရြတ္ထက္ကို ဧရိယာ ပိုက်ယ္ျပန္႕လာတဲ့သေဘာရွိတယ္။ နွစ္မ်ိဳးလံုး ခုခံအားက အလြန္အကၽြံတံုါျပန္မႈေၾကာင့္ ကုိလာဂ်င္အမွ်င္ေတြပိုမိုစုပံုလာရာက ျဖစ္လာတာခ်ည္းပါ။ keloid အမာရြတ္ေတြက်ေတာ့ ရုပ္ဆိုးျပီး နွစ္ခ်ီႀကာတတ္တယ္။ နွစ္မ်ိဳးလံုးျဖစ္တဲ့ေနရာက ယားယံတာ၊ ေဖာင္းျပီး ရဲေနတာမ်ိဳးရွိတတ္တယ္။ 
hypertrophic scar အမ်ားစုက လည္ပင္း တံေတာင္ ဒူး ေျခေထာက္စတဲ့ ေနရာေတြမွာ ျဖစ္တတ္တယ္။ အထူးသျဖင့္ တင္းတဲ့ေနရာေတြ။ ဒီအမာရြတ္ေတြဟာ ဒဏ္ရာရျပီး ၄-၈ ပတ္အတြင္း ေပၚေပါက္လာေလ့ရွိပါတယ္။ တခ်ိဳ႕ ေျခာက္လေလာက္ထိ ၾကာတတ္တယ္။ ေနာက္ပိုင္း တျဖည္းျဖည္း ျပန္ေပ်ာက္သြားတယ္။ အမ်ားစုဟာ type 3 collagen ေတြ စုပံုရာက အမာရြတ္ဖုေဖာင္းလာတာ ျဖစ္တယ္။ အေသးစိတ္ ေလ့လာႀကည့္ရင္ myofibroblastနဲ႕ mucopolysaccharide ေတြ မ်ားေနမယ္။ ခြဲစိတ္ဒဏ္ရာ၊ မီးေလာင္နာေတြကေန အျဖစ္မ်ားတယ္။ တံု့ျပန္မႈလြန္ကဲသူေတြမွာေတာ့ ျခင္ကိုက္ဖုလို ဒဏ္ရာေသးေသးကေနေတာင္ ျဖစ္တတ္ေသးတယ္။ နွင္းခူနာ မ်ိဳးရုိးရွိသူေတြက သူမ်ားထက္ တံု႕ျပန္မႈပိုမ်ားလို႕ ပုိျဖစ္တယ္။
ေဖာင္းတဲ့အမာရြတ္အတြက္ လိမ္းေဆးအမ်ိဳးမ်ိဳးရွိတယ္။ clobetasol လိမ္းေဆး တေန႕နွစ္ၾကိမ္နဲ႕ tretinoin လိမ္းေဆးကို ညစဥ္လိမ္းေပးတာလည္း အာနိသင္ရွိတယ္။ မရေသးရင္ tacrolimus ေဆးကို အေရျပားေပၚ လိမ္းနိုင္တယ္။ တေန႕ နွစ္ၾကိမ္ ၂-၄ပတ္ႀကာ လိမ္းရမယ္။
ေနာက္တနည္းက နည္းနည္းျပင္းတယ္။ ၾကြက္နုိ့မွာသံုးတဲ့ အျပင္းစားလိမ္းေဆး imiquimod 5% cream ကိုသံုးတာ။ hypertrophic scarေတြမွာလည္း အသံုးဝင္တယ္။ ညစဥ္ နွစ္ပတ္လိမ္းျပီး အေပၚက အဝတ္တခုနဲ႕စည္းရင္ ေတာ္ရံုအမာရြတ္က ခ်ပ္သြားတယ္။ သက္သာလာရင္ တပတ္ သံုးၾကိမ္လိမ္းရံုနဲ႕ လံုေလာက္ျပီ။ ဒီေဆးက ေဘးထြက္ဆု္းက်ိဳးမ်ားလို႔ ဆရာဝန္ညႊန္မွသံုးသင့္တယ္။တျခားနည္းေတြလည္း ရွိတယ္။ အမာရြတ္ကို ခြဲျပီးရွင္းထုတ္တာ၊ နုိက္ထရုိဂ်င္အရည္သံုးျပီး ေအးခဲေစတာ၊ ေလဆာနည္း၊ ဓာတ္ကင္နည္း၊ ဆဲလ္ေတြပ်က္ဆီးေစတဲ့ ေဆးေတြထုိးထည့္တာစသည္ျဖင့္ အမ်ိဳးမ်ိဳးရွိတယ္။
အိမ္သံုးနည္း
အိမ္သံုးနည္းက shea butter နဲ႕ အုန္းဆီေရာျပီး အမာရြတ္ေနရာကို လိမ္းေပးတာျဖစ္ပါတယ္။ တေန႕ သံုးၾကိမ္လိမ္းျပီး အဝတ္က်ပ္စည္းရမယ္။ ရွားေစာင္းလပ္ပပ္ကို ပ်ားရည္နဲ႕ေရာ ၁၅ မိနစ္ဖိလိမ္းေပးရင္ သက္သာနိုင္တယ္။ အမာရြတ္ေသးေအာင္ အစုိဓာတ္ထိန္းေဆး vitamin E ကို အပ္နဲ႕ေဖာက္ျပီး ထြက္လာတဲ့အရည္ကုိလည္း လိမ္းေပးနိုင္တယ္။ ဖုေဖာင္းေနတဲ့အမာရြတ္ေတြကုတဲ့အခါ ဖိအားက အေရးႀကီးတယ္။ အမာရြတ္ေပၚ ဖိအား 15-40mmHg သံက္ေရာက္ေစျပီး ၁၈နာရီမွ၂၄ နာရီၾကာ ဖိထားေပးရင္ သက္သာတာ ပိုျမန္တယ္။
ေနာက္ဆံုးနည္းနဲ႕ အလြယ္ဆံုးနည္းက ႀကက္သြန္နီအုပ္ျပီး လိမ္းတာျဖစ္ပါတယ္။ ၾကက္သြန္နီမွာ quercetin ဆိုတဲ့ဓာတ္ပါတယ္။ ဒီဓာတ္က ပန္းသီးနဲ႕ လက္ဖက္ရြက္မွာပါတဲ့ဓာတ္နဲ႕တူတယ္။လုပ္ရတာလည္း မခက္လွပါ။ ၾကက္သြန္နီကို ခပ္ပါးပါးလွီး၊ အမာရြတ္ေပၚကို တင္ျပီး အဲဒီအေပၚက အဝတ္စတခုနဲ႕ ၁၈ နာရီၾကာ အုပ္ေပးရတယ္။ ႀကက္သြန္နီကထုတ္တဲ့ လိမ္းေဆးေတြလည္း ေပၚေနပါျပီ။ mederma gel သုိ႕မဟုတ္ contractubex gel ေဆးမ်ိဳး လိမ္းလို႕လည္းရတယ္။ ေဆးက္ိုတေန႕သံုးၾကိမ္ လိမ္းရမယ္။ အာနိသင္ေတြက တေယာက္နဲ႔ တေယာက္ ကြာျခားနိုင္တယ္။
ေဒါက္တာ ေအးမင္းထူး
၂.၂.၁၇
[unicode]

အမာရွတ်အမျိုးမျိုးရှိတယ်။ ဒီထဲမှာမှ ဝက်ခြံအမာရွတ်မဟုတ်ဘဲ ဖောင်းနေတဲ့အမာရွတ် အဖုအပိန့်ကြောင့် စိတ်ဒုက္ခရောက်သူတွေ မနည်းပါဘူး။ သူတို့ဖြစ်တဲ့အမာရွတ်က ရိုးရိုးအမာရွတ်မဟုတ်ဘဲ ဖောင်းထွက်နေတဲ့ အမာရွတ်မျိုးဖြစ်တယ်။ ဆေးပညာအရ ဒီအမာရွတ်ကို hypertrophic scar လို့ ခေါ်ပါတယ်။ ပုံမှန်ထက် collagen ထုတ်လုပ်မှုများနေလို့ ဖြစ်နိုင်တယ်။ အထူးသဖြင့် ဒဏ်ရာက dermis လွှာကို သွားထိခိုက်တဲ့အခါ ဖြစ်တတ်တယ်။ မကြာခဏ ကုတ်သူတွေမှာလည်း ပိုဖြစ််နိုင်တယ်။

အမာရွတ်တစ်ခုဟာ လူတယောက်ရဲ့ ရုပ်ပိုင်းကိုသာမက စိတ်ပိုင်းဆိုင်ရာကိုလည်း များစွာထိခိုက်စေတယ်။ ဒဏ်ရာတခုက ပုံမှန်အနာကျက်ရင် အရေပြားက သူ့ဘာသာပြုပြင်ပြီး ပြန်ကောင်းလေ့ရှိပါတယ်။ သို့သော် အရေပြားထိခိုက်မှုက epidermisလွာရဲ့ အောက်ဖက် သို့မဟုတ် လူနာရဲ့ ခုခံအားက အလွန်အကျွံ တုံ့ပြန်တဲ့အခါ ပုံမှန်မဟုတ်တဲ့ အမာရွတ်တွေဖြစ်လာလေ့ရှိတယ်။ သာမန်အရေပြားထက် ဖောင်းနေတဲ့အမာရွတ်ကို hypertrophic scar လို့ ခေါ်ပါတယ်။ အဲဒီထက်ပိုဆိုးတဲ့အမာရွတ်ကိုတော့ keloid scar လို့ ခေါ်တယ်။ keloid scar မှာတော့ နဂိုအမာရွတ်ထက်ကို ဧရိယာ ပိုကျယ်ပြန့်လာတဲ့သဘောရှိတယ်။ နှစ်မျိုးလုံး ခုခံအားက အလွန်အကျွံတုံါပြန်မှုကြောင့် ကိုလာဂျင်အမျှင်တွေပိုမိုစုပုံလာရာက ဖြစ်လာတာချည်းပါ။ keloid အမာရွတ်တွေကျတော့ ရုပ်ဆိုးပြီး နှစ်ချီကြာတတ်တယ်။ နှစ်မျိုးလုံးဖြစ်တဲ့နေရာက ယားယံတာ၊ ဖောင်းပြီး ရဲနေတာမျိုးရှိတတ်တယ်။

hypertrophic scar အများစုက လည်ပင်း တံတောင် ဒူး ခြေထောက်စတဲ့ နေရာတွေမှာ ဖြစ်တတ်တယ်။ အထူးသဖြင့် တင်းတဲ့နေရာတွေ။ ဒီအမာရွတ်တွေဟာ ဒဏ်ရာရပြီး ၄-၈ ပတ်အတွင်း ပေါ်ပေါက်လာလေ့ရှိပါတယ်။ တချို့ ခြောက်လလောက်ထိ ကြာတတ်တယ်။ နောက်ပိုင်း တဖြည်းဖြည်း ပြန်ပျောက်သွားတယ်။ အများစုဟာ type 3 collagen တွေ စုပုံရာက အမာရွတ်ဖုဖောင်းလာတာ ဖြစ်တယ်။ အသေးစိတ် လေ့လာကြည့်ရင် myofibroblastနဲ့ mucopolysaccharide တွေ များနေမယ်။ ခွဲစိတ်ဒဏ်ရာ၊ မီးလောင်နာတွေကနေ အဖြစ်များတယ်။ တုံ့ပြန်မှုလွန်ကဲသူတွေမှာတော့ ခြင်ကိုက်ဖုလို ဒဏ်ရာသေးသေးကနေတောင် ဖြစ်တတ်သေးတယ်။ နှင်းခူနာ မျိုးရိုးရှိသူတွေက သူများထက် တုံ့ပြန်မှုပိုများလို့ ပိုဖြစ်တယ်။

ဖောင်းတဲ့အမာရွတ်အတွက် လိမ်းဆေးအမျိုးမျိုးရှိတယ်။ clobetasol လိမ်းဆေး တနေ့နှစ်ကြိမ်နဲ့ tretinoin လိမ်းဆေးကို ညစဉ်လိမ်းပေးတာလည်း အာနိသင်ရှိတယ်။ မရသေးရင် tacrolimus ဆေးကို အရေပြားပေါ် လိမ်းနိုင်တယ်။ တနေ့ နှစ်ကြိမ် ၂-၄ပတ်ကြာ လိမ်းရမယ်။

နောက်တနည်းက နည်းနည်းပြင်းတယ်။ ကြွက်နို့မှာသုံးတဲ့ အပြင်းစားလိမ်းဆေး imiquimod 5% cream ကိုသုံးတာ။ hypertrophic scarတွေမှာလည်း အသုံးဝင်တယ်။ ညစဉ် နှစ်ပတ်လိမ်းပြီး အပေါ်က အဝတ်တခုနဲ့စည်းရင် တော်ရုံအမာရွတ်က ချပ်သွားတယ်။ သက်သာလာရင် တပတ် သုံးကြိမ်လိမ်းရုံနဲ့ လုံလောက်ပြီ။ ဒီဆေးက ဘေးထွက်ဆု်းကျိုးများလို့ ဆရာဝန်ညွှန်မှသုံးသင့်တယ်။တခြားနည်းတွေလည်း ရှိတယ်။ အမာရွတ်ကို ခွဲပြီးရှင်းထုတ်တာ၊ နိုက်ထရိုဂျင်အရည်သုံးပြီး အေးခဲစေတာ၊ လေဆာနည်း၊ ဓာတ်ကင်နည်း၊ ဆဲလ်တွေပျက်ဆီးစေတဲ့ ဆေးတွေထိုးထည့်တာစသည်ဖြင့် အမျိုးမျိုးရှိတယ်။

အိမ်သုံးနည်း
အိမ်သုံးနည်းက shea butter နဲ့ အုန်းဆီရောပြီး အမာရွတ်နေရာကို လိမ်းပေးတာဖြစ်ပါတယ်။ တနေ့ သုံးကြိမ်လိမ်းပြီး အဝတ်ကျပ်စည်းရမယ်။ ရှားစောင်းလပ်ပပ်ကို ပျားရည်နဲ့ရော ၁၅ မိနစ်ဖိလိမ်းပေးရင် သက်သာနိုင်တယ်။ အမာရွတ်သေးအောင် အစိုဓာတ်ထိန်းဆေး vitamin E ကို အပ်နဲ့ဖောက်ပြီး ထွက်လာတဲ့အရည်ကိုလည်း လိမ်းပေးနိုင်တယ်။ ဖုဖောင်းနေတဲ့အမာရွတ်တွေကုတဲ့အခါ ဖိအားက အရေးကြီးတယ်။ အမာရွတ်ပေါ် ဖိအား 15-40mmHg သံက်ရောက်စေပြီး ၁၈နာရီမှ၂၄ နာရီကြာ ဖိထားပေးရင် သက်သာတာ ပိုမြန်တယ်။

နောက်ဆုံးနည်းနဲ့ အလွယ်ဆုံးနည်းက ကြက်သွန်နီအုပ်ပြီး လိမ်းတာဖြစ်ပါတယ်။ ကြက်သွန်နီမှာ quercetin ဆိုတဲ့ဓာတ်ပါတယ်။ ဒီဓာတ်က ပန်းသီးနဲ့ လက်ဖက်ရွက်မှာပါတဲ့ဓာတ်နဲ့တူတယ်။လုပ်ရတာလည်း မခက်လှပါ။ ကြက်သွန်နီကို ခပ်ပါးပါးလှီး၊ အမာရွတ်ပေါ်ကို တင်ပြီး အဲဒီအပေါ်က အဝတ်စတခုနဲ့ ၁၈ နာရီကြာ အုပ်ပေးရတယ်။ ကြက်သွန်နီကထုတ်တဲ့ လိမ်းဆေးတွေလည်း ပေါ်နေပါပြီ။ mederma gel သို့မဟုတ် contractubex gel ဆေးမျိုး လိမ်းလို့လည်းရတယ်။ ဆေးက်ိုတနေ့သုံးကြိမ် လိမ်းရမယ်။ အာနိသင်တွေက တယောက်နဲ့ တယောက် ကွာခြားနိုင်တယ်။

ဒေါက်တာ အေးမင်းထူး
၂.၂.၁၇

Facebook Comments
 

Post Author: admin