မ်က္ႏွာအေရးအေၾကာင္း ကင္းစင္ေအာင္

ဂ်ပန္လူမ်ိဳးေတြဟာ အသားအေရနဲ႔ ပက္သတ္ၿပီး အင္မတန္နာမည္ႀကီးၾကတယ္။ အသက္ႀကီးေပမယ့္ မပ်က္စီးေသးပဲ အမ်ားစုဟာ အရြယ္တင္ၾကတယ္။ အမွန္ေတာ့ သူတို႔မွာ လ်ိဳ႔ဝွက္ခ်က္တခု ရွိေနလို႔ုလည္းျဖစ္ပါတယ္။ အခုေျပာမယ့္နည္းက ဂ်ပန္လူမ်ိဳးေတြရဲ႕ အသားအေရလ်ိဳ႕ဝွက္ခ်က္ေတြမွာ ပါတဲ့နည္းတခုျဖစ္ၿပီး ဒီနည္းေၾကာင့္ ဂ်ပန္မေလးေတြဟာ အသက္ႀကီးတဲ့ထိ ငယ္ရြယ္ႏုပ်ိဳေနတာျဖစ္တယ္။
ဒီနည္းက အလြန္လြယ္တယ္။ အေရွ႕တိုင္းသားေတြေန႔စဥ္စားသံုးတဲ့ ထမင္းရည္ကို အသံုးျပဳတဲ့နည္းျဖစ္တယ္။ ဆန္(၃)ဇြန္းစာကို ယူၿပီး ေရအနည္းငယ္ထည့္ကာ ထမင္းေစ့ ေပ်ာ့ေနသည္ထိ(ဆန္ျပဳတ္သေဘာ) ခ်က္ပါ။ ၿပီးရင္ ထမင္းရည္ကို(အရည္ကိုစစ္ၿပီး) ခြက္တခုနဲ႔ သက္သက္ခံထားပါ။ (မသြန္ပါနဲ႔)။ရလာတဲ့ထမင္းခပ္ေပ်ာ့ေပ်ာ့ကို ခြက္တခုထဲထည့္ၿပီး ေရအနည္းငယ္ေရာထည့္ျပီး သမေအာင္ေမႊပါ။ၿပီးရင္ ႏြားႏို႔ပူပူ ထမင္းစားဇြန္း တဇြန္းနဲ႔ ပ်ားရည္  တဇြန္း ထပ္ေရာၿပီး အရည္ပ်စ္ပ်စ္ျဖစ္ေအာင္ လုပ္ပါ။ အဆိုပါအေရာကို မ်က္ႏွာေပၚလိမ္းၿပီး နာရီဝက္ထားပါ။ ၿပီးရင္ မ်က္ႏွာကို ေစာေစာက သိမ္းထားတဲ့ ထမင္းရည္နဲ႔ ျပန္သစ္ပါ။
ဒီေနရာမွာ ေျပာစရာတခုက တမင္းရည္ကို ေရခဲေသတၱာထဲမွာ ေလးရက္ထိထားလို႔ရတယ္။ ထမင္းရည္ကို ပံုမွန္အားျဖင့္ သဘာဝတိုနာအေနနဲ႔ သံုးလို႔ရတယ္။ ေရခဲခြက္ထဲထည့္ၿပီး ေရခဲတံုးေလးေတြ လုပ္လို႔ရတယ္။ ဒီေရခဲတံုးေလးေတြကို အထင္မေသးနဲ႔။ မ်က္ႏွာမွာ စက္ဝိုင္းပံု လိမ္းေပးရင္ အသားအေရကို တင္းရင္းေစတယ္။ အေရးအေၾကာင္းကင္းစင္ေစတယ္။ တပတ္ကို တႀကိမ္ပံုမွန္ျပဳလုပ္ေပးရံုနဲ႔ ငယ္ရြယ္ႏုပ်ဴိတဲ့ အသားအေရမ်ဳိးကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။
ေဒါက္တာ ေအးမင္းထူး
၃၁.၇.၁၆
[unicode]

ဂျပန်လူမျိုးတွေဟာ အသားအရေနဲ့ ပက်သတ်ပြီး အင်မတန်နာမည်ကြီးကြတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးပဲ အများစုဟာ အရွယ်တင်ကြတယ်။ အမှန်တော့ သူတို့မှာ လျို့ဝှက်ချက်တခု ရှိနေလို့ုလည်းဖြစ်ပါတယ်။ အခုပြောမယ့်နည်းက ဂျပန်လူမျိုးတွေရဲ့ အသားအရေလျို့ဝှက်ချက်တွေမှာ ပါတဲ့နည်းတခုဖြစ်ပြီး ဒီနည်းကြောင့် ဂျပန်မလေးတွေဟာ အသက်ကြီးတဲ့ထိ ငယ်ရွယ်နုပျိုနေတာဖြစ်တယ်။

ဒီနည်းက အလွန်လွယ်တယ်။ အရှေ့တိုင်းသားတွေနေ့စဉ်စားသုံးတဲ့ ထမင်းရည်ကို အသုံးပြုတဲ့နည်းဖြစ်တယ်။ ဆန်(၃)ဇွန်းစာကို ယူပြီး ရေအနည်းငယ်ထည့်ကာ ထမင်းစေ့ ပျော့နေသည်ထိ(ဆန်ပြုတ်သဘော) ချက်ပါ။ ပြီးရင် ထမင်းရည်ကို(အရည်ကိုစစ်ပြီး) ခွက်တခုနဲ့ သက်သက်ခံထားပါ။ (မသွန်ပါနဲ့)။ရလာတဲ့ထမင်းခပ်ပျော့ပျော့ကို ခွက်တခုထဲထည့်ပြီး ရေအနည်းငယ်ရောထည့်ပြီး သမအောင်မွှေပါ။ပြီးရင် နွားနို့ပူပူ ထမင်းစားဇွန်း တဇွန်းနဲ့ ပျားရည် တဇွန်း ထပ်ရောပြီး အရည်ပျစ်ပျစ်ဖြစ်အောင် လုပ်ပါ။ အဆိုပါအရောကို မျက်နှာပေါ်လိမ်းပြီး နာရီဝက်ထားပါ။ ပြီးရင် မျက်နှာကို စောစောက သိမ်းထားတဲ့ ထမင်းရည်နဲ့ ပြန်သစ်ပါ။

ဒီနေရာမှာ ပြောစရာတခုက တမင်းရည်ကို ရေခဲသေတ္တာထဲမှာ လေးရက်ထိထားလို့ရတယ်။ ထမင်းရည်ကို ပုံမှန်အားဖြင့် သဘာဝတိုနာအနေနဲ့ သုံးလို့ရတယ်။ ရေခဲခွက်ထဲထည့်ပြီး ရေခဲတုံးလေးတွေ လုပ်လို့ရတယ်။ ဒီရေခဲတုံးလေးတွေကို အထင်မသေးနဲ့။ မျက်နှာမှာ စက်ဝိုင်းပုံ လိမ်းပေးရင် အသားအရေကို တင်းရင်းစေတယ်။ အရေးအကြောင်းကင်းစင်စေတယ်။ တပတ်ကို တကြိမ်ပုံမှန်ပြုလုပ်ပေးရုံနဲ့ ငယ်ရွယ်နုပျိူတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၃၁.၇.၁၆

Facebook Comments
 

Post Author: admin

Leave a Reply

Your email address will not be published. Required fields are marked *