မိတ္ကပ္ primer သံုးနည္း

primer ဆိုတာ မိတ္ကပ္ေအာက္က ခံတဲ့ အရည္တမ်ဳ္းျဖစ္တယ္။ primer ရဲ႕ အဓိက အာနိသင္က မိတ္ကပ္ၾကာ႐ွည္ခံေစတာျဖစ္တယ္။ ေခၽြးထြက္မ်ားတဲ့အခါ မ်က္ႏွာအဆီျပန္ရာကေန ဓာတ္တိုးၿပီး မိတိကပ္အေရာင္ေျပာင္းတတ္တယ္။ primer ၾကားက ခံထားျခင္းအားျဖင့္ ဒီအခ်က္ကို ကာကြယ္ေပးမယ္။မိတ္ကပ္နဲ႔ skin careၾကားမွာ အလႊာတခုအေနနဲ႔ ကာေပးထားတယ္။
primer ထဲမွာ တခ်ဳိ့က အသားအေရာင္ လင္းေစတာရွိတယ္။ တခ်ဳိ့က ခပ္မိႈင္းမိႈင္းျဖစ္တယ္။ တခ်ဳိ့ ပ႐ိုင္မာေတြက အသားေရာင္မညီတာကို ျပဳျပင္ေပးတဲ့ အာနိသင္ရွိတယ္။primer လိမ္းျခင္းအားျဖင့္ အသားအေရက ညီညာေနမယ္။ မိတ္ကပ္သားတက္ေစတယ္။ primer ထဲမွာ ေနေလာင္ကာ၊အစိုဓာတ္ထိန္းစတဲ့အာနိသင္ပါတာေတြလည္း ရွိပါတယ္။ မ်က္ႏွာအသားအေရေပၚမူတည္ၿပီး ကိုယ္နဲ႔ ကိုက္မယ့္ primer ကို ေရြးခ်ယ္ရမွာျဖစ္တယ္။
• normal skin
ေခၽြးေပါက္က်ယ္တာ၊ အဆီဂလင္းမ်ားတာ၊ အသားအေရေျခာက္ေသြ႕မႈမရွိတဲ့ အေရျပားကို ပံုမွန္အသားအေရေခၚတယ္။ illuminating primer မ်ဳိးကို သံုးသင့္တယ္။
• oily skin
အဆီျပန္တဲ့အသားအေရမွာ mattifying primer အေရာင္ခပ္မိႈင္းမိႈင္း မ်ဳိးကို လိမ္းသင့္တယ္။ မ်က္ႏွာအဆီျပန္ျခင္းကို အထိုက္အလွ်ာက္ေလွ်ာ့နည္းေစတယ္။ ေခၽြးေပါကိက်ယ္တဲ့အသားအေရမို႔ pore minimizing primer မ်ဳိး ေရြးသင့္တယ္။
• Dry skin
Moisturizer ပါတဲ့ primer မ်ဳိး ေရြးရမယ္။ dewy သို႔မဟုတ္ shiny ပါတာ သံုးရမယ္။ အသားေျခာက္သူေတြအတြက္ primer ေရြးရတာ အခက္ခဲနည္းနည္းရွိတယ္။ hydrating, creamy စတာေတြပါတာ ေရြးခ်ယ္ပါ။
• combined skin
ေပါင္းစပ္အသားအေရအတြက္ primer ေရြးရတာ အခက္ဆံုးျဖစ္တယ္။ နည္းႏွစ္ခုရွိတယ္။ neutral primer ကို ေရြးခ်ယ္မလား။ neutral ေတြက မိတ္ကပ္သား ၾကာရွည္ခံတာမ်ားတယ္။ ေနာကိတနည္းက အဆီျပန္တဲ့ေနရာအတြက္ mattifying primer  သံုးၿပီး အသားေျခာက္တဲ့ေနရာေတြမွာ creamy primer ကို သံုးတာျဖစ္တယ္။
• sensitive skin
အထိမခံတဲ့ အသားအေရပိုင္ရွင္ေတြ မိတ္ကပ္လိမ္းတဲ့အခါ primer မျဖစ္မေနဂထညိ့လိမ္းရမယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ အေရျပားနဲ႔ မိတ္ကပ္ၾကားမွာ primer က အလႊာတခုအေနနဲ႔ ၾကားခံေပးမွာမို႔ ျဖစိတယ္။ မိတ္ကပ္ဓာတ္မတည့္တာကို primer က အနည္းအက်ဥ္းေတာ့ ကာကြယ္ေပးႏိုင္တယ္။ သတိျပဳရမွာက ရနံ႔ျပင္းတဲ့ primer ေတြ မလိမ္းသင့္ဘူး။ အထူးသျဖင့္ ingredient မွာ fragrance စာလံူးပါရင္ မေရြးခ်ယ္သင့္ပါ။sensitive skin  ေတြက ပံုမွန္အားျဖင့္ကို မ်က္ႏွာ အနီဖက္သမ္းေနေလ့ရွိတယ္။ ဒါ့ေၾကာင့္ green based primer ကိုသာ ေရြးခ်ယ္သင့္တယ္။ ဥပမာ green tea extract, niacinamide  ပါဝင္တာမ်ဳိး သံုးသင့္တယ္။ မိတ္ကပ္ foundation ကိုေတာ့ ေလွ်ာ့လိမ္းပါ။
primer လိမ္းနည္း
primer လိမ္းတဲ့အခါ အမ်ားႀကီးလိမ္းဖို႔ မလိုအပ္ဘူး။ pea size ပဲေစ့ပမာဏသာ ယူၿပီး လိမ္းပါ။ နဖူး၊ႏွာေခါင္း၊ ေမးေစ့ စတဲ့ ေနရာမွာ အရင္လိမ္းပါ။ ၿပီးရင္ ပါးနဲ႔ ေမး႐ိုးေနရာကို ဆက္လိမ္းပါ။ primer လိမ္းတဲ့အခါ လက္နဲ႔ လိမ္းရင္ အေကာင္းဆံုးျဖစ္တယ္။ brush, sponge စတာေတြ မသံုးပါနဲ႔။ ခပ္ေျပေျပသာ လိမ္းသင့္တယ္။ ပါးေလ ေကာင္းေလျဖစ္တယ္။ လိမ္းၿပီး အနည္းဆံုး သံုးမိနစ္ေစာင့္ပါ။ ၿပီးမွ foundation ဆက္လိမ္းပါ။
မိတ္ကပ္သေဘာက အေရျပားအစိုဓာတ္မ်ားရင္ အေ႐ာင္ပိုထြက္တယ္။ ပံုမွန္အားျဖင့္ မ်က္ႏွာသစ္ေဆးနဲ႔ ေၾကးခၽြတ္ၿပီးရင္ တိုနာနဲ႔ ထပ္မံသန္႔စင္ရတယ္။ ၿပီးရင္ moisturizer ဆက္ လိမ္းႏိုင္တယ္။ ၿပီးမွ primer , makeup foundation ဆက္လိမ္းရတယ္။ အဆီျပန္တဲ့ အသားအေရမွာ moisturizer အဆင့္ကို ေက်ာ္လို႔ရတယ္။ primer ထဲမွာ အစိုဓာတ္ထိန္းပစၥည္းပါလို႔ျဖစ္တယ္။
အသက္(၄၀)ေက်ာ္ေတြ မိတ္ကပ္လိမ္းတဲ့အခါ primer မျဖစ္မေန ထည့္သင့္တယ္။သူက အေရးအေၾကာငိးေတြကို ျဖည့္ဆည္းေပးတယ္။ အေကာင္းဆံုးက lightweight , moisturizing primer မ်ဳိး ေရြးခ်ယ္သင့္တယ္။ primer အမ်ားစုမွာ sunscreen ပါတာမ်ားတယ္။ သူက အေရျပားပ်က္ဆီးမႈကို ေတာ္ေတာ္ေလး ကာကြယ္ေပးႏိုင္တယ္။ firming primer ဆိုတာလည္း ရွိေသးတယ္။ သူကအေရျပားတင္းရင္းေစၿပီး facelift အာနိသင္ရွိတယ္။
ေဒါက္တာေအးမင္းထူး
၂၀.၁၂.၁၇
[unicode]

primer ဆိုတာ မိတ်ကပ်အောက်က ခံတဲ့ အရည်တမျု်းဖြစ်တယ်။ primer ရဲ့ အဓိက အာနိသင်က မိတ်ကပ်ကြာရှည်ခံစေတာဖြစ်တယ်။ ချွေးထွက်များတဲ့အခါ မျက်နှာအဆီပြန်ရာကနေ ဓာတ်တိုးပြီး မိတိကပ်အရောင်ပြောင်းတတ်တယ်။ primer ကြားက ခံထားခြင်းအားဖြင့် ဒီအချက်ကို ကာကွယ်ပေးမယ်။မိတ်ကပ်နဲ့ skin careကြားမှာ အလွှာတခုအနေနဲ့ ကာပေးထားတယ်။

primer ထဲမှာ တချို့က အသားအရောင် လင်းစေတာရှိတယ်။ တချို့က ခပ်မှိုင်းမှိုင်းဖြစ်တယ်။ တချို့ ပရိုင်မာတွေက အသားရောင်မညီတာကို ပြုပြင်ပေးတဲ့ အာနိသင်ရှိတယ်။primer လိမ်းခြင်းအားဖြင့် အသားအရေက ညီညာနေမယ်။ မိတ်ကပ်သားတက်စေတယ်။ primer ထဲမှာ နေလောင်ကာ၊အစိုဓာတ်ထိန်းစတဲ့အာနိသင်ပါတာတွေလည်း ရှိပါတယ်။ မျက်နှာအသားအရေပေါ်မူတည်ပြီး ကိုယ်နဲ့ ကိုက်မယ့် primer ကို ရွေးချယ်ရမှာဖြစ်တယ်။

• normal skin
ချွေးပေါက်ကျယ်တာ၊ အဆီဂလင်းများတာ၊ အသားအရေခြောက်သွေ့မှုမရှိတဲ့ အရေပြားကို ပုံမှန်အသားအရေခေါ်တယ်။ illuminating primer မျိုးကို သုံးသင့်တယ်။

• oily skin
အဆီပြန်တဲ့အသားအရေမှာ mattifying primer အရောင်ခပ်မှိုင်းမှိုင်း မျိုးကို လိမ်းသင့်တယ်။ မျက်နှာအဆီပြန်ခြင်းကို အထိုက်အလျှာက်လျှော့နည်းစေတယ်။ ချွေးပေါကိကျယ်တဲ့အသားအရေမို့ pore minimizing primer မျိုး ရွေးသင့်တယ်။

• Dry skin
Moisturizer ပါတဲ့ primer မျိုး ရွေးရမယ်။ dewy သို့မဟုတ် shiny ပါတာ သုံးရမယ်။ အသားခြောက်သူတွေအတွက် primer ရွေးရတာ အခက်ခဲနည်းနည်းရှိတယ်။ hydrating, creamy စတာတွေပါတာ ရွေးချယ်ပါ။

• combined skin
ပေါင်းစပ်အသားအရေအတွက် primer ရွေးရတာ အခက်ဆုံးဖြစ်တယ်။ နည်းနှစ်ခုရှိတယ်။ neutral primer ကို ရွေးချယ်မလား။ neutral တွေက မိတ်ကပ်သား ကြာရှည်ခံတာများတယ်။ နောကိတနည်းက အဆီပြန်တဲ့နေရာအတွက် mattifying primer သုံးပြီး အသားခြောက်တဲ့နေရာတွေမှာ creamy primer ကို သုံးတာဖြစ်တယ်။

• sensitive skin
အထိမခံတဲ့ အသားအရေပိုင်ရှင်တွေ မိတ်ကပ်လိမ်းတဲ့အခါ primer မဖြစ်မနေဂထညိ့လိမ်းရမယ်။ ဘာ့ကြောင့်လဲဆိုတော့ အရေပြားနဲ့ မိတ်ကပ်ကြားမှာ primer က အလွှာတခုအနေနဲ့ ကြားခံပေးမှာမို့ ဖြစိတယ်။ မိတ်ကပ်ဓာတ်မတည့်တာကို primer က အနည်းအကျဉ်းတော့ ကာကွယ်ပေးနိုင်တယ်။ သတိပြုရမှာက ရနံ့ပြင်းတဲ့ primer တွေ မလိမ်းသင့်ဘူး။ အထူးသဖြင့် ingredient မှာ fragrance စာလူံးပါရင် မရွေးချယ်သင့်ပါ။sensitive skin တွေက ပုံမှန်အားဖြင့်ကို မျက်နှာ အနီဖက်သမ်းနေလေ့ရှိတယ်။ ဒါ့ကြောင့် green based primer ကိုသာ ရွေးချယ်သင့်တယ်။ ဥပမာ green tea extract, niacinamide ပါဝင်တာမျိုး သုံးသင့်တယ်။ မိတ်ကပ် foundation ကိုတော့ လျှော့လိမ်းပါ။

primer လိမ်းနည်း
primer လိမ်းတဲ့အခါ အများကြီးလိမ်းဖို့ မလိုအပ်ဘူး။ pea size ပဲစေ့ပမာဏသာ ယူပြီး လိမ်းပါ။ နဖူး၊နှာခေါင်း၊ မေးစေ့ စတဲ့ နေရာမှာ အရင်လိမ်းပါ။ ပြီးရင် ပါးနဲ့ မေးရိုးနေရာကို ဆက်လိမ်းပါ။ primer လိမ်းတဲ့အခါ လက်နဲ့ လိမ်းရင် အကောင်းဆုံးဖြစ်တယ်။ brush, sponge စတာတွေ မသုံးပါနဲ့။ ခပ်ပြေပြေသာ လိမ်းသင့်တယ်။ ပါးလေ ကောင်းလေဖြစ်တယ်။ လိမ်းပြီး အနည်းဆုံး သုံးမိနစ်စောင့်ပါ။ ပြီးမှ foundation ဆက်လိမ်းပါ။

မိတ်ကပ်သဘောက အရေပြားအစိုဓာတ်များရင် အရောင်ပိုထွက်တယ်။ ပုံမှန်အားဖြင့် မျက်နှာသစ်ဆေးနဲ့ ကြေးချွတ်ပြီးရင် တိုနာနဲ့ ထပ်မံသန့်စင်ရတယ်။ ပြီးရင် moisturizer ဆက် လိမ်းနိုင်တယ်။ ပြီးမှ primer , makeup foundation ဆက်လိမ်းရတယ်။ အဆီပြန်တဲ့ အသားအရေမှာ moisturizer အဆင့်ကို ကျော်လို့ရတယ်။ primer ထဲမှာ အစိုဓာတ်ထိန်းပစ္စည်းပါလို့ဖြစ်တယ်။

အသက်(၄၀)ကျော်တွေ မိတ်ကပ်လိမ်းတဲ့အခါ primer မဖြစ်မနေ ထည့်သင့်တယ်။သူက အရေးအကြောငိးတွေကို ဖြည့်ဆည်းပေးတယ်။ အကောင်းဆုံးက lightweight , moisturizing primer မျိုး ရွေးချယ်သင့်တယ်။ primer အများစုမှာ sunscreen ပါတာများတယ်။ သူက အရေပြားပျက်ဆီးမှုကို တော်တော်လေး ကာကွယ်ပေးနိုင်တယ်။ firming primer ဆိုတာလည်း ရှိသေးတယ်။ သူကအရေပြားတင်းရင်းစေပြီး facelift အာနိသင်ရှိတယ်။

ဒေါက်တာအေးမင်းထူး
၂၀.၁၂.၁၇

Facebook Comments
 

Post Author: admin