ဘာဘီ႐ုပ္ေလးလို အသားလွေအာင္

 

[zawgyi]

ဘာဘီ႐ုပ္နည္းက မ်က္ႏွာအတြက္သာမက တကိုယ္လံုးအတြက္ပါ လိမ္းက်ံႏိုင္ပါတယ္။ တစ္လအတြင္း အသားအေရသိသိသာသာ စိုေျပလာၿပီး ႏုဖတ္ၾကည္လင္တဲ့အသားအေရကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။

အရင္ဆံုး ေျခ၊လက္ကို ေျခာက္ေသြ႕သန္႔ရွင္းေအာင္ ထားပါ။ ၿပီး႐င္ သန္႔စင္တဲ့ ဂြမ္း(သို႔) အဝတ္နဲ႔ ႏြားႏို႔ကို စိမ္ၿပီး အေရျပားထိစိမ့္ဝင္ေအာင္ ပြတ္ေပးပါ။ ၿပီးရင္ႏွိပ္ေပးပါ။ နာရီဝက္ေန႐င္ အေရျပားကို ေရနဲ႔ေဆးေၾကာသန္႔စင္ပါ။ ႏြားႏို႔မွာပါတဲ့ lactic acidက ဆဲလ္ေသေတြဖယ္ရွားေပးတယ္။ ေနာက္ၿပီး အေရာင္ခၽြတ္တဲ့အာနိသင္ရွိလို႔ အေရျပားကို ျဖဴေဖြးလာေစတယ္။ အေရျပားေမႊးညႇငိးေပါကိထိ ဝင္ေရာက္သန္႔စင္ေပးတယ္။ အစိုဓာတ္ကို ထိန္းေပးတာမို႔ အသားအေရႏူးညံ့ၿပီး ျဖဴစင္ဝင္းပေစမွာ ျဖစ္ပါတယ္။

ေနာက္တနည္းက လိေမၼာ္ခြံေျခာက္နဲ႔ ႏြားႏို႔ကိုေရာၿပီးလိမ္းရမွာျဖစ္တယ္။ လိေမၼာ္ခြံေျခာက္ကို ေသခ်ာအမႈန္႔ႀကိတ္ပါ။ ၿပီးရင္ ႏြားႏို႔တခြက္ယူၿပီး အရည္ပ်စ္paste ျဖစ္ေအာင္ နည္းနည္းစီထည့္စပ္ပါ။ရလာတဲ့ pasteကို လက္၊ေျခစတဲ့ေနရာမွာ လိမ္းပါ။ မိနစ္ႏွစ္ဆယ္ထားၿပီး ေရျပန္ေဆးပါ။ ဒီတိုင္း တပတ္ကို သံုးႀကိမ္ခန္႔လုပ္ေပးျခင္းျဖင့္ ႏူးညံ့စိုေျပတဲ့ ဆင္စြယ္ေရာင္ အသားအေရကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။

ေဒါက္တာ ေအးမင္းထူး
၃.၁.၁၈

[unicode]

ဘာဘီရုပ်နည်းက မျက်နှာအတွက်သာမက တကိုယ်လုံးအတွက်ပါ လိမ်းကျံနိုင်ပါတယ်။ တစ်လအတွင်း အသားအရေသိသိသာသာ စိုပြေလာပြီး နုဖတ်ကြည်လင်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

အရင်ဆုံး ခြေ၊လက်ကို ခြောက်သွေ့သန့်ရှင်းအောင် ထားပါ။ ပြီးရင် သန့်စင်တဲ့ ဂွမ်း(သို့) အဝတ်နဲ့ နွားနို့ကို စိမ်ပြီး အရေပြားထိစိမ့်ဝင်အောင် ပွတ်ပေးပါ။ ပြီးရင်နှိပ်ပေးပါ။ နာရီဝက်နေရင် အရေပြားကို ရေနဲ့ဆေးကြောသန့်စင်ပါ။ နွားနို့မှာပါတဲ့ lactic acidက ဆဲလ်သေတွေဖယ်ရှားပေးတယ်။ နောက်ပြီး အရောင်ချွတ်တဲ့အာနိသင်ရှိလို့ အရေပြားကို ဖြူဖွေးလာစေတယ်။ အရေပြားမွှေးညှငိးပေါကိထိ ဝင်ရောက်သန့်စင်ပေးတယ်။ အစိုဓာတ်ကို ထိန်းပေးတာမို့ အသားအရေနူးညံ့ပြီး ဖြူစင်ဝင်းပစေမှာ ဖြစ်ပါတယ်။

နောက်တနည်းက လိမ္မော်ခွံခြောက်နဲ့ နွားနို့ကိုရောပြီးလိမ်းရမှာဖြစ်တယ်။ လိမ္မော်ခွံခြောက်ကို သေချာအမှုန့်ကြိတ်ပါ။ ပြီးရင် နွားနို့တခွက်ယူပြီး အရည်ပျစ်paste ဖြစ်အောင် နည်းနည်းစီထည့်စပ်ပါ။ရလာတဲ့ pasteကို လက်၊ခြေစတဲ့နေရာမှာ လိမ်းပါ။ မိနစ်နှစ်ဆယ်ထားပြီး ရေပြန်ဆေးပါ။ ဒီတိုင်း တပတ်ကို သုံးကြိမ်ခန့်လုပ်ပေးခြင်းဖြင့် နူးညံ့စိုပြေတဲ့ ဆင်စွယ်ရောင် အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၃.၁.၁၈

Facebook Comments
 

Post Author: admin