တိုနာသံုးနည္း

ဒီဖက္ေခတ္မွာ လူေတာ္ေတာ္မ်ားမ်ား facial foam လို မ်က္ႏွာသစ္ဆပ္ျပာေတြသံုးၾကေပမယ့္ တိုနာအေၾကာင္းကေတာ့ လူသိနည္းေသးတယ္။ အလွအပ ပစၥည္းေတြထဲမွာ အသံုးဝင္တဲ့ Tonar အေၾကာင္း နည္းနည္းေရးပါမယ္။
Tonerဆိုတာ မ်က္ႏွာသန္႔စင္တဲ့ အရည္ၾကည္တမ်ိဳးျဖစ္ပါတယ္။ တိုနာအာနိသင္က အညစ္အေၾကးကို အဓိကဖယ္ရွားသန္႔စင္ေပးတာ ျဖစ္တယ္။ မ်က္ႏွာသစ္ေတြသံုးၿပီး က်န္ေနႏိုင္တဲ့ အညစ္အေၾကးကို ဗာတိုနာက ေကာင္းေကာင္းဖယ္ရွားေပးႏိုင္တယ္။ ေနာက္ၿပီး မ်က္ႏွာအဆီေပါက္ေတြကို က်ဥ္းေစတာမို႔ အဆီျပန္ျခင္း ကင္းစင္ေစတယ္။ အထူးသျဖင့္ မိတ္ကပ္သံုးသူအမ်ားစုဟာ တိုနာသံုးသင့္တယ္။
လူ႕အေရျပားက အက္ဆစ္ဖက္ နည္းနည္းကဲေလ့ရွိတယ္။ ပံုမွန္အားျဖင့္ pH 6-7 ၾကားရွိတယ္။ မေကာင္းတာက မ်က္ႏွာသစ္ဆပ္ျပာ သံုးၿပီးတဲ့အခါ pH ေျပာင္းလဲၿပီး အယ္လ္ကာလီဖက္ ေရာက္သြားတယ္။ အဲလိုအခ်ိန္မ်ိဳးမွာ toner သံုးစြဲျခင္းကအေရျပား pHကို ျပန္လည္ထိန္းညႇိၿပီး ပံုမွန္အတိုင္း ျဖစ္ေစတယ္။
Toner အမ်ားစုဟာ အဆီျပန္တဲ့အသားေရနဲ႔ အထူးသင့္ေတာ္တယ္။မ်က္ႏွာအဆီျပန္ရင္ဝက္ျခံထြက္တာ လူတိုင္းသိပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ အဆီေတြက ေလထုထဲမွာ ရွိတဲ့ ဖုန္မႊားေတြကို တြယ္ကပ္ေစတယ္။ အဲဒီဖုန္မႊားေတြက တဆင့္ အဆီဂလင္းကိုသြားပိတ္ရင္း အထဲမွာ ဗက္တီးရီးယားေပါက္ဖြားၿပီး ဝက္ျခံကို ျဖစ္ေစတယ္။ တိုနာသံုးစြဲျခင္းက အဆီျပန္ျခင္း ကင္းစင္ေစလို႔ ေတာက္ပၾကည္လင္တဲ့ မ်က္ႏွာကို ပိုင္ဆိုင္ေစမွာ ျဖစိတယ္။
Toner အမ်ားစုမွာ ေရ၊ အရက္ျပန္၊ အလွဆီ၊အသားေရတငိးရင္းေစတဲ့ ပစၥည္း(ရွားေစာင္းလက္ပပ္)၊ ဓာတုပစၥည္း တမ်ိဳးမ်ိဳးပါေလ့ရွိတယ္။ တိုနာအမ်ားစုရဲ႕ အေျခခံဟာ Alcohol ျဖစ္လို႔ သံုးၿပီးေျခာက္သြားတဲ့အခါ အေရျပားမွာ စပ္ဖ်ဥ္းဖ်ဥ္း ေအးစက္စက္ ခံစားရတယ္။ Alcohol မပါတဲ့ tonerေတြမွာ witch hazel (သို႔) tea tree oil ကို သံုးစြဲၾကတယ္။ ေျခာကိေသြ႕တဲ့အေရျပားေတြမွာ ေရဓာတ္အေျခခံ toner ေတြသံုးၾကတယ္။ Aloe vera, vitamin E , chamomile extract ပါတာေတြအသံုးမ်ားတယ္။ Chamomile နဲ႕ marigold extracts ပါဝငိတာေတြက အသားေရကို ျဖဴေစၿပီး ဝက္ျခံမဲ(blackhead) ေတြမွာ အသံုးဝသိတယ္။ေဆးၾကာရွည္ခံေအာင္ထိန္းသိမ္းတဲ့ parabens ,citric acid , potassium sorbate စတာေတြက ဗက္တီးရီးယားေပါကိဖြားမႈကို ကာကြယ္ေပးတယ္။ Polysorbate-20 နဲ႕ castor oilေတြက toner ေတာ္ေတာ္မ်ားမ်ားမွာပါေလ့ရွိတယ္။
Toner ေတြကို အမ်ိဳးစားခြဲရင္ စုစုေပါင္း (၃)မ်ိဳး ရွိတယ္။
(1) Fresheners – ေျခာက္ေသြ႕တဲ့အသားအေရတြက္သင့္ေတာ္တယ္။ glycerin နဲ႕ hyaluronic acid ပါရင္ အစိုဓာတိထိန္းၿပီး အေရျပားေျခာက္ေသြ႕တာကို ကာကြယ္တယ္။ ပံုမွန္အားျဖင့္ အယ္ကိုေဟာသိပ္မပါပဲ ေရဓာတ္သာအဓိကထည့္ထားတယ္။ေယဘုယ် alcohol 10%ေအာက္မွာသာပါတယ္။
(2) Tonics – ပံုမွန္ (သို႔) အဆီျပန္တဲ့အသားေရမွာ သံုးႏိုင္တယ္။ အယ္ကိုေဟာ နညိးနည္းပါတယ္။ alcohol 20% ထိပါႏိုငိတယ္။
(3) Astringents – အယ္ကိုေဟာ အမ်ားႀကီးပါတယ္။ ပံုမွန္အားျဖင့္ alcohol 20-60 % ထိပါေလ့ရွိတယ္။ astringent toners ေတြက အဆီျပန္တဲ့ မ်က္ႏွာမွာ အသံုးဝငိတယ္။ ေနာက္ၿပီး ပိုးသတ္တဲ့အာနိသင္ရွိတယ္။
အာနိသင္မ်ား
အေရျပားမွာ ရွိတဲ့အညစ္ေၾကးေတြကို ဖယ္ရွားေပးၿပီး အဆီေပါက္ေတြကို က်ဥ္းေစတယိ။ အဆီျပန္ျခင္း ကင္းေစတယ္။ အေရျပားကို သန္႕စင္ေစတယ္။ အစိုဓာတ္ကိုထိန္းေပးလို႔ မ်က္ႏွာကို ဝင္းပၾကည္လင္ေစတယ္။မ်က္ႏွာသစ္ဆပ္ျပာက မဖယ္ရွားႏိုငိတဲ့ အဆီေတြနဲ႕ အညစ္ေၾကးေတြကို ဖယ္ရွားေပးတယ္။ ေနာက္ၿပီး ခ်ိဳးတဲ့ေရထဲမွာပါတဲ့ မေကာင္းတဲ့ဓာတ္ေတြကို ကာကြယ္ေပးတယ္။ဒါတင္မက မ်က္ႏွာအေရျပား pHကိုပါ ထိနိးသိမ္းေပးတယ္။
ဘယ္အခ်ိန္သံုးမလဲ
မနက္တႀကိမ္၊ ညတႀကိမ္ သံုးစြဲသင့္တယ္။ ညမွာထြက္တဲ့အဆီေတြကို မအိပ္ခင္ ဖယ္ရွားရမွာ ျဖစ္သလို မနက္မွာလည္း တႀကိမ္ ရွင္းလင္းရမယ္။ တိုနာလိမ္းတဲ့အခါ မ်က္ႏွာတျပင္လံုး အႏွံ႕သံုးဖို႔လိုတယ္။ ဂြမ္းစေလးနဲ႕ပြတ္ၿပီး သံုးႏိုင္တယ္။ မ်ကိႏွာေပၚျဖန္းနိင္တယ္။ မ်ကိႏွာmask အေနနဲ႔ အုပ္ၿပီးသံုးႏိုင္တယ္။
အိမ္တြင္း Toner လုပ္နည္း
ေရထမင္းစားဇြန္းဆယ္ဇြန္းယူၿပီး ေဆးဖက္ဝင္ witch hazel (astringent) ႏွစ္ဇြန္းနဲ႔ေရာပါ။ မ်က္ႏွာ သန္႔စင္ဖို႔ လက္ဖက္စိမ္းရြက္ဆီ ၅စက္ ခန္႔ ထည့္ပါ။ အဆီျပန္တဲ့အသားေရအတြက္ အရက္ ထမင္းစားဇြန္း ႏွစ္ဇြန္းထပ္ထည့္ပါ။ သမေအာင္ေမႊၿပီး ဆယ္မိနစ္ခန္႔ထားပါ။ ၿပီးရင္ သန႔္စင္တဲ့ ဂြမ္းစနဲ႔ မ်က္ႏွာကို လိမ္းႏိုင္ပါတယ္။
Toner အသံုးျပဳနည္း
အရင္ဆံုးမ်က္ႏွာကို ေရခပ္ေႏြးေႏြးသံုးၿပီး မ်က္ႏွာသစ္ဆပ္ျပာတမ်ိဳးမ်ိဴးနဲ႔ သန္႔စင္ပါ။ ၿပီးရင္ မ်က္ႏွာ ေျခာက္ေသြ႕ေအာင္ထားပါ။ ငါးမိနစ္ခန္႔ၾကာတဲ့အခါ မ်က္ႏွာျပင္အႏွံ႕ Toner ကို စတင္လိမ္းလို႔ရပါၿပီ။လိမ္းတဲ့အခါ ႏူးညံ့တဲ့ cotton pad ဂြမ္းစေလးနဲ႕ပြတ္ၿပီး သံုးရတယ္။ ၿပီးရင္ သံုးမိနစ္ခန္႔ ေျခာက္ေသြ႕ေအာင္ထားပါ။ အဆီျပန္တဲ့အသားေရမွာ အေပၚက AHA ပါတဲ့ လိမ္းေဆးတမ်ိဳး ထပ္လိမ္းပါ။ ၿပီးရင္ serum တခု အေပၚက ထပ္လိမ္းပါ။ ေနာက္ဆံုးက်မွ moisturizier ကို လိမ္းသင့္ပါတယ္။ သတိျပဳရမွာက moisturizier ဆိုတာ အစိုဓာတ္ထိန္း ပစၥည္းတမ်ိဳးျဖစ္ၿပီး မ်က္ႏွာမွာ အလႊာပါးတခုအေနနဲ႔ ဖံုးကြယ္ၿပီး ေရဓာတ္မဆံုးရံႈးေအာင္ ကာကြယ္ေပးမွာ ျဖစ္တယ္။ ဒါ့ေၾကာင့္ အဲဒီအေပၚမွာ ဘာပစၥည္းမွထပ္မလိမ္းသင့္ေတာ့ပါ။ တခ်ိဳ႕ အဆီျပန္လြန္းတဲ့ အသားအေရမွာ အစိုဓာတ္ထိန္းပစၥည္း moisturizier ေၾကာင့္ ပိုဆိုးလာတာလည္း ရွိႏိုင္တယ္။ ဒါ့ေၾကာင့္ သတိထားသံုးစြဲသင့္တယ္။
ေဒါက္တာ ေအးမင္းထူး
၁၆.၂.၁၆
[unicode]

ဒီဖက်ခေတ်မှာ လူတော်တော်များများ facial foam လို မျက်နှာသစ်ဆပ်ပြာတွေသုံးကြပေမယ့် တိုနာအကြောင်းကတော့ လူသိနည်းသေးတယ်။ အလှအပ ပစ္စည်းတွေထဲမှာ အသုံးဝင်တဲ့ Tonar အကြောင်း နည်းနည်းရေးပါမယ်။

Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

လူ့အရေပြားက အက်ဆစ်ဖက် နည်းနည်းကဲလေ့ရှိတယ်။ ပုံမှန်အားဖြင့် pH 6-7 ကြားရှိတယ်။ မကောင်းတာက မျက်နှာသစ်ဆပ်ပြာ သုံးပြီးတဲ့အခါ pH ပြောင်းလဲပြီး အယ်လ်ကာလီဖက် ရောက်သွားတယ်။ အဲလိုအချိန်မျိုးမှာ toner သုံးစွဲခြင်းကအရေပြား pHကို ပြန်လည်ထိန်းညှိပြီး ပုံမှန်အတိုင်း ဖြစ်စေတယ်။

Toner အများစုဟာ အဆီပြန်တဲ့အသားရေနဲ့ အထူးသင့်တော်တယ်။မျက်နှာအဆီပြန်ရင်ဝက်ခြံထွက်တာ လူတိုင်းသိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဆီတွေက လေထုထဲမှာ ရှိတဲ့ ဖုန်မွှားတွေကို တွယ်ကပ်စေတယ်။ အဲဒီဖုန်မွှားတွေက တဆင့် အဆီဂလင်းကိုသွားပိတ်ရင်း အထဲမှာ ဗက်တီးရီးယားပေါက်ဖွားပြီး ဝက်ခြံကို ဖြစ်စေတယ်။ တိုနာသုံးစွဲခြင်းက အဆီပြန်ခြင်း ကင်းစင်စေလို့ တောက်ပကြည်လင်တဲ့ မျက်နှာကို ပိုင်ဆိုင်စေမှာ ဖြစိတယ်။

Toner အများစုမှာ ရေ၊ အရက်ပြန်၊ အလှဆီ၊အသားရေတငိးရင်းစေတဲ့ ပစ္စည်း(ရှားစောင်းလက်ပပ်)၊ ဓာတုပစ္စည်း တမျိုးမျိုးပါလေ့ရှိတယ်။ တိုနာအများစုရဲ့ အခြေခံဟာ Alcohol ဖြစ်လို့ သုံးပြီးခြောက်သွားတဲ့အခါ အရေပြားမှာ စပ်ဖျဉ်းဖျဉ်း အေးစက်စက် ခံစားရတယ်။ Alcohol မပါတဲ့ tonerတွေမှာ witch hazel (သို့) tea tree oil ကို သုံးစွဲကြတယ်။ ခြောကိသွေ့တဲ့အရေပြားတွေမှာ ရေဓာတ်အခြေခံ toner တွေသုံးကြတယ်။ Aloe vera, vitamin E , chamomile extract ပါတာတွေအသုံးများတယ်။ Chamomile နဲ့ marigold extracts ပါဝငိတာတွေက အသားရေကို ဖြူစေပြီး ဝက်ခြံမဲ(blackhead) တွေမှာ အသုံးဝသိတယ်။ဆေးကြာရှည်ခံအောင်ထိန်းသိမ်းတဲ့ parabens ,citric acid , potassium sorbate စတာတွေက ဗက်တီးရီးယားပေါကိဖွားမှုကို ကာကွယ်ပေးတယ်။ Polysorbate-20 နဲ့ castor oilတွေက toner တော်တော်များများမှာပါလေ့ရှိတယ်။

Toner တွေကို အမျိုးစားခွဲရင် စုစုပေါင်း (၃)မျိုး ရှိတယ်။
(1) Fresheners – ခြောက်သွေ့တဲ့အသားအရေတွက်သင့်တော်တယ်။ glycerin နဲ့ hyaluronic acid ပါရင် အစိုဓာတိထိန်းပြီး အရေပြားခြောက်သွေ့တာကို ကာကွယ်တယ်။ ပုံမှန်အားဖြင့် အယ်ကိုဟောသိပ်မပါပဲ ရေဓာတ်သာအဓိကထည့်ထားတယ်။ယေဘုယျ alcohol 10%အောက်မှာသာပါတယ်။
(2) Tonics – ပုံမှန် (သို့) အဆီပြန်တဲ့အသားရေမှာ သုံးနိုင်တယ်။ အယ်ကိုဟော နညိးနည်းပါတယ်။ alcohol 20% ထိပါနိုငိတယ်။
(3) Astringents – အယ်ကိုဟော အများကြီးပါတယ်။ ပုံမှန်အားဖြင့် alcohol 20-60 % ထိပါလေ့ရှိတယ်။ astringent toners တွေက အဆီပြန်တဲ့ မျက်နှာမှာ အသုံးဝငိတယ်။ နောက်ပြီး ပိုးသတ်တဲ့အာနိသင်ရှိတယ်။

အာနိသင်များ
အရေပြားမှာ ရှိတဲ့အညစ်ကြေးတွေကို ဖယ်ရှားပေးပြီး အဆီပေါက်တွေကို ကျဉ်းစေတယိ။ အဆီပြန်ခြင်း ကင်းစေတယ်။ အရေပြားကို သန့်စင်စေတယ်။ အစိုဓာတ်ကိုထိန်းပေးလို့ မျက်နှာကို ဝင်းပကြည်လင်စေတယ်။မျက်နှာသစ်ဆပ်ပြာက မဖယ်ရှားနိုငိတဲ့ အဆီတွေနဲ့ အညစ်ကြေးတွေကို ဖယ်ရှားပေးတယ်။ နောက်ပြီး ချိုးတဲ့ရေထဲမှာပါတဲ့ မကောင်းတဲ့ဓာတ်တွေကို ကာကွယ်ပေးတယ်။ဒါတင်မက မျက်နှာအရေပြား pHကိုပါ ထိနိးသိမ်းပေးတယ်။

ဘယ်အချိန်သုံးမလဲ
မနက်တကြိမ်၊ ညတကြိမ် သုံးစွဲသင့်တယ်။ ညမှာထွက်တဲ့အဆီတွေကို မအိပ်ခင် ဖယ်ရှားရမှာ ဖြစ်သလို မနက်မှာလည်း တကြိမ် ရှင်းလင်းရမယ်။ တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံး အနှံ့သုံးဖို့လိုတယ်။ ဂွမ်းစလေးနဲ့ပွတ်ပြီး သုံးနိုင်တယ်။ မျကိနှာပေါ်ဖြန်းနိင်တယ်။ မျကိနှာmask အနေနဲ့ အုပ်ပြီးသုံးနိုင်တယ်။

အိမ်တွင်း Toner လုပ်နည်း
ရေထမင်းစားဇွန်းဆယ်ဇွန်းယူပြီး ဆေးဖက်ဝင် witch hazel (astringent) နှစ်ဇွန်းနဲ့ရောပါ။ မျက်နှာ သန့်စင်ဖို့ လက်ဖက်စိမ်းရွက်ဆီ ၅စက် ခန့် ထည့်ပါ။ အဆီပြန်တဲ့အသားရေအတွက် အရက် ထမင်းစားဇွန်း နှစ်ဇွန်းထပ်ထည့်ပါ။ သမအောင်မွှေပြီး ဆယ်မိနစ်ခန့်ထားပါ။ ပြီးရင် သန့်စင်တဲ့ ဂွမ်းစနဲ့ မျက်နှာကို လိမ်းနိုင်ပါတယ်။

Toner အသုံးပြုနည်း
အရင်ဆုံးမျက်နှာကို ရေခပ်နွေးနွေးသုံးပြီး မျက်နှာသစ်ဆပ်ပြာတမျိုးမျိူးနဲ့ သန့်စင်ပါ။ ပြီးရင် မျက်နှာ ခြောက်သွေ့အောင်ထားပါ။ ငါးမိနစ်ခန့်ကြာတဲ့အခါ မျက်နှာပြင်အနှံ့ Toner ကို စတင်လိမ်းလို့ရပါပြီ။လိမ်းတဲ့အခါ နူးညံ့တဲ့ cotton pad ဂွမ်းစလေးနဲ့ပွတ်ပြီး သုံးရတယ်။ ပြီးရင် သုံးမိနစ်ခန့် ခြောက်သွေ့အောင်ထားပါ။ အဆီပြန်တဲ့အသားရေမှာ အပေါ်က AHA ပါတဲ့ လိမ်းဆေးတမျိုး ထပ်လိမ်းပါ။ ပြီးရင် serum တခု အပေါ်က ထပ်လိမ်းပါ။ နောက်ဆုံးကျမှ moisturizier ကို လိမ်းသင့်ပါတယ်။ သတိပြုရမှာက moisturizier ဆိုတာ အစိုဓာတ်ထိန်း ပစ္စည်းတမျိုးဖြစ်ပြီး မျက်နှာမှာ အလွှာပါးတခုအနေနဲ့ ဖုံးကွယ်ပြီး ရေဓာတ်မဆုံးရှုံးအောင် ကာကွယ်ပေးမှာ ဖြစ်တယ်။ ဒါ့ကြောင့် အဲဒီအပေါ်မှာ ဘာပစ္စည်းမှထပ်မလိမ်းသင့်တော့ပါ။ တချို့ အဆီပြန်လွန်းတဲ့ အသားအရေမှာ အစိုဓာတ်ထိန်းပစ္စည်း moisturizier ကြောင့် ပိုဆိုးလာတာလည်း ရှိနိုင်တယ်။ ဒါ့ကြောင့် သတိထားသုံးစွဲသင့်တယ်။

ဒေါက်တာ အေးမင်းထူး
၁၆.၂.၁၆

Facebook Comments
 

Post Author: admin

Leave a Reply

Your email address will not be published. Required fields are marked *