တင္းတိပ္နဲ႔ မတည့္တဲ့ အစားအစာမ်ား

 

 

[zawgyi]

အီစတိုဂ်င္ ဓာတ္မ်ားျခင္းဟာ တင္းတိပ္ထြက္တာနဲ႔ ဆက္စပ္ေနပါတယ္။ ေသြးတြင္း အီစတိုဂ်င္ထက္ ခႏၶာကိုယ္ျပင္ပက ဝင္လာတဲ့ အီစတိုဂ်င္ဓာတ္မ်ားတဲ့ အစားအစာေတြေၾကာင့္ အဓိကျဖစ္ေစတယ္။ ဒါ့ေၾကာင့္ အလြယ္မွတ္ရင္ အီစတိုဂ်င္မ်ားတဲ့ အစားအေသာက္ေတြဟာ တင္းတိပ္သမားနဲ႔ မတဲ့ပါဘူး။ ေရွာင္ရမယ့္ အစားအေသာက္ေတြက္ု ေအာက္မွာေဖာ္ျပလိုက္ပါတယ္။

(၁) ေပါင္မုန္႔
(၂) ဂ်ံဳ
(၃) ပဲႏို႔
(၄) တု႔ိဖူး
(၅) စပ်စ္သီးေျခာက္
(၆) စားေတာ္ပဲ
(၇) ႏွမ္းေစ့
(၈) ႏွမ္းၾကတ္ေစ့
(၉) ပဲစိမ္း
(၁၀) ပဲသီး၊ ပဲေတာင့္ရွည္
(၁၁) ေျပာင္း၊ အေစ့အဆန္
(၁၂) အုတ္ဂ်ံဳ
(၁၃) လူဆန္ပဲပင္(alfalfa)
(၁၄) အရက္၊ ဝိုင္
(၁၅) ဂ်င္ဆင္းအားေဆး

(အီစတိုဂ်င္ပါတဲ့ COC တားေဆးေတြလည္း ေရွာင္သင့္ပါတယ္)

ေဒါက္တာ ေအးမင္းထူး
၂၃.၁၂.၁၇

 

[unicode]

အီစတိုဂျင် ဓာတ်များခြင်းဟာ တင်းတိပ်ထွက်တာနဲ့ ဆက်စပ်နေပါတယ်။ သွေးတွင်း အီစတိုဂျင်ထက် ခန္ဓာကိုယ်ပြင်ပက ဝင်လာတဲ့ အီစတိုဂျင်ဓာတ်များတဲ့ အစားအစာတွေကြောင့် အဓိကဖြစ်စေတယ်။ ဒါ့ကြောင့် အလွယ်မှတ်ရင် အီစတိုဂျင်များတဲ့ အစားအသောက်တွေဟာ တင်းတိပ်သမားနဲ့ မတဲ့ပါဘူး။ ရှောင်ရမယ့် အစားအသောက်တွေက်ု အောက်မှာဖော်ပြလိုက်ပါတယ်။

(၁) ပေါင်မုန့်
(၂) ဂျုံ
(၃) ပဲနို့
(၄) တို့ဖူး
(၅) စပျစ်သီးခြောက်
(၆) စားတော်ပဲ
(၇) နှမ်းစေ့
(၈) နှမ်းကြတ်စေ့
(၉) ပဲစိမ်း
(၁၀) ပဲသီး၊ ပဲတောင့်ရှည်
(၁၁) ပြောင်း၊ အစေ့အဆန်
(၁၂) အုတ်ဂျံု
(၁၃) လူဆန်ပဲပင်(alfalfa)
(၁၄) အရက်၊ ဝိုင်
(၁၅) ဂျင်ဆင်းအားဆေး

(အီစတိုဂျင်ပါတဲ့ COC တားဆေးတွေလည်း ရှောင်သင့်ပါတယ်)

ဒေါက်တာ အေးမင်းထူး
၂၃.၁၂.၁၇

Facebook Comments
 

Post Author: admin