ငါးမိနစ္အတြင္း မ်က္ႏွာအဆီခ်ရေအာင္

မ်က္ႏွာအဆီခ်ဖို႕ တကယ္ေတာ့ သိပ္မခက္ပါဘူး။ လုပ္တတ္ရင္ အိမ္မွာတင္အလြယ္ျပဳလုပ္လို႕ရပါတယ္။ ဒီနည္းက အခ်ိန္ သိပ္မေပးရသလို ေငြကုန္ေၾကးက်လည္း သက္သာေစတယ္။ ကံေကာင္းရင္ မ်က္ႏွာသြင္ျပင္ကိုေတာင္ အနည္းနဲ႕အမ်ားဆိုသလို ေျပာင္းလဲေစႏိုင္တယ္။ မ်က္ႏွာၿပဲသူ၊မ်က္ႏွာဝိုင္းသူ၊မ်က္ႏွာ အဆီျပင္မ်ားသူေတြအတြက္ အထူးသင့္ေတာ္တဲ့နည္းတခုျဖစ္ပါတယ္။ မ်က္ႏွာအဆီခ်ဖို႕ ေႂကြဇြန္းနဲ႕ facial lift cream တမ်ိဳးမ်ိဳးလိုအပ္ပါတယ္။ facial lift cream ဆိုတာေတာ့ အားလံုးသိၾကမွာပါ။ မ်က္ႏွာတင္းရင္းေအာင္ ျပဳျပင္တဲ့ေဆးျဖစ္တယ္။ cream မရွိရင္ ဗီတာမင္အီးလို အဆီကို လိမ္းၿပီး ႏွိပ္ေပးလို႕လည္းရတယ္။ ဒါမွမရရင္ သံလြင္ဆီကိုသံုးပါ။ လိုရင္းက မ်က္ႏွာေခ်ာေမြ႕ေစမယ့္ အဆီ(ပ႐ုတ္ဆီမပါ)တခုခုသံုဖို႕သာျဖစ္တယ္။ ဇြန္းေရြးတဲ့အခါ ေႂကြဇြန္းက အေကာင္းဆံုးျဖစ္တယ္။ သံုးတဲ့အခါ ဇြန္းကို ေမွာက္ထားၿပီး ေဘးေဇာင္းမ်က္ႏွာျပင္နဲ႕ ဖိဆြဲေပးရမွာ ျဖစ္တယ္။ ဖိဆြဲတဲ့အခါ ေအာက္ကေန အေပၚဖက္ကို ဦးတည္ၿပီး ဆြဲေပးပါ။ ဇြန္းမရွိတဲ့အခါ လက္ညိႈးက္ို “ဂငယ္”ပံုေကြးၿပီး အသံုးျပဳလို႕လည္း ရတယ္။

ျပဳလုပ္နည္းအဆင့္ဆင့္

(၁)ေႂကြဇြန္းသံုးၿပီး လည္ပင္းေအာက္ေျခကေန အထက္ဖက္ေမး႐ိုးဆီကို ဖိဆြဲပါ။ အတင္းဖိမဆြဲရပါ။ တဖက္ကို ၁၀ႀကိမ္ဆီခန္႕ျပဳလုပ္ပါ။

(၂)ေမးေစ့ေအာက္ေျခကေန ဘယ္ဖက္ ေမး႐ိုးတေလွ်ာက္ ေအာက္ကေန အထက္ဖက္ ဖိၿပီး ဆြဲပါ။ ဆယ္ႀကိမ္လုပ္ပါ။ တျခားဖက္ကိုလည္း အထက္ပါအတိုင္း (၁၀)ႀကိမ္လုပ္ပါ။

(၃)ေမးေစ့ကေန ပါးျပင္ဆီ ေအာက္မွအထက္သို႕ ဖိ၍ ဆြဲတင္ပါ။ တခါကို (၁၀)ႀကိမ္လုပ္ပါ။ တျခားဖက္ကိုလည္း အလားတူလုပ္ပါ။

(၄)ပါးစပ္ေဘးကေန ပါး႐ိုးထိ ဇြန္းသံုးၿပီး အထက္မွ ေအာက္သို႕ ဆယ္ႀကိမ္ခန္႕ ခပ္ျဖည္းျဖည္းဖိဆြဲပါ။ တျခားဖက္ကို အထက္ပါအတိုင္း လုပ္ပါ။

(၅)ႏွာတံေဘးကေန ပါးျပင္တေလွ်ာက္ နားထင္ဖက္ဆီကို ခပ္သာသာ ဆယ္ႀကိမ္ခန္႕ ဖိဆြဲပါ။ တျခားဖက္ကိုလည္း အထက္ပါအတိုင္း လုပ္ပါ။

(၆)နဖူးတေလွ်ာက္ ေအာက္မွအထက္သို႕ အႀကိမ္(၂၀)ခန္႕ ဖိဆြဲပါ။ သတိျပဳရမွာက မ်က္ႏွာကို ႏွိပ္တဲ့အခါ ေအာက္ဖက္ကေန အထက္ကို ဖိဆြဲေပးရမွာ ျဖစ္တယ္။ ဖိအားသင့္တင့္ရံုသာသံုးပါ။ ဖိအားကို အဆီျပင္ထိေရာက္ပါေစ။ တရက္ကို မနက္အိပ္ရာထနဲ႕ ညမအိပ္မွီ ငါးမိနစ္ခန္႕ျပဳလုပ္ေပးဖို႕ လိုပါတယ္။

အဆီပိုကင္းၿပီး လွပတဲ့မ်က္ႏွာေလး ပိုင္ဆိုင္ႏိုင္ၾကပါေစ…..

ေဒါက္တာ ေအးမင္းထူး

 

[Unicode]

မျက်နှာအဆီချဖို့ တကယ်တော့ သိပ်မခက်ပါဘူး။ လုပ်တတ်ရင် အိမ်မှာတင်အလွယ်ပြုလုပ်လို့ရပါတယ်။ ဒီနည်းက အချိန် သိပ်မပေးရသလို ငွေကုန်ကြေးကျလည်း သက်သာစေတယ်။ ကံကောင်းရင် မျက်နှာသွင်ပြင်ကိုတောင် အနည်းနဲ့အများဆိုသလို ပြောင်းလဲစေနိုင်တယ်။ မျက်နှာပြဲသူ၊မျက်နှာဝိုင်းသူ၊မျက်နှာ အဆီပြင်များသူတွေအတွက် အထူးသင့်တော်တဲ့နည်းတခုဖြစ်ပါတယ်။

မျက်နှာအဆီချဖို့ ကြွေဇွန်းနဲ့ facial lift cream တမျိုးမျိုးလိုအပ်ပါတယ်။ facial lift cream ဆိုတာတော့ အားလုံးသိကြမှာပါ။ မျက်နှာတင်းရင်းအောင် ပြုပြင်တဲ့ဆေးဖြစ်တယ်။ cream မရှိရင် ဗီတာမင်အီးလို အဆီကို လိမ်းပြီး နှိပ်ပေးလို့လည်းရတယ်။ ဒါမှမရရင် သံလွင်ဆီကိုသုံးပါ။ လိုရင်းက မျက်နှာချောမွေ့စေမယ့် အဆီ(ပရုတ်ဆီမပါ)တခုခုသုံဖို့သာဖြစ်တယ်။ ဇွန်းရွေးတဲ့အခါ ကြွေဇွန်းက အကောင်းဆုံးဖြစ်တယ်။ သုံးတဲ့အခါ ဇွန်းကို မှောက်ထားပြီး ဘေးဇောင်းမျက်နှာပြင်နဲ့ ဖိဆွဲပေးရမှာ ဖြစ်တယ်။ ဖိဆွဲတဲ့အခါ အောက်ကနေ အပေါ်ဖက်ကို ဦးတည်ပြီး ဆွဲပေးပါ။ ဇွန်းမရှိတဲ့အခါ လက်ညှိုးက်ို “ဂငယ်”ပုံကွေးပြီး အသုံးပြုလို့လည်း ရတယ်။

ပြုလုပ်နည်းအဆင့်ဆင့်
(၁)ကြွေဇွန်းသုံးပြီး လည်ပင်းအောက်ခြေကနေ အထက်ဖက်မေးရိုးဆီကို ဖိဆွဲပါ။ အတင်းဖိမဆွဲရပါ။ တဖက်ကို ၁၀ကြိမ်ဆီခန့်ပြုလုပ်ပါ။
(၂)မေးစေ့အောက်ခြေကနေ ဘယ်ဖက် မေးရိုးတလျှောက် အောက်ကနေ အထက်ဖက် ဖိပြီး ဆွဲပါ။ ဆယ်ကြိမ်လုပ်ပါ။ တခြားဖက်ကိုလည်း အထက်ပါအတိုင်း (၁၀)ကြိမ်လုပ်ပါ။
(၃)မေးစေ့ကနေ ပါးပြင်ဆီ အောက်မှအထက်သို့ ဖိ၍ ဆွဲတင်ပါ။ တခါကို (၁၀)ကြိမ်လုပ်ပါ။ တခြားဖက်ကိုလည်း အလားတူလုပ်ပါ။
(၄)ပါးစပ်ဘေးကနေ ပါးရိုးထိ ဇွန်းသုံးပြီး အထက်မှ အောက်သို့ ဆယ်ကြိမ်ခန့် ခပ်ဖြည်းဖြည်းဖိဆွဲပါ။ တခြားဖက်ကို အထက်ပါအတိုင်း လုပ်ပါ။
(၅)နှာတံဘေးကနေ ပါးပြင်တလျှောက် နားထင်ဖက်ဆီကို ခပ်သာသာ ဆယ်ကြိမ်ခန့် ဖိဆွဲပါ။ တခြားဖက်ကိုလည်း အထက်ပါအတိုင်း လုပ်ပါ။
(၆)နဖူးတလျှောက် အောက်မှအထက်သို့ အကြိမ်(၂၀)ခန့် ဖိဆွဲပါ။ သတိပြုရမှာက မျက်နှာကို နှိပ်တဲ့အခါ အောက်ဖက်ကနေ အထက်ကို ဖိဆွဲပေးရမှာ ဖြစ်တယ်။ ဖိအားသင့်တင့်ရုံသာသုံးပါ။ ဖိအားကို အဆီပြင်ထိရောက်ပါစေ။ တရက်ကို မနက်အိပ်ရာထနဲ့ ညမအိပ်မှီ ငါးမိနစ်ခန့်ပြုလုပ်ပေးဖို့ လိုပါတယ်။

အဆီပိုကင်းပြီး လှပတဲ့မျက်နှာလေး ပိုင်ဆိုင်နိုင်ကြပါစေ…..

ဒေါက်တာ အေးမင်းထူး

Facebook Comments
 

Post Author: admin

Leave a Reply

Your email address will not be published. Required fields are marked *